MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

ကချင်စစ်ပြေးဒုက္ခသည်များအတွက် ထားဝယ်ဒေသအလှူ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဒေသခံတွေက ကချင်ပြည်နယ်ထဲက စစ်ပြေးဒုက္ခသည်တွေ အတွက် စာနာမှုအကူအညီအဖြစ် ကျပ်ငွေ ၂၈ သိန်းကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ဒီနေ့ လွှဲပြောင်း
ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒါ့အပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း ထားဝယ်မြို့ခံပြည်သူ တစ်ထောင်လောက်နဲ့ ဒီနေ့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း
လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး ဟောပြော ဆွေးနွေးခဲ့တယ် လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုပြုံးချိုက RFA ကို ပြောပါတယ်။

"ကချင်ဒေသက ဒုက္ခသည်တွေအတွက် မြောက်ဘက်နဲ့ တောင်ဘက် ဘယ်လောက်ပဲ ဝေးဝေး သူတို့ စိတ်မချမ်းသာဘူးပေါ့နော်။ ဒီလိုတွေ
ဖြစ်နေတာကို။ အခုအချိန်မှာ ဆိုလို့ရှိရင် စားရေးသောက်ရေး၊
နေရေးထိုင်ရေး အခက်အခဲတွေ၊ မိုးကျလာတော့ဗျာ။ အမိုးအကာတွေ မရှိကြဘူး။ အကူအညီတွေလိုမယ်ဆိုတာ သူတို့ သိတယ်။ အဲဒါကြောင့်မို့လို့ သူတို့ ဒေသထဲမှာ ရှိတဲ့ ပြည်သူလူထုတွေ ပေါင်းပြီးတော့ စုပေါင်းထည့်
လှူငွေ အားလုံးပေါင်းလိုက်ရင် ၂၈ သိန်း ကျော်ကျော် ရတယ်။ အဲဒါကို ကျွန်တော်တို့ကနေတဆင့် ဟိုဘက်ကို သွားလှူပေးဖို့ အကူအညီတောင်း
ထားတယ်။" ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ စက်မှုဇုန် စီမံကိန်းနေရာမှာ မြေယာ အသိမ်းခံရမှုတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး အဖြေရနိုင်မယ့် အလုပ်ရုံ
ဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ဖို့ကိုလည်း ကြိုးစားပေးခဲ့တယ်လို့ ကိုပြုံးချိုက ပြောပါတယ်။

သူတို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က အဲဒီဖြစ်ရပ်တွေ စုဆောင်း ရယူနိုင်ခဲ့သလို၊ ဒီကိစ္စကို အစီရင်ခံစာတစောင် ထုတ်ပြန်နိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။



(ဓာတ်ပုံ- facebook.com/daweicity - ၈၈ မျိုးဆက်ကျောင်းသားများ
အဖွဲ့၏ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွင်း မေလ ၁၈ ရက်နေ့က ထားဝယ် စည်ပင်သာယာဈေးကြီးသို့ ရောက်ရှိချိန်တွင် ကချင်စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် ထားဝယ် ဈေးသူဈေးသားက အလှူငွေ ပေးအပ်နေစဉ်။)

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။