MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 25, 2012

လက်မှတ်အတုများဖြင့် မြို့တော်စည်ပင်မှ လယ်ယာမြေများကို ဖျက်ဆီး


ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၊ သရက်ပင်ချောင် ကျေးရွာ၊ ကွင်းအမှတ် ၁၁၂၅ ရှိ လယ်ယာမြေများကို လယ်သမား လက်မှတ်အတုလွှဲစာဖြင့် ယမန်နေ့က စည်ပင်သာယာရေး ၀န်ထမ်းများ တူးဖော် ဖျက်ဆီးလျက်ရှိကြောင်း အဆိုပါရွာရှိ လယ်သမား များကပြောသည်။စည်ပင်သာယာရေးမှ  ၀န်ထမ်းများသည် သရက်ပင်ချောင်ကျေးရွာနေ လယ်သမား ၁၇ ဦးပိုင် လယ်မြေဧက ၉၀ အား မြေကွက်ဖော်ရန်ဟုဆိုကာ မြေတူးစက်များဖြင့် တူးဖော်ဖျက်ဆီးကြခြင်းဖြစ်ကြောင်း ၎င်းတို့က YPI သို့ပြောသည်။ယင်းကျေးရွာမှ လယ်သမား ဦးလှသောင်းက “ သူတို့တွေက အထက်က အမိန့်ဆိုပြီးတူးတာဗျ။ ကျွန်တော်တို့ကတားတော့ သူတို့ဘက်က ဘာမှလုပ်မပေးနိုင်ဘူးလို့ပြောတယ်”
ဟု ပြောသည်။

ထိုသို့မြေကွက်တူးဖော်ရာတွင် အဆိုပါလယ်ယာမြေများကို ပိုင်ဆိုင်သည့် လယ်သမား ၁၇ ဦး၏ လက်မှတ်များပါသည့် လယ်ယာမြေလွှဲစာများကို စည်ပင်သာယာရေးတာဝန်ခံ ဦးသောင်းညွန့်က ထုတ်ပြခဲ့ကြောင်း၊ သို့သော် ယင်းလွှဲစာများတွင် ပါဝင်သည့် လက်မှတ်များမှာ လယ်သမားများ၏ လက်မှတ်များမဟုတ်ဘဲ အတုများဖြစ်သဖြင့် ဦးသောင်းညွန့်အား တရားစွဲဖို့ စီစဉ်လျက်ရှိကြောင်း လယ်သမားများကပြောသည်။

လယ်သမားတစ်ဦးဖြစ်သည့် ဦးထွန်းဦးက “ သူ့ဘာသာစာထုတ်ပြီး သူ့ဘာသာ လက်မှတ်အတုထိုးထားတာကို ကျွန်တော်တို့ ရဲ့ လွှဲစာဆိုပြီး ပြတာ။ အဲဒီလိုလက်မှတ်လိမ်ထိုးတဲ့အတွက် သူ့ကို တရားစွဲဖို့စီစဉ်နေပါတယ် ” ဟုပြောသည်။
ယခုတူးဖော်လျက်ရှိသည့် လယ်ယာမြေများပေါ်တွင် စည့်ပင်သာယာမှ မြေကွက်ရိုက်၍ အခြားသူများအား ရောင်းချထားပြီဟု ကြားသိရကြောင်း လယ်သမားများကပြောသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍ ဦးလှသောင်းက “ ကျွန်တော်တို့တစ်သက်လုံး လယ်ပဲလုပ်လာတာ။ လယ်ဆိုတာ ကျွန်တော်တို့ရဲ့ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အကုန်လုံးနဲ့သက်ဆိုင်တယ်။ လယ်ကို အခုလို မတရားသိမ်းတယ်ဆိုတာ ကျွန်တော်တို့ဘ၀တွေကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ” ဟုပြောသည်။

ယမန်နေ့က ပြုလုပ်သည့် ဆန်စပါးဆိုင်ရာ ဆွေးနွေးပွဲတခု၌ မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ သုတေသနတာဝန်ခံ ဒေါက်တာစိုးထွန်းက ယခု ပြဋ္ဌာန်းပြီးဖြစ်သည့် လယ်ယာမြေဥပဒေ အရ လယ်ယာမြေများအား ပြန်လည်မှတ်ပုံတင်သည့်အချိန်တွင်  လက်ငုတ်လက်ရင်းလုပ်ကိုင်နေသည့် လယ်သမားများအစား ငွေရှင်များနှင့် နိုင်ငံခြားသားများ ရယူသွားနိုင်သဖြင့် စောင့်ကြည့်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ကုန်ခဲ့သည့် တနှစ်ကျော်ကာလအတွင်း လယ်ယာမြေ သိမ်းဆည်းမှုနှင့် ပတ်သက်သည့် တိုင်ကြားမှုများ၊ တရားစွဲဆိုမှုများ ဆက်တိုက်ဆိုသလို ပေါ်ထွက်လျှက်ရှိရာ အချို့မှာ လတ်တလော သိမ်းဆည်းခံရသည့် အမှုကိစ္စဖြစ်ပြီး အချို့သောအမှုကိစ္စများမှာ နှစ်အတန်ကြာက သိမ်းဆည်းခံခဲ့ရသည့် ကိစ္စများဖြစ်ကာ  နစ်နာသော လယ်ပိုင်ဆိုင်သူများက ယခုအခါမှ ထုတ်ဖေါ်တိုင်ကြားလာသည့် ကိစ္စရပ်များဖြစ်သည်။   



မေလ ၂၅ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။