MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 20, 2012

တန်ဖဲရွာ၊ ၈၈ နဲ့ လူ့အခွင့်အရေးကော်မရှင်



ကချင်ပြည်နယ်မြစ်ဆုံဒေသရှိ တန်ဖဲကျေးရွာအားပြောင်းရွှေ့ ခြင်းကိစ္စနှင့်ပါတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ ကိုယ်စား၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက သမ္မတ၊ ပြည်ထဲရေးဝန်ကြီး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်ရုံးသို့ ပေးပို့ ခဲ့သော တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စနှင့်၊ ပါတ်သက်ပြီး မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်ရုံးက အလေးထား ဆောင်ရွက်သင့်သည့် ကိစ္စဟု ယူဆပါကြောင်း အောက်ပါအတိုင်း
အကြောင်းပြန်စာပြန်လည်ပေးပို့ လာပါသည်။



ယခုကဲ့သို့  မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ရုံး အနေဖြင့်၊ မြန်မာနိုင်ငံသားများ ကြုံတွေ့ နေရသည့်၊ မတရားမှု့ များစွာ အခက်အခဲများစွာထဲမှ တစ်ခုဖြစ်သော တန်ဖဲကျေးရွာ ပြောင်းရွှေ့ ခြင်းကိစ္စရပ်ကို အလေးထားဆောင်ရွက်သင့်သည့် ကိစ္စဟု ယူဆခြင်းအပေါ်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမြအေးက ကြိုဆိုလိုက်ကြောင်းနှင့် တန်ဖဲကျေးရွာပြောင်းရွှေ့ ခြင်းကိစ္စကို မှန်မှန်ကန်ကန် ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူ့ အခွင့်အရေးချိုးဖောက်ခံနေရသော ကိစ္စရပ်များအတွက်လည်း၊ အမျိုးသား လူ့ အခွင့်အရေးကော်မရှင်ရုံးမှ တရားမျှတစွာ ကူညီဆောင်ရွက်ပေးရန် အလေးအနက် တိုက်တွန်းလိုက်ပါသည်။ မိမိတို့ ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် တိုင်းရင်းသားဒေသများတွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ လူ့ အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ တိုင်းရင်းသား အခွင့်အရေး ချိုးဖောက်ခံရမှုများ၊ ပပျောက်သွားရန် အတွက်၊ တိုင်းရင်းသားအရေး ကိစ္စရပ်များကို သမိုင်းပေး တာဝန်တစ်ရပ်အနေဖြင့်၊ ဆက်လက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။




ညွှန်း - ကိုမြအေး Facebook





ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။