MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

သိန်း၂ဝနီးပါး အကုန်အကျခံပြီး တက်တူးထိုးတဲ့ ခင်လှိုင်

Share
ခင်လှိုင်က လတ်တလောမှာ ဗီဒီယို၆ကားရိုက်ကူးဖို့ ပြင်ဦးလွင်မြို့သို့ ရောက်ရှိလာပါတယ်။ ပြင်ဦးလွင်မှာ လောလောဆယ်၆ကား လက်ခံထားတယ်။ ထပ်တိုးလာဦး မလား မသိသေးဘူးလို့ ခင်လှိုင်က ပြောပါတယ်။ ခင်လှိုင်က မြန်မာသရုပ်ဆောင်တွေထဲမှာ တက်တူးအများဆုံးလို့ ဆိုရမယ့်သူပါ။ သူ့ရဲ့တက်တူးရုပ်တွေကို အသားပေး တဲ့ ‘တက်တူး’ ဆိုတဲ့ ဗီဒီယိုကို နေမင်းနဲ့ သင်္ကြန်မတိုင်မီ ရိုက်ကူးခဲ့သလို အခုအခါ ပြင်ဦးလွင်မှာလည်း နေတိုးနဲ့ ‘ဖောရှော’ဆိုတဲ့ကားမှာ သူ့တက်တူးတွေကို အသားပေး ပြီး ရိုက်ကူးနေတာ တွေ့ရပါတယ်။ ခင်လှိုင်က တတ်တူးထိုးရတာ ဝါသနာပါပြီး ဟိုးအရင်က ထိုးခဲ့တဲ့ပုံတွေက ခေတ်နဲ့မညီတာမို့ ဖျက်တာဖျက်၊ အသစ်ပြန်ထိုးတာထိုးနဲ့ လုပ်နေကာ သူထိုးထားတဲ့ တက်တူးတန်ဖိုးက သိန်း၂ဝနီးပါးရှိတယ်လို့ သိရပါတယ်။ ဒါနဲ့တင်အားမရသေးဘဲ တစ်ကိုယ်လုံး အပြည့်တက်တူးဖို့ ရည်ရွယ်ထားပါသတဲ့။ ခင်လှိုင်၊ ဒိန်းဒေါင်အတွဲက အစီအစဉ်တင်ဆက်သူလုပ်တာ အောင်မြင်မှုရတာကြောင့်  မေးကြည့်တော့ ”သူနဲ့ကျွန်တော်က
စင်ပေါ်မှာပြောမယ့် စကားကိုသိပ်မတိုင် ပင်ဖြစ်ဘူး။ လက်တန်းပြောကြတာ များတယ်။ တစ်ခါတလေမှ တိုင်ပင်ဖြစ်တာပါ။ ဇာတ်ကား ရိုက်ရတာခက်သလို၊ အစီအစဉ်တင်ဆက်သူ လုပ်ရတာနည်းနည်းပိုခက် တယ်။ ပရိသတ်နဲ့ တိုက်ရိုက်တွေ့ပြီး လုပ်ရတာပျော်စရာပါပဲ”လို့ ပြောပါတယ်။ ခင်လှိုင်က အရင်တုန်းကတော့ ဥာဏ်ကြီးရှင်၊ချစ်လွန်း စတဲ့ ကလောင်တွေနဲ့ စာတွေ ရေးဖြစ်ခဲ့ပေမယ့် အခုလောလောဆယ် မရေးဖြစ်တာက ဝမ်းစာတွေပြန်စုနေတာကြောင့်လို့ ပြောပြီး ဇာတ်လမ်းတွေတော့ ရေးဖြစ်ပါတယ်လို့ ပြောပါ တယ်။
နေကွန်းထင်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။