MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

သောက်သုံးရေတွင် ပိုးသတ်ဆေးပါဝင်မှု ရှိမရှိ ဆန်းစစ်ရန်စီစဉ်


73411
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးကန် တစ်နေရာကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ သောက်သုံးရေ အရည်အသွေး၌ ပိုးသတ်ဆေး ပါဝင်မှုရှိမရှိ နှင့် သတ်မှတ်စံနှုန်းများထက် ကျော်လွန်မှုရှိမရှိ ကျန်းမာရေး ဦးစီးဌာန၊ လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှ ဆန်းစစ်မှုများ ပြုလုပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မေလ ၁၇ နှင့် ၁၈ ရက်တို့တွင် ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် ‘မြန်မာနိုင်ငံရှိ သောက်သုံးရေများတွင်ပိုးသတ်ဆေး ပါဝင်မှုပမာဏစံနှုန်းသတ်မှတ်ခြင်း
အလုပ်ရုံဆွေးနွေးပွဲ’တွင် စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လက်ရှိရေတွေထဲမှာ ပိုးသတ်ဆေးတွေ ပါဝင်နိုင်တယ်။ တချို့ပိုးသတ်ဆေးတွေက ပါဝင်နေပေမယ့် လူကိုဒုက္ခမပေးဘူး။ တချို့ဆေးတွေကျတော့ ဒုက္ခပေးတယ်။ ဒါကြောင့် အလုပ်ရုံဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ ရဲ့သောက်သုံးရေ အရည်အသွေးစံနှုန်းကို သတ်မှတ်ခဲ့တယ်။ စံနှုန်းတွေ ရှိလာတဲ့အတွက် သောက်သုံးရေတွေမှာ သတ်မှတ်ထားတဲ့ စံနှုန်းထက်ပိုနေရင် ဒါကို သောက်သုံးရေလို့ မသတ်မှတ်ပါဘူး။ စံသတ်မှတ်တဲ့အခါမှာ WHO ကချပေးထားတဲ့ Guideline  ကို အမှီပြုပြီး ကိုယ့်နိုင်ငံရဲ့စံနှုန်းကို ကိုယ့်နိုင်ငံကသူတွေကပဲ သတ်မှတ်ရတာပါ”ဟု ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ကြည်လွင်ဦး က ပြောပြခဲ့သည်။ စံနှုန်းများနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Guideline  တွင် ချမှတ်ထားပြီး မြန်မာနိုင်ငံသို့ တင်သွင်းမှုနှင့် သုံးစွဲမှု အများဆုံးဖြစ်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာ သက်ရောက်မှုအများဆုံး ဖြစ်သည့် ပိုးသတ်ဆေး ၁၁ မျိုး နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ Guideline တွင် ပါဝင်မှုမရှိသော်လည်း မြန်မာနိုင်ငံသို့ တင်သွင်းမှုနှင့်သုံးစွဲမှု အများဆုံးအဆင့် ၂၀ အတွင်း ပါဝင်သည့် ပိုးသတ်ဆေးများအနက် မှ Acephate  ၊ Imidacloprid  နှင့် Endosulfan ဆေးသုံးမျိုးကို စံနှုန်းထဲတွင် သတ်မှတ်နိုင်ရန်အတွက် ထည့်သွင်းထားကြောင်း သိရသည်။
ပိုးသတ်ဆေးအမည်နှင့် စံနှုန်းသတ်မှတ်ချက်များ
Pesticides    Guideline values
Alachlor        0.02 mg/l
Aldicarb         0.01 mg/l
Aldrin and Dieldrin    0.00003mg/l
Atrazine         0.1mg/l
Carbofuran    0.007mg/l
Chlorpyrifos   0.03mg/l
2,4-D 0.03mg/l (applies to free acid)
Dimethoate    0.006mg/l
Endrin  0.0006mg/l
Lindane        0.002mg/l
DDT    0.01mg/l



News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။