MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

လျှပ်စစ်မီးရရှိရန် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှုများ ဆက်လက်ပြုလုပ်နေ



7344

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး အပါအ၀င် နယ်မြို့ကြီးများတွင် လျှပ်စစ်မီးရရှိရန် ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုများဆက်လက် ပြုလုပ်နေကြောင်း သိရှိရသည်။
လျှပ်စစ်မီးရရှိရန် ဖယောင်တိုင်ထွန်း ဆန္ဒပြမှုများသည် မန္တလေး တိုင်းဒေသကြီး အတွင်းမှ မတ်လ ၂၀ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအပါအ၀င် အခြားနယ်မြို့ ကြီးများ၌ပါ
ဆက်လက်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။
လျှပ်စစ်မီးရရှိရန် ဖယောင်းတိုင်ထွန်း ဆန္ဒဖော်ထုတ်မှုများကို မေ လ ၂၀ရက်နေ့တွင် မန္တလေးတိုင်းဒေ သကြီးအတွင်း မေလ ၂၂ရက်နေ့မှ ၂၆ရက်နေ့အထိ ၎င်း၊ရန်ကုန်တိုင်း ဒေသကြီးအတွင်း (ရန်ကုန်မြို့တော် ခန်းမ၀န်းကျင်နေရာများ)မေလ ၂၃ရက်နေ့မှ ၂၅ ရက်နေ့အထိ၎င်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းတွင် မေလ ၂၂၊၂၃ ၂၄ရက်နေ့တွင် လည်းကောင်း၊ ပြည်မြို့တွင် ၂၂၊၂၃ရက်တွင်လည်း ကောင်း၊ မုံရွာတွင် ၂၁ရက်နေ့၌ လည်းကောင်း၊ ပုသိမ်တွင်၂၅၊၂၆ ရက်နေ့များတွင်လည်းကောင်း၊ မေလ၂၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်စသည့် နေရာများတွင် ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုများကို ပြုလုပ်သည့် အချိန်အများစု မှာ ည ၇နာရီဝန်းကျင်အချိန် ဖြစ်ကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူတစ်ဦးက “လျှပ်စစ်မီးပျက်တဲ့ ဒုက္ခကပြည်သူတွေ ခံစားနေရတယ်။ ဒီဒုက္ခကိုပြည်သူတွေကပြန်ပြီး ဆန္ဒထုတ်ဖော်တာပါ။ မီးပျက်တဲ့သောက အမြန်ဆုံးဖြေဖျောက်ပေးပါလို့ သမ္မတကြီးကို မေတ္တာရပ်ခံပါတယ်”ဟု ပြောကြားခဲ့သည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။