MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 26, 2012

အနိစ္စတရားကို မျက်မှောက်ပြုသည့် မြန်မာဓလေ့

“မြန်မာပြည်မှာ တကယ်ပဲ သေလွန်သူတွေရဲ့ အုတ်ဂူတွေမရှိဘူးလား” လို့ ဧည့်လမ်းညွန်ကို မေးကြည့်ပါတယ်။“မရှိပါဘူး။ ကွယ်လွန်သူတွေရဲ့ရုပ်ခန္ဓာဆိုတာ စိတ်ဝိညာဉ်ချုပ်သွားပြီးတဲ့ အခွံကြီးသက်သက်ဖြစ်လို့ အစွဲအလမ်းမထားကြဘူး” လို့ ပြန်ဖြေ ပါတယ်။
မြို့ကြီးတွေမှာတော့ ကွယ်လွန်သူတွေရဲ့အလောင်းကို မီးသင်္ဂြိုဟ်လေ့ရှိပြီး၊ ကျေးလက်တွေမှာတော့ မီးမသင်္ဂြိုဟ်ဘဲ တခါတည်း မြေမြှုပ် လိုက်တဲ့အကြောင်း ရှင်းပြပါတယ်။ အလောင်းကိုသင်္ဂြိုဟ်ပြီးတဲ့နောက်
 ပြာတွေကိုလည်း ဂူသွင်းတာထက် စွန့်ပစ်လိုက်ကြတာပဲများ တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာသေသွားတဲ့ ဆွေမျိုးသားချင်းတွေကို သုဿာန်မြေမှာ ကန်တော့တယ်ဆိုတာမျိုးက မရှိပါဘူး။ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေဟာ ကိုယ့်ရဲ့ဝိညာဉ်ကိုပဲ လွတ်မြောက်ကြောင်းတရားကို ကျင့်ကြံရပါတယ်။ မြန်မာပြည်မှာ ထေရ၀ါဒကို ဗုဒ္ဓ
သာသနာထွန်းကားပါတယ်။ နောက်ဆုံးရည်မှန်းချက်က ဘာသာရေးအလေ့အကျင့်ကနေ (ရုပ်တရား၊ နာမ်တရားတို့ချုပ်ငြိမ်းရာ) နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဖြစ်ပါတယ်။
မြန်မာလူမျိုးတွေမှာ မိသားစုအမည်ဆိုတာလည်း မရှိပါဘူး။ မိသားစု သံယောဇဉ်စည်းနှောင်မှုက နီးနီးကပ်ကပ်ဆိုပေမဲ့ တယောက်ချင်းစီ အတွက် အမည်တမျိုးစီပဲမှည့်ခေါ်ကြပါတယ်။ ဒါကလည်း လူတဦးချင်းစီရဲ့ ပုဂ္ဂလိကနာမ်တရားတွေအပေါ်မှာပဲ အလေးထားတဲ့ မြန်မာတွေ ရဲ့ ဘာသာတရားယုံကြည်ချက်ကို ရောင်ပြန်ဟပ်နေပါတယ်။
မိုင်နိချီရှင်ဘွန်းသတင်းစာက မြန်မာပြည်မှ ပေးစာများဆောင်းပါးကဏ္ဍမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဗုဒ္ဓဘာသာ ဘုန်တော်ကြီးတပါးကမေးပြီး သူက ပြန်ပြီးလျှောက်ထားတာတွေကို ဒီလိုရေးခဲ့ဖူးပါတယ်။
ဘုန်တော်ကြီးက “ဒကာမကြီး၊ ချမ်းသာရှာချင်လို့ ဒီကိုရောက်လာတာလား” လို့ မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က “ချမ်းသာကြွယ်ဝမှု ကို တပည့်တော်မ မမက်မောပါဘုရား” လို့ ပြန်လျှောက်လိုက်ပါတယ်။ အဲဒီအခါမှာ ဘုန်းတော်ကြီးက “အဖိုးအထိုက်အတန်ဆုံး စည်းစိမ် ချမ်းသာဆိုတာဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းပဲ ဒကာမကြီး” လို့ ဆုံးမတဲ့အကြောင်း ရေးထားပါတယ်။
ဘုန်းတော်ကြီးမေးတဲ့မေးခွန်းကို နားလည်မှုလွဲပြီး သဘောမပေါက်လိုက်တာကိုသိသွားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ပုံပါပဲ။
ခြုံပြောရရင် မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာတရားယုံကြည်မှုဟာ ခေတ်သစ် ဂျပန်ပြည်သူတွေရဲ့ ဘာသာတရားယုံကြည်မှုထက် လေးနက်ပါတယ်။ လောကကြီးမှာ “အရာတိုင်း မမြဲခြင်း – အနိစ္စတရား” ကိုလည်း ခပ်ရေးရေး နားလည်လက်ခံထားကြပါတယ်။
ရန်ကုန်မြို့က ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်ရဲ့ မျက်နှာချင်းဆိုင်မှာ အာဇာနည်ဗိမာန်ကြီးရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဗိမာန်လို့လည်း လူသိများပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်၊ လုပ်ကြံခံလိုက်ရတဲ့ လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၀ိညာဉ်ကိန်း အောင်းရာနေရာလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဂူဗိမာန်ဆိုတာထက် အောက်မေ့ဖွယ် ဗိမာန်လို့ပဲဆိုရမယ့်ပုံ ရှိပါတယ်။
ကျနော်အနေနဲ့ အာဇာနည်ဗိမာန်ကို သွားကြည့်ချင်ပါတယ်။ ဒါပေမယ့် ရန်ကုန်အခြေစိုက်သံတမန်က အာဇာနည်နေ့ကျမှပဲဖွင့်တာလို့ပြော ပါတယ်။ အနီးနားတ၀ိုက်က လုံခြုံရေးကလည်း တင်းကျပ်လွန်းပါတယ်။
ကျနော့်ရဲ့ ဧည့်လမ်းညွန်ကလည်း “ရွှေတိဂုံမြောက်ဘက်မုခ်ကနေပဲ လှမ်းကြည့်တာပေါ့။ ဓာတ်ပုံတော့ ရိုက်ဖို့ မကြိုးစားနဲ့။ လုံခြုံရေးအဖွဲ့တွေ က ဓာတ်ပုံပြန်ရိုက်တာခံနေရဦးမယ်” လို့ အကြံပြုပါတယ်။
ဘုရားရဲ့မြောက်ဘက်မုခ်ကနေ သံစည်းရိုးတွေကိုကျော်ပြီး မျှော်ကြည့်လိုက်တဲ့အခါမှာ အမိုးနီနီနဲ့ အာဇာနည်ဗိမာန်ကြီးကို မြင်ရပါတယ်။ ဗိမာန်နဲ့ကပ်လျက်မှာ ရဲစခန်းလည်းရှိပြီး ရဲအရာရှိတွေ တော်တော်များများကိုလည်း တွေ့ရပါတယ်။
ကင်မရာထုတ်ဖို့လည်း ချီတုံချတုံဖြစ်တုန်းမှာပဲ ဧည့်လမ်းညွန်က ရဲစခန်းထဲကို ခပ်သုတ်သုတ်လေးဝင်သွားပါတယ်။ သူပြန်လာတဲ့အခါမှာ စခန်းမှူးက ဓာတ်ပုံရိုက်ခွင့်ပြုလိုက်ပြီလို့ လာပြောပါတယ်။ လုံခြုံရေးစည်းကမ်းချက်တွေ လျှော့ပေါ့ထားတဲ့လက္ခဏာပါပဲ။
၁၉၈၃ ခုနှစ်တုန်းက အကြမ်းဖက်ဗုံးခွဲမှုဖြစ်ခဲ့ပြီးကတည်းက အာဇာနည်ဗိမာန်တ၀ိုက်မှာ လုံခြုံရေး တင်းကျပ်ဖို့ ဖြစ်လာတာပါ။ အဲဒီတုန်းက တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့ အစိုးရအဖွဲ့ဝင်တွေ အာဇာနည်ကုန်းကို ရောက်နေတုန်းမှာ ဗုံးပေါက်မှုဖြစ်ခဲ့ပါတယ်၊ သမ္မတက ဘေးမသီရန်မခ လွတ်မြောက်ခဲ့ပေမယ့် တောင်ကိုရီးယားနဲ့ မြန်မာအစိုးရပိုင်းက ကက်ဘိနက်ဝန်ကြီးတွေအပါအ၀င် အရာရှိ ၂၁ ဦး သေဆုံးခဲ့ပါတယ်၊ မြောက်ကိုရီယားအစိုးရရဲ့ လက်ချက်ပါပဲ။
အဲဒီအချိန်တုန်းက မြန်မာအစိုးရက တိုင်းပြည်မှာ တိုင်းပြည်ညီညွတ်ရေးကို အသဲအသန်လိုချင်နေတဲ့အချိန်၊ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ညီညွတ်ရေးရဲ့သင်္ကေတအဖြစ် အသိအမှတ်ပြုနေတဲ့အချိန်ပါပဲ။ မြင့်မြတ်တဲ့အာဇာနည်ကုန်းကို သွေးစွန်းစေခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ် ရပ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ မြန်မာအစိုးရက မြောက်ကိုရီယားကို သံတမန်အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်ပါတယ်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုတာကိုလည်း ရပ်ဆိုင်းပစ်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံကို ယုတ်မာကောက်ကျစ်တဲ့နိုင်ငံအဖြစ် မြန်မာအစိုးရက သတ်မှတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၇ ခုနှစ် အရောက်မှာတော့ မြန်မာက မြောက်ကိုရီယားနဲ့ သံတမန်ဆက်ဆံရေး ပြန်ဆက်လိုက်ပါတယ်။ အဲဒီအချိန်မှာ ဂျပန်အစိုးရက မြန်မာအစိုးရ၊ နိုင်ငံခြားရေးဌာနက အဆင့်မြင့်အရာရှိတယောက်ကို ဒီလို သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်တာရဲ့ နောက်ကွယ်က အဓိကရည်မှန်းချက်က ဘာလဲလို့ မေးခဲ့ပါတယ်။
သံတမန်တဦးရဲ့အဆိုအရ မြန်မာအရာရှိကပြန်ပြောတာက ဒါဟာ မြန်မာပြည်က ဘက်ပေါင်းစုံသံတမန်ဆက်ဆံရေးလမ်းကြောင်းဖွင့်ဖို့ ရည်ရွယ်တာဖြစ်တယ်။ မြန်မာတွေရဲ့စိတ်နေစိတ်ထားက အမြဲတမ်းကြီး အာဃာတမကြီးတတ်ပါဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတကာမှာတော့ မြန်မာအစိုးရက မြောက်ကိုရီးယားဆီ စစ်ရေးအထောက်အပံ့တွေနဲ့ မြန်မာပြည်ကဆန်တွေနဲ့ လဲနေတယ် ဆိုတဲ့ ကောလဟလတွေ ပျံ့နှံ့နေပါတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့တာတွေလုပ်ထားတဲ့ အနောက်နိုင်ငံတွေကို မြန်မာအစိုးရက သတိ ပေးအချက်ပြလိုက်တာလည်း ဖြစ်ပုံရပါတယ်။
သိပ်မကြာခင်တုန်းကပဲ ရန်ကုန်က လူကုန်ထံရပ်ကွက်မှာ မြောက်ကိုရီယား စာသောက်ဆိုင်တဆိုင် ဖွင့်လိုက်ပါတယ်။ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးပြန်လည်ထူထောင်တာရဲ့ လက္ခဏာပါပဲ။ ဇိမ်ခံအိမ်ကြီးနဲ့ပိုတူတဲ့ စားသောက်ဆိုင်မှာ “Koryo Restaurant” လို့ ဆိုင်းဘုတ်ကြီး ချိတ်ထားပြီး အပြာရောင်ဝတ်စုံတွေနဲ့ စာပွဲထိုး ၆ ယောက်ကလည်း “Annyeong Haseyo” ( အနီယာ ဟာရှေးရော်) လို့ နှုတ်ဆက်ပါတယ်။ မြောက်ကိုရီယားနိုင်ငံအလံအမှတ်အသားပါတဲ့ နာမည်ပြားတွေ ကိုယ်စီနဲ့ပါ။
စားသောက်ဆိုင်ထဲမှာ စတိတ်စင်တစင်၊ ကျွန်းစားပွဲတွေနဲ့၊ အဖျော်ယမကာကောင်တာတခုရှိပါတယ်။ နံရံပေါ်မှာတော့ flat-screen တယ် လီဗေးရှင်းကြီး ဆင်ထားပါတယ်။ အစားအသောက်တွေက မြို့ထဲက ဘယ်ဆိုင်နဲ့မှမတူအောင်ဈေးကြီးပေမယ့် စာပွဲထိုးတွေက အလွန်ယဉ် ကျေးဖော်ရွေကြပါတယ်။
ဒီစားသောက်ဆိုင်မှာ မြောက်ကိုရီယားကိုတည်ထောင်သူ ဖောင်ဒါကြီး၊ ကွယ်လွန်သူသမ္မတကြီးကင်အီဆွန်းရဲ့ ဓာတ်ပုံကြီး ချိတ်ထားတယ်လို့ ကြားဖူးပေမယ့် ကျနော်ရောက်သွားတဲ့အချိန်မှာ မတွေ့ရပါဘူး။
သမ္မတကြီးပုံကိုကြည့်ချင်လို့ ဒီစားသောက်ဆိုင်ကိုလာတာပါလို့ စားပွဲထိုးမလေးကိုပြောလိုက်တော့၊ ကျေးဇူးပြုပြီး ခဏလေးစောင့်ပါလို့ ပြောပါတယ်။ နောက်လည်း ဓာတ်ပုံအကြောင်း သူ့ဆီက ဘာစကားမှမကြားရပါဘူး။
အမေရိကန်အစိုးရက နှစ်ပေါင်းများစွာကြာအောင် မြန်မာနဲ့ မြောက်ကိုရီးယားဆိုတာ အတူတူပဲလို့ မြင်ခဲ့ပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာနေတဲ့ Institute of Developing Economies က ယိုရှီဟီရို နာကာ နီရှီ Yoshihiro Nakanishi ရဲ့အမြင်မှာတော့ ဒီနှစ်နိုင်ငံမှာ မတူ တာတွေရှိတယ်လို့ ပြောပါတယ်။
မြန်မာပြည်က နိုင်ငံရေးခေါင်းဆောင်တွေက သူတို့ကိုယ်သူတို့ လူကြိုက်များအောင်မလုပ်ကြသလို၊ သူ့တို့သားသမီးတွေကို အာဏာလက် ဆင့်မကမ်းကြပါဘူးလို့ ထောက်ပြပါတယ်။ သူတို့ ဆွေတွေမျိုးတွေကိုလည်း အစိုးရအဖွဲ့ထဲမှာ၊ စစ်တပ်ထဲမှာ တရားဝင်ရာထူးတွေကို ပေး လေ့မရှိဘူးလို့ ဆိုပါတယ်။
“အာရတ်နွေဦးကဥပမာကို ထားလိုက်ဦး။ သေချာပြောနိုင်တာကတော့ အာဏာရှင်တွေအတွက် သူတို့ခေတ်ကုန်ရင် ဘယ်သူ့ကို အာဏာ လွှဲရမလဲဆိုတာကို ခက်ခဲပါတယ်” လို့ ယိုရှီဟီရို နာကာ နီရှီက ပြောပါတယ်။
မတ်လ ၂၀၁၁ မှာတော့ အာဏာရှင်လို့ နာမည်တွင်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့နေရာကို သူ့ရဲ့အနီးကပ်ဆုံး လက်ထောက်တယောက်ကို လွှဲပေးလိုက်ပါတယ်။ အရပ်သားအုပ်ချုပ်ရေးစနစ်ကို ပြောင်းလိုက်ပါတယ်။ နာကာနီရှီရဲ့အလိုအရတော့ ဒါဟာ တစိတ်တပိုင်းအားဖြင့် စစ်တပ်တွင်းညီညွတ်ရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက်ရည်ရွယ်တာလို့ ဆိုပါတယ်။
တနည်းအားဖြင့် ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် စစ်တပ်တွင်း ညီညွတ်မှုရှိတယ်ဆိုတာကို ပြသဖို့ လို အပ်ပါတယ်။ ဒီလိုအပြောင်းအလဲရဲ့နောက်ကွယ်မှာ နောက်ထပ်အရေးကြီးတဲ့ အကြောင်းတရားတွေလည်း ရှိနိုင်ပါတယ်။
အဲဒီအကြောင်းတရားတွေထဲမှာ မြန်မာလူမျိုးတွေရဲ့ဝိညာဉ်မှာ အစဉ်ကိန်းအောင်နေတဲ့ ဘယ်အရာမှမမြဲဆိုတဲ့ အနိစ္စတရားကို လက်ခံလိုက် တာလည်း အကြောင်းရင်းတခုဖြစ်လေမလားလို့ စောကြောနေမိပါတယ်။
မိုင်နီချီ ရှင်ဘွန်းမှာပါတဲ့ မူရင်းဆောင်းပါးဖြစ်ပါသည်။
……………..
Spiritual nature runs deep in Myanmar
Takayuki Kasuga (Mainichi Japan)
The Aung San Mausoleum is pictured in this photo. Police allowed me to take photos of the facility through iron bars of the north gate to the Shwedagon Pagoda in Yangon. (Mainichi)
“Are there really no graves in Myanmar?” I asked my guide.
“No. Since the bodies of deceased people are just cast-off shells of souls, we have no emotional attachment to them,” the guide replied.
The bodies of those who have died are cremated in big cities, while they are buried without being cremated in the countryside, the guide explained, adding that people in Myanmar dump the ashes of the bodies of their deceased relatives rather than entomb them. Therefore, people in Myanmar never pay respects at their loved ones’ remains at burial sites.
Followers of Theravada Buddhism, which is prevalent in Myanmar, are aiming to relieve their own souls. Ultimately, they try to attain nirvana, or an enlightened state of mind, through religious training. People in Myanmar have no family name. Even though family bonds are close, the fact that they have only their given names may reflect their religious belief that attaches particular importance to individual souls.
In her “Letter from Burma” column in the Mainichi Shimbun, pro-democracy leader Aung San Suu Kyi wrote about her dialogue with a Buddhist priest:
Priest: Did you come and visit me because you want to be rich?
Suu Kyi: No, I’m not interested in becoming wealthy.
Priest: The most expensive treasure you can gain is nirvana.
Suu Kyi appears to have been embarrassed when she noticed she misunderstood the real meaning of the priest’s question.
Generally speaking, Buddhists in this country appear to attach more importance to their spirituality than modern Japanese people do and seem vaguely aware of the impermanence of tangible things and the world.
The Martyrs’ Mausoleum, popularly known as the Aung San Mausoleum, is situated in front of the north gate to the Shwedagon Pagoda in Yangon, the old capital. The soul of Gen. Aung San, the father of Aung San Suu Kyi and the assassinated hero who led the country to win independence, is enshrined there. It appears to be a memorial to him rather than his grave.
I wanted to visit the mausoleum. However, a local diplomat said, “It’s open only when a ceremony to mark Martyrs’ Day is held.” Security around the facility is extremely tight.
“You should just glance it from the pagoda’s north gate as if to say, ‘What’s that?’” If you try to take photos of it you’ll become the photographic subject of security authorities,” the guide advised me.
When I stood in front of the north gate, I saw the mausoleum with a red roof through iron bars. A police station is situated next to the gate and many police officers are around there.
I hesitated to take out my camera, but the guide rushed into the police station. Upon retuning, the guide said, “You can take photos. The police chief has granted you permission.” This is a sign that authorities’ regulations have loosened.
Security was tightened around the Aung San’s Mausoleum in 1983 because a terrorist bombing occurred there when then South Korean President Chun Doo-hwan and his entourage visited the site. The president escaped unhurt but 21 officials of both governments, including Cabinet ministers, were killed. It is known as an incident that North Korea is responsible for.
At the time, Myanmar regarded Gen. Aung San as a symbol of the unity of the nation that the government was desperately trying to maintain. Therefore, Myanmar retaliated at North Korea’s tarnishing of the holy site with blood by breaking off their diplomatic relations and ceasing to even recognize the country as a sovereign state.
North Korea is considered a rogue state by Myanmar. Nevertheless, Myanmar resumed diplomatic relations with Pyongyang in 2007. At the time, the Japanese government asked a high-ranking official with Myanmar’s Foreign Ministry over its real intensions behind the decision.
According to a diplomatic source, the official explained that “Myanmar is pursuing omni-directional diplomacy,” and added, “The people of Myanmar don’t carry a grudge forever. (As Buddhists), they have such a mentality.”
Rumors are widespread in the international community that Myanmar is receiving military assistance from North Korea in return for providing Pyongyang with rice. Myanmar is apparently attempting to warn Western countries against continuing economic sanctions against it.
Myanmar has no nepotism unlike N. Korea
A North Korean restaurant recently opened in a high-class residential area in Yangon. The restaurant looks like it symbolizes the resumption of diplomatic relations between the two countries.
The restaurant that looks rather like a luxurious mansion had a signboard, “Koryo Restaurant.” Six waitresses clad in blue dresses welcomed me saying, “Annyeong Haseyo.”
They wore their nameplates with North Korea’s national flag. There was a stage in the restaurant, tables made of teakwood and a bar counter. A flat-screen television set was hung on the wall. The prices of food served there are higher than other restaurants in the city, but the waitresses are very friendly and polite.
I had heard a portrait of North Korea’s founder, the late President Kim Il Sung, was hung in the restaurant, but did not see it.
I told one of the waitresses, “I came here to see a portrait of the great president.”
The waitress told me, “One moment, please.” However, she never told me what happened to the portrait.
The United States had regarded Myanmar and North Korea in the same light for many years. However, Yoshihiro Nakanishi, head of the Institute of Developing Economies, pointed out that there are defining differences between the two countries.
“Myanmar’s political leaders never make themselves look charismatic or hand over power to their offspring,” he says. “They never give their relatives official posts in the government or the military. It can be said for certain that it’s difficult for dictators to hand over power to their successors even without citing the example of the Arab Spring.”
In March this year, Than Shwe, who had been dubbed a dictator, handed over his post to one of his closest aides, achieving a shift to civilian rule. He did so partly because he placed priority on the maintenance of order and unity of the military organization, according to Nakanishi.
In other words, it was necessary for the military to demonstrate its unity in order to confront ethnic minorities and pro-democracy forces. However, there appear to be more important reasons. I wonder whether the move derives from a spiritual nature common to the people of Myanmar. (By Takayuki Kasuga, Foreign News Department)
(Mainichi Japan) January 26, 2012


နေသွင်
မေ ၂၆၊ ၂၀၁၂

မိုးမခ
http://moemaka.com/2012/05/23759/

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။