MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

ရွေညဝါ ဆရာတော် အလုပ်သမားတွေကို ဆက်လက်ကူညီ

2012-05-26
အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေကို တောင်းဆို ဆန္ဒပြနေတဲ့ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုံမှာ ရှိတဲ့ Yangon Crown ရန်ကုန်သရဖူ သံမဏိစက်ရုံက အလုပ်သမားတွေကို ရွှေည၀ါဆရာတော်က တနေ့ ထမင်းနှစ်နပ်စာ ဒီနေ့လည်း ဆက်လက်လှူဒါန်း ပါတယ်။
RFA
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင်နာယက ရွှေညဝါဆရာတော် အရှင်ပညာသီဟ။
အခြေခံလစာ နည်းနေတာ ပြန်ညှိနှိုင်းဖို့၊ အချိန်ပိုလုပ်အားခ သတ်မှတ်ပေးဖို့၊ ခွင့်ရက်နဲ့ ပိတ်ရက်တွေ ညှိနှိုင်းပေးဖို့၊ အစိုးရ ရုံးပိတ်ရက်တွေကို အလုပ်ပိတ်ရက် သတ်မှတ်ပေးဖို့ အပါအ၀င် အချက် ၁၃ ချက်ကို
အလုပ်သမားတွေ  စတင်တောင်းဆို ဆန္ဒပြတဲ့  မေလ ၂၁ ရက် ကတည်းက အခုလို သူကလှူဒါန်း နေတာဖြစ်တယ်လို့  ဆရာတော်က  မိန့်ပါတယ်။
တိုက်ကြီးမြို့ MGE  အထည်ချုပ်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေကိုတော့ အရင်နေ့တွေမှာ ဆရာတော်က ထမင်းနှစ်နပ် လှူဒါန်းနေပြီး တခြား အလှူရှင်တွေက ဒီနေ့ လှူဒါန်းတယ်လို့ သိရပါတယ်။
Yangon Crown   စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေ တောင်းဆိုတာကို ဆက်လက် ငြင်းပယ်တာကို တုန့်ပြန်တဲ့အနေနဲ့  အလုပ်သမား ခေါင်းဆောင်တွေ မနေ့က စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေပါတယ်။ ရေရှည်မှာ ကျန်းမာရေး ထိခိုက်ပြီး အလုပ်သမားအရေး ဆက်လက် လုပ်ဆောင်ရာမှာ ထိခိုက်မှာကို စိုးရိမ်ရတဲ့အတွက် အစာငတ်ခံ ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ဖို့ အစီအစဉ်တွေကိုလည်း ညှိနှိုင်းနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။