MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း

2012-05-22
မန္တလေးမြို့ ၂၄ နာရီ မီးလင်းရေးအတွက် မေလ (၂၀) ရက်နေ့ကစတင်ပြီး နှစ်ရက်ဆက်တိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေက ဒီကနေ့ မနက်အစောကြီးကတည်းက စတင် ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
RFA
မန္တလေးမြို့ ၂၄ နာရီမီးလင်းရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ တချို့ကို မေလ(၂၀)ရက်နေ့က တွေ့ရစဉ်။
စာရေးဆရာ ညီပုလေး၊ စာနယ်ဇင်းသမား မင်းထက်ငြိမ်းချမ်းနဲ့ ဥက္ကာကျော်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဇော်ဝင်းအောင်၊ ဦးလှမိုး၊ ဦးချစ်တင်၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်အမာနီ၊ ကိုစောလှအောင်၊ ကိုဘကြီးအောင် စတဲ့သူတွေအပါအဝင် (၁၀) ဦးကျော်လောက်ကို ဒီမနက် (၅)
နာရီလောက်ကတည်းက မန္တလေးတောင်ခြေမှာရှိတဲ့ အထူးရဲတပ်ဖွဲ့ရုံးက ခေါ်ယူမေးမြန်းနေကြောင်း သိရပါတယ်။
မေးမြန်းခံရပြီးတဲ့နောက် အိမ်ပြန်ရောက်လာသူ စာရေးဆရာ ညီပုလေးက အခုလိုပြောပါတယ်။
" ၈ နာရီမထိုးခင်ကစပြီး အခမ်းအနားစလိုက်တာ ၁၂:၂၀ လောက်မှာ ကျွန်တော်ပြန်ခဲ့ပါတယ်။ မန္တလေးမှာ ၂ ရက်လုပ်သွားတဲ့ ဖယောင်းတိုင်မီးထွန်းပြီးတော့ လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်ပွဲမှာ ဘယ်သူတွေ ဦးဆောင်တာလဲ၊ နောက်ကွယ်က ဘယ်အဖွဲ့အစည်းတွေပါသလဲ၊ သိရင်ဖြေပါလို့မေးတာပါ။ စီတန်းလှည့်လည်တဲ့ ဆန္ဒပြတဲ့ ဥပဒေမူကြမ်းကတော့ ရေးလို့မပြီးသေးဘူး ဆိုတာတော့ ထည့်ပြောသွားတယ်။ ကျွန်တော်တွေ့တာက ၇ ယောက်လောက်ရှိတယ်ခင်ဗျ။ ကျန်နေတုန်းပဲ။ ကျွန်တော်တချို့ကိုထွက်တော့မှ တွေ့ရတာ"
(၂) ရက်ဆက်တိုက် ဆန္ဒပြနေတဲ့ ကုန်ဈေးနူန်းကျဆင်းရေးအဖွဲ့မှ အထက်မြန်မာပြည် တာဝန်ခံ ကိုသိန်းအောင်မြင့်ကိုလည်း ရဲမှူးကြီး ဦးဝင်းစိုးမြင့်က ခေါ်ယူပြီး ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့သေးကြောင်း ကိုသိန်းအောင်မြင့်က ဒီမနက် (၈) နာရီခန့်က RFA ကို အခုလို ပြောခဲ့ပါတယ်။
"လျှပ်စစ်ဝန်ကြီးကလည်း မီးတွေပေးမယ်လို့ ပြောပြီးပြီ။ အဲတော့ ခင်ဗျားတို့ ပြန်ပါလို့ ကျွန်တော်ကို ပြောတယ်ခင်ဗျ။ ကျွန်တော်က အဲတာတော့ မဖြစ်နိုင်ဘူးလို့၊ ကျွန်တော်တို့ ငြိမ်းချမ်းစွာ တောင်းဆိုနေတာဖြစ်တဲ့အတွက် ဒီဖယောင်းတိုင်ကုန်မှ ကျွန်တော်တို့ ပြန်မယ်လို့ ကျွန်တော်အဲဒီလိုပြောခဲ့တယ်ခင်ဗျ။ သူနောက်ဆုံး ကျွန်တော်တို့ကို လိုက်လျောလိုက်ပါတယ်။ခင်ဗျားတို့ ဒီဖယောင်းတိုင်ကုန်ရင် ဆက်ပြီးမလုပ်ပါနဲ့တဲ့ သူကပြောတယ်။ ကျွန်တော်တို့လည်း လက်ခံပေးလိုက်ပါတယ်"
ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ကိုသိန်းအောင်မြင့်ကို ရဲက ထပ်မံခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အခုလို ခေါ်ဆောင်သွားတာဟာ ဒီကနေ့ည မန္တလေးမှာ မီးရရှိရေးဆန္ဒပြပွဲ ဆက်လက်ကျင်းပမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အတွက် ဖြစ်နိုင်ကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။
ဒီသတင်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်မြတ်စိုး ပေးပို့ခဲ့တာပါ။




RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။