MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 19, 2012

တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာ ၀က်သက်ရောဂါ ဖြစ်ပွား

2012-05-19
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းမှာ အသက် ၂၀ အထက်ဝန်းကျင် လူငယ်အတော်များများ ဖျားနာရာကနေပြီး အဖုအပိန့်တွေထွက်ခါ ၀က်သက်ရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။
အခုလဆန်းပိုင်းကတည်းက ရောဂါဖြစ်ပွားနေတာလို့ သိရပြီး အခုရက်ပိုင်း အတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေမှာပါ အများအပြား ဖြစ်ပွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။  ရောဂါဖြစ်ပွားသူတွေ အတွက် ဆေးဝါး အကူအညီပေးဖို့ စီစဉ်နေတဲ့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ရှေ့နေ ဒေါ်ခင်မိုးမိုး က ရွာငံမြို့နယ်ထဲမှာ ၁၅ ရက်နေ့လောက်ကနေ
စတင် ပြန့်နှံ့ပြီး ဆေးရုံမှာ လူမဆံ့တော့တဲ့ အခြေအနေ  ရှိတယ်လို့  ပြောပါတယ်။
"တဖြည်းဖြည်း ရောဂါသည်တွေက များများ များများလာပြီးတော့ ဆေးရုံ မဆံ့တော့ ရွာငံမြို့ပေါ်က စေတနာရှင်တွေကိုပါ အကူအညီ တောင်းပြီးတော့ ဆေးပေးခန်းတွေမှာပါ ဆေးဝါးရော လူနာတွေ ထားသိုဖို့ရော လုပ်နေရတယ်၊ အပူအအေး မမျှတာကြောင့်လို့ သက်ဆိုင်ရာ ကျန်းမာရေး ဌာနကတော့ ပြောတယ်။ ဖြစ်တဲ့လူတွေက အသက်၂၀ လောက်က နေပြီးတော့ ၃၃ နှစ်လောက် အတွင်းမှာ အဖြစ်များတယ်၊ အဖိတ်အစင်တော့ မရှိသေးဘူး၊"
ရွာငံမြို့ခံတစ်ဦးကလည်း ၀က်သက်ရောဂါ ဖြစ်ပွားသူ တချို့က  မြို့နယ်ဆေးရုံကို တက်ရောက် ကုသကြပြီး တချို့က ငွေကြေးအဆင်မပြေလို့ ရွာမှာပဲ အဆင်ပြေသလို ကုသနေကြရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
"ရွာတွေမှာ တော်တော်များများ ဖြစ်တယ်လေ။ ဖျားပြီးလို့ရှိရင် အသီးတွေထတယ်၊ နောက် မျက်စိတွေနာတယ်၊ နားတွေနာတယ်ပေါ့နော်၊ တော်တော်များများက ဒီရွာတွေက ဆေးရုံပေါ် လာတတ်ကြတယ်၊ တချို့ရွာတွေကြတော့ ဆင်းရဲတော့လေ ဆေးရုံ လာမတက်နိုင်တာတွေလည်း အများကြီးရှိတယ်၊ လောလောဆယ်တော့ အသေအပျောက်တော့ မရှိသေးဘူးဗျ၊ လူဦးရေက တချို့ရွာတွေဆိုရင် လေးငါးဆယ်လောက် ရှိတယ်။ တချို့ရွာတွေဆို နှစ်ဆယ် သုံးဆယ်ရှိတယ်။ လူတော့ နည်းနည်းများတယ်၊ ဟိုတနေ့က ဆေးရုံမှာ ၃၀ လောက်ရှိတယ်၊ တကယ်တမ်းက ဆေးရုံမလာနိုင်တဲ့ လူတွေကလည်း အများကြီး ရှိသေးတယ်လေ။"
ရွာငံမြို့နယ်ဆေးရုံကို ဆက်သွယ် မေးမြန်းရာမှာ မြို့နယ် ဆရာဝန်ကြီးက ဒီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးမှုတွေ ဆောင်ရွက်နေကြောင်းနဲ့ ဒီရောဂါကြောင့် သေဆုံးသူ မရှိသေးကြောင်း အခုလို ပြောပါတယ်။
"ဒီ ရွာငံမြို့နယ်က လယ်ကိုင်းရွာမှာ ၄၇ ယောက်လောက်တော့ ဖြစ်ခဲ့တာပေါ့နော်၊ ၀က်သက်၊ ဒါပေမယ့် ရွာတွေကို သွားပြီးတော့ လူတွေခွဲပြီးတော့ ကျန်းမာရေး ပညာပေး ဟောပြောတာ၊ လူနာရှာဖွေတာ တွေ့ပြီဆိုလည်း ဆေးကုတာ လိုအပ်ရင် ကျနော်တို့ဆီကို လာပြီးတော့ မြို့နယ်ဆေးရုံကို ခေါ်လာပြီးတော့ လုပ်တာတွေက တန်းစီပြီးတော့ လုပ်တယ်ဗျ၊ ရွာတွေမှာလည်း ကျနော်တို့က ကျန်းမာရေး အလုပ်အဖွဲ့တွေက အကုန်လုံး လုပ်ပြီးကြပါပြီး၊ သေဆုံးတဲ့လူနာလည်း မရှိပါဘူးခင်ဗျ။"
ဒီရောဂါနဲ့ပတ်သက်ပြီးတော့လည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ပြည်သူတွေသိရှိစေဖို့ သတင်းထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း မြို့နယ်ဆရာဝန်ကြီးက ပြောသွားပါတယ်။



RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။