MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ပြန်လည်ရရှိသဖြင့် ရန်ကုန်မြို့ရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးမည်ဟု သိရ

ရပ်နားထားသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ပေး စက်ရုံများအတွက် သုံးစွဲရန် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၇၈ သန်း ပြန်လည်ရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူများကို ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ လျှပ်စစ်မီးပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က မေလ ၂၉ ရက်နေ့တွင် ပြောကြားခဲ့သည်။''အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီးရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် ရန်ကုန်မြို့အတွင်းမှာရှိတဲ့ အများပြည်သူကို လျပ်စစ်ဓာတ်အား ပိုပေးမယ်။ ည ၁၁ နာရီကနေ မနက်
၅နာရီအထိ အများပြည်သူကို ညစဉ် လျှပ်စစ်မီး ပေးသွားပါမယ်''ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလုံ၊ လှော်ကား၊ သာကေတ၊ ရွာမမြို့နယ်များ၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများရှိပြီး ၎င်းတို့မှာ လည်ပတ်လျက်ရှိသည်။ နယ်မြို့များရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအချို့မှာ သဘာဝဓာတ်ငွေ့ မရရှိမှုကြောင့် ရပ်နား ထားရကြောင်း သိရှိရသည်။


အခု သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ တစ်နေ့ကို ကုဗပေ ၁၇၈ သန်းအထိ စွမ်းအင်ဝန်ကြီးဌာနကနေ တိုးပြီး ရရှိလာပါတယ်။ အဲဒီအခါမှာ တစ်ပြည်လုံးမှာရှိတဲ့ သဘာဝဓာတ် ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု ၃၉၅ မဂ္ဂါဝပ်အထိ တက်လာတယ်။ အဲဒါကြောင့် .  .  .
ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ၂၃၀ ကေဗွီ ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၈၊ ၁၉ ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ် ခန့်ကို မရရှိတော့သဖြင့် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများ ပြည်သူများကို အလှည့်ကျ မီးပေးစနစ်ဖြင့် လျှပ်စစ်မီးပေးဝေခဲ့ရကြောင်း သိရှိရသည်။

လျှပ်စစ်တာဝါတိုင်များ ပြန်လည်ပြုပြင်ရာတွင် ရွှေလီ-မန်စံ ဓာတ်အားလိုင်းမှ တာဝါတိုင်အမှတ် ၇၃၊ ၂၀၆၊ ၂၀၈ နှင့် ကွန်ကရစ်တိုင် အမှတ် ၂၄၉ အား ပြန်လည်ပြင်ဆင်မှု လုပ်ငန်းများ ၁၀၀ ရာနှုန်း ပြီးစီးသွားပြီဖြစ်ကြောင်း၊ တာဝါတိုင်အမှတ် ၂၀၇ ပြုပြင်မှုမှာ ၆၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မေလ ၂၉ ရက်နေ့က အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။







NE

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။