ကျောင်းအပ်ချိန်တွင် ကျောင်းဝင်ကြေးပိုကောက်သော ဆရာ/မ များကို အလုပ်ဖြုတ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မြအေးကပြောကြားလိုက်သည်။ “ဟိုတစ်နေ့ကပဲ အစည်းအဝေး ခေါ်ပြီးပြီ မြို့ နယ်ပညာ ရေးမှူး တွေကိုလည်း ခေါ်ထားပါတယ်၊ နောက်မလုပ်ရဘူး ညွှန်ကြားပြီးသားပါ တိုင်းပညာရေးမှုးတွေ ကျောင်းအုပ်ကြီးတွေအားလုံးသိပြီးသားပါ ”ဟု ယင်းကပြောကြားသည်။“ကျွန်တော်တို့ဆီကို တိုင်စာပို့လိုက်ပါ ပို့လည်းပို့ပါတယ် တိတိကျကျသိရင် တိုင်လိုက်ပါ၊ ကျွန်တော်တို့က မူဝါဒချပြီးပြီ ဒါကို မလုပ်ရဘူး စနစ်ကပြောင်းနေပြီ ” ဟုဆက်လက်ပြောသည်။ “မသမာလုပ်ရပ်ကတော့ ကျွန်တော်သည်းမ ခံပါဘူး ဒီမိုကရေစီ ခေတ်မှာ ထင်သာမြင်သာ ဖြစ်အောင်
လုပ်ရပါ့မယ်” ယင်းကဆက်လက်ပြောသည်။
ရန်ကုန်တိုင်းမ်
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Monday, May 28, 2012
ကျောင်းဝင်ကြေး ပိုကောက်သော ဆရာ/မ များကို အလုပ်ဖြုတ်မည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment