MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

မိုးဦးကာလ လေပြင်းကြောင့် ပုဗ္ဗသီရိမြို့နယ် ကျေးရွာ ကိုးခုတွင် အိမ်ခြေ ၁၇၃ လုံး ပျက်စီးခဲ့

နေပြည်တော် ကောင်စီနယ်မြေ အတွင်း မိုးလေပြင်းထန်စွာ တိုက်ခတ်ခဲ့သောကြောင့် ပုဗ္ဗသီရိမြို့နယ်တွင် အိမ်ခြေ ၁၇၃ လုံး အမိုးအကာများ လွင့်စင် ပျက်စီးခဲ့သည်ဟု သိရှိရသည်။
ထိုသို့ လေပြင်း တိုက်ခတ်မှု ကို မေလ ၁၆ ရက်နေ့က ဝဲကြီး၊ ပုရွက် ဆိတ်ကုန်း၊ သံပုရာကုန်း စသည့် ကျေးရွာအုပ်စု ၃ စုမှ ကြုံတွေ့ခဲ့ရ ခြင်းဖြစ်ပြီး ၄င်းအုပ်စုမှာ အခြေခံ လူတန်းစား အများစု နေထိုင်ကြောင်း သိရသည်။ ၄င်းတို့သည် နေအိမ်များ ကို လုံခြုံစွာ ပြန်လည်တည်ဆောက် နိုင်သော ဝင်ငွေ မရှိကြ၍ သက်ဆိုင်ရာ၏ အကူအညီကို မျှော်လင့်လျက် ရှိနေပြီး အိမ်များ လေသင့်ပြီး နှစ်ရက် အကြာ မေလ ၁၈ ရက်နေ့ထိ ပြန်လည် ထူထောင်ရေး အတွက်
သက်ဆိုင်ရာမှ အထောက်အကူ တစ်စုံတစ်ရာ မရ ရှိသေးကြောင်း သိရသည်။
”သူတို့ဘက်က ဘာမှ ပြင်ဆင် လုပ်ကိုင်တာမျိုး မရှိဘူးလို့ ပြောတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကွက်ကြားဖြစ်တာကြောင့် ကိုယ်ထူ ကိုယ်ထပဲ ပြင်ဆင်ကြပါလို့ ပြောတယ်”  ဟု ယင်းမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်က ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
ဒေသခံများ အကူအညီ လိုအပ်လျက် ရှိသော်လည်း NLD ပါတီအနေဖြင့် ချက်ချင်း လက်ငင်း ရန်ပုံငွေ မရှိသဖြင့် ၄င်းကျေးရွာများကို တသီးတသန့် ကူညီနိုင်မည် မဟုတ် ကြောင်း ၄င်းက ဆက်ပြောသည်။ ထို့အပြင် ဒေသတွင်းသို့ သွား ရောက်၍ အဖြစ်အပျက်ကို သွား ရောက်လေ့လာပြီး ပျက်စီးမှု ပမာဏ ကို အသေးစိတ် မှတ်တမ်း တင်ရမည် ဖြစ်ကြောင်း၊ ပြီးနောက် ပြည်သူ များထံမှ ပြန်လည် အလှူခံ၍ တစ် ဆင့် ပြန်လည် လှူဒါန်းပေးရန် စီစဉ် ထားကြောင်း ဦးဇေယျာသော် က ပြောသည်။
သဘာဝ ဘေးအန္တရာယ် ကူညီ ရန် အတွက် ဖွဲ့စည်းထားသည့် ကမ်းလက် ဟုခေါ်သည့် အဖွဲ့တစ်ဖွဲ့ကို လည်း အထက်ပါ လေဘေးသင့် ပုဗ္ဗသီရိမြို့နယ်မှ ကျေးရွာ ကိုးခု၊ အိမ်ခြေ ၁၇၃ အိမ်ကို ကူညီရန် တောင်းဆိုထားသည်ဟု ၄င်းထံမှ သိရသည်။


စွမ်းရဲထွဋ်  (ရန်ကုန်၊ မေ ၂ဝ)
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။