MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

ရွှေကုမ္ပဏီ ၃၀၀ အား သတ္တုတွင်းဝန်ကြီးဌာနက သတိပေး


 
gold
ချင်းမိုင်(မဇ္စျိမ) ။        ။ ပြည်နယ်နှင့်တိုင်းအလိုက် ရွှေထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၃၀၀ ကို သတ်မှတ်ထားသည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနမှ ဆက်တိုက် သတိပေးလိုက်သည်။ရွှေသတ္တု အသေးစားတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ထိုကုမ္ပဏီများသည် ၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးနှင့်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ဘာဏ္ဍာရေးနှစ်အထိ
သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်းတို့ကြောင့် မေလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းကြရန် မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်းသတင်းစာမှတဆင့် သတိပေးကြေညာသည်။

ထိုသို့ အပြည့်မပေးနိုင်ရခြင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် ဖြစ်ကြောင်း ပင်လယ်နေကြယ် ကုမ္ပဏီပိုင်ရှင်ဖြစ်သည့် ကချင်ပြည်နယ် ဆွမ်ပရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်တန်က ပြောသည်။
“ကျနော်တို့က တတ်နိုင်သလောက်တော့ ထည့်တာပဲ။ ကျနော်တို့လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ရတာပဲ။ ရွှေလည်း မထွက်၊ အခက်အခဲတွေက အမျိုးမျိုးပဲ။ ရေကြီးလို့ ရွှေမတူးနိုင်တာတမျိုး။ နိုင်ငံရေးကြောင့် တိုက်ပွဲတွေ ဖြစ်တာကကြောင်း။ အဲဒါတွေကြောင့် ကျနော်တို့ မထည့်နိုင်တာ”ဟု မဇ္ဈိမကို ပြောသည်။

၎င်း၏ကုမ္ပဏီမှာ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင်ကျပ်သား ၃၃ဝ ကျော် ကျန်ရှိနေသေးသည်ဟု သတင်းစာတွင်
ဖော်ပြပါရှိသည်။

“ကျနော်တို့ (ဝန်ကြီးဌာနနှင့်ချုပ်ဆိုသည့်) စာချုပ်မှာ ဥပဒေအရဆိုရင်တော့ ရေ၊ လေ၊ မြေပြိုခြင်း တားဆီးလို့ မရတဲ့ ရန်သူများကို မြင်နိုင်၊ မမြင်နိုင်တဲ့ ရန်သူများကို နှစ်ဦးနှစ်ဖက် ခွင့်လွတ်ရမယ်ဆိုပြီးတာ စာချုပ်မှာပါတယ်” ဟု ဦးခမိုင်တန် က ဆက်ပြောသည်။

ရွှေကုမ္ပဏီနှင့် သတ္တတွင်းဝန်ကြီးဌာနတို့ သဘောတူညီချက်၌ ဧက ၂ဝ မှာ ရွှေလုပ်ကွက်တခုအတွက် တလလျှင် သန့်စင်ပြီးရွှေ ၂ ကျပ်သားနှုန်းဖြင့် တနှစ်အတွက် ရွှေစင်သတ္တု ၂၄ ကျပ်သား နိုင်ငံတော်အစိုးရသို့ ပေးဆောင်ရသည်ဟု ပါရှိသည်။

ဝန်ကြီးဌာနမှ သတိပေးကြေညာချက်ထုတ်ပြန်ခံရသည့် ကုမ္ပဏီ ၃ဝဝ မှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ရွှေတူးဖော်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြသည်။

ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်များကို မေလ ၃ဝ ရက်နေအထိ လာရောက် မပေးဆောင်ပါက သက်ဆိုင်ရာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကိုလည်း အမည်ပျက်စာရင်း (Black list) အဖြစ် ကြေငြာသွားမည် ဖြစ်ကြောင်း သတ္ထုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းက သတိပေးလိုက်သည်။

အများဆုံး ပေးဆောင်ရန် ကျန်ရှိနေသည့် ကုမ္ပဏီမှာ ကရင်ပြည်နယ်ရှိ ဒေါ်နန်းနုနုထွေး၏ မြတ်အိနြေ္ဒ ကုမ္ပဏီဖြစ်ပြီး
ပေးဆောင်ရန် ရွှေစင် ၁,၁၅၃.၁၈ ကျပ်သား ဖြစ်ကြောင်း သိရသည်။



မဇ္စျိမ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။