MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

မေတ္တာငတ်နေသူများ (၂)

လောကမှာ မေတ္တာငတ်နေသူတွေ အများကြီးပါ... တချို့က မိဘ မေတ္တာ ငတ်မွတ်နေရပြီး တချို့ကျတော့
သားသမီးရဲ့ မေတ္တာကို ငတ်မွတ်နေရကြပါတယ်...
ဘယ်လိုလူတွေကသားသမီးရဲ့ မေတ္တာ ကို ငတ်မွတ်နေကြတာလဲ? 
Forward mail ကရလာတဲ့ အကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်..
မသန်မစွမ်း အဘိုးအိုကြီးတစ်ယောက်ဟာ သူ့သားရဲ့အိမ်မှာ သူ့ချွေးမ၊ လေးနှစ်သားအရွယ် သူ့မြေးလေးနဲ့အတူ နေလေရဲ့။ အဲဒီအဖိုးအိုကြီးက လက်တွေဆိုလည်း တုန်လို့၊ အမြင်အာရုံကလည်း မှုန်ဝါးဝါး သူရဲ့ ခြေလှမ်းတိုင်းကလည်း ဒယိမ်းဒရိုင်နဲ့ပေါ့။ သူတို့မိသားစုလေးယောက်ဟာ အစာစားပြီဆို၇င်ဖြင့် စားပွဲတစ်လုံးမှာ အတူတူထိုင်ပြီးစားလေ့ ရှိတယ်။ ဒါမေပဲ့ အဘိုးကြီးဟာ
လက်ကအရမ်းတုန်၊ မျက်စိကလည်းဝါးတားတား ဆိုတော့ အစာစားရတာလည်း အခက်ကြုံတာပေါ့။ ပဲစေ့ကို ဇွန်းနဲ့ခပ်ပြီဆို၇င်ဖြင့် ပဲစေ့တွေဟာ ဇွန်းထဲကနေ ကြမ်းပြင်ပေါ်တမင် ခုန်ချနေသလား အောက်မေ့ရတယ်။ ဖန်ခွက်ကို ကိုင်လိုက်ပြီဆိုရင်လည်း ခွက်ထဲမှာ လှိုင်းတွေကြီးပြီး စားပွဲခင်းပေါ်ကို နွားနို့တွေဖိတ်ကျကုန်တယ်။


သားနဲ့ချွေးမလုပ်တဲ့သူက ကြာတော့ သည်းညည်းမခံနိုင်တော့ဘူးလေ။ ငါတို့တခုခုလုပ်မှဖြစ်တော့မယ်။ ဒါနဲ့ အဘိုးအိုအစာစားဖို့ ဟိုးအခန်းထောင့်မှာ စားပွဲသေးသေးလေး တစ်ခုစီစဉ်လိုက်ကြတယ်။ အဲဒီအချိန်ကစပြီး အဘိုးအိုခမျာ တစ်ယောက်တည်း အထီးကျန်စွာနဲ့ ထမင်းစားရတော့တယ်။ ကျန်တဲ့ သူတွေကတော့ စုစုဝေးဝေး ပျော်ပျော်ရွင်ရွင်စားနေကျတာပေါ့

အဘိုးအိုကြီး တုန်တုန်၇င်၇င်နဲ့ ပန်းကန်ခွက်ေ၇ာက်တွေ နှစ်ချပ် သုံးချပ်လောက် လွတ်ကျကွဲပြီး ကတည်းက အဘိုးအိုကြီးကို အစာစားဖို့ သစ်သားဇလုံလေး တစ်လုံး လုပ်ပေးထားတယ်။ သူတို့ ထမင်းစားနေတုန်း အဘိုးအိုကြီးကို လှမ်းကြည့်လိုက်၇င်ဖြင့် အထီးကျန်လွန်းလို့ ကျတဲ့မျက်၇ည်တွေတောင် အထင်းသားမြင်နေရတယ်၊ ဒီလို သနားစဖွယ် မြင်ကွင်းကို မြင်နေ၇တာတောင် အဘိုးအိုကြီး ဇွန်းခရင်း၊ ဒါမှမဟုတ် ဟင်းတွေ အောက်ကို ဖိတ်ကျရင် အော်လိုက် ငေါက်လိုက်ချင်သေးတာလေ၊

ဒါတွေအားလုံးကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကြည့်နေတဲ့ သူကတော့ ဟိုလေးနှစ်သားလေးပေါ့၊ တစ်ညနေ ကြမ်းပြင်ပေါ်မှာ သစ်သားတုန်း၊ဆောက်၊တံဇဉ်း၊ဓါးတွေနဲ့ ကစားနေတဲ့သားကို အဖေလုပ်တဲ့သူက တအံတသြနဲ့ ထိုင်ကြည့်နေတယ်၊ ဒီကောင်လေး ဘာတွေများ လုပ်ဖို့ကြံစည်နေလဲဆိုတာကို သိချင်ဇောနဲ့ သူ့သားကို ချိုသာတဲ့ အပြုံးနဲ့ ဘာလုပ်နေတာလဲလို့ လှမ်းမေးလိုက်တယ်။ 
လေးနှစ်သားလေးဟာ အဖေရဲ့အမေးကို အပြစ်ကင်းစင်တဲ့ အမူအရာနဲ့ပြန်ဖြေပြီး ခပ်ပြုံးပြုံးလေးနဲ့
သူဖြေလိုက်တာက တော့
သား သစ်သားဇလုံလေးလုပ်နေတာပါ။ ဖေဖေနဲ့မေမေ အသက်ကြီးလာရင်အစာစားဖို့လေ…

သားလေးရဲ့ အဖြေဟာ အဖေနဲ့အမေလုပ်သူရဲ့ ရင်ဝကိုတည့်တည့်ပစ်မှန်ပြီး အလုံးလိုက် လည်ပင်းမှာ လာစို့နေတယ်။ အားလုံးဟာ တိတ်ဆိပ်သွားတယ်။ စကားလုံးတွေ ဆွံ့အကုန်ပြီး မျက်၇ည်တွေဟာ သူတို့ရဲ့ပါးပြင်မှာ အရှိန်ကောင်းကောင်း နဲ့ စီးဆင်းလာတယ်။ ပြော၇က်လိုက်တာသားရယ်လို့ စိတ်ထဲမှာ တွေးနေရင်းက အပြစ်ကင်းစင်တဲ့ အမူအရာနဲက ပြောသွားတဲ့သားရဲ့ မျက်နှာနဲ့ စိတ်ကျအားငယ်ပြီး အိုမင်းချိနဲ့နေတဲ့ အဖေလုပ်သူရဲ့မျက်နှာကို တပြိုင်တည်း မြင်ယောင်လာမိတယ်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး တယောက်ကိုတယောက် ဘာမှပြန်မပြောဖြစ်ကြပေမဲ့ သူတို့ဘာဆက်လုပ်ရမယ်ဆိုတာကိုတော့ ကောင်းကောင်းကြီး နားလည်သွားကြပြီလေ။

လေးနှစ်သားလေးရဲ့ စကားတခွန်းကြောင့် ဒီဇနီးမောင်နှံဟာ ဖခင်အပေါ်မှာ ရှိ၇င်းစွဲ မေတ္တာတွေ ပြန်လည် သက်ဝင်လာပြီး သနားကရုဏာနဲ့ စိတ်ရှည်လက်ရှည်ဆက်ဆံလာနိုင်ပြီး အမြင်မှန်တွေရသွားပါတော့တယ်။


အားလုံးမေတ္တာထားနိုင်ကြပါစေ....



No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။