MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 13, 2012

မိခင်များရင်သွေးငယ်များအတွက် နို့ ရည်အထွက်နည်းနေလျှင်...

Milk Supply နို့ထွက်နည်းနေရင်

Tue, May 8, 2012 at 3:11 PM
ကလေးမွေးပြီးလို့ နို့ထွက်အောင်လုပ်ရတာ အရမ်းနာတယ်လို့ ပြောကြတယ်ဆရာ။ အဲဒီအချိန်မှာ အဆင်ပြေဖို့ ဘာတွေ ပြင်ဆင်ထားသင့်ပါသလဲ။

ပုံမှန်ကိုယ်ဝန်၊ ပုံမှန်ကလေးမွေးဖွါးခြင်းတွေကနေ ပုံမှန် နို့ထွက်ပါတယ်။ လူတိုင်းနီးပါး အဆင်ပြေကြပါတယ်။ နာစရာ တခုမှ မရှိပါ။ ကြိုတင် ပြင်ဆင်မှုဆိုတာ ရေးပြဘို့တောင် ခက်ပါတယ်။ နို့ထွက်နည်းတာကို ပြုပြင်နည်းနဲ့ “နို့တိုက်မိခင်တွေ ဘာတွေ စားသင့်သလဲ” တွေကို ဖတ်ထားရင် ကိုယ်နဲ့ဆိုင်တာ သိလာနိုင်မယ် ထင်ပါတယ်။


နို့ထွက်နည်းတာကို ပြုပြင်နည်း
နို့ကို စို့ပေးတဲ့ လှုံ့ဆော်မှုရှိမှ နို့ထွက်စေတယ်။ ကလေးက မွေးကင်းစ
အသားဝါ ဖြစ်နေရင် နို့စို့ချင်စိတ် နည်းနေမယ်။ ကလေးက ကောင်းကောင်းမစို့တတ်တာ အများဆုံးဖြစ်တယ်။ လမစေ့ဘဲ မွေးတဲ့ကလေး၊ အလေးချိန် နည်းလွန်းတဲ့ကလေးတွေ နို့မစို့တတ်ဘူး။ မအေက ကလေးမွေးပြီး အလုပ်လုပ်ရလို့ ကလေးနဲ့ခွဲနေရရင် နို့စို့ အကြိမ်နည်းမယ်။ နို့ထွက်နည်းမယ်။ မအေက စိတ်ဖိစီးမှု များနေရင် နို့ထွက်နည်းမယ်။ ကလေးကို မအေနို့နည်းလို့ နို့ဗူးကူရင်လဲ နို့ထွက် နည်းမယ်။ နို့သီဖျား မာနေ၊
နာနေ၊ ရောင်နေရင် နည်းစေမယ်။ နို့ကိုခွဲစိတ်ခံရဘူးရင်လဲ နည်းမယ်။ ဘီယာကသောက်ရင် နို့ထွက်ပိုစေတယ်လို့ ပြောတာရှိတယ်။ တကယ်တော့ အရက်ကြောင့် နို့ထွက် နည်းစေတယ်။ တချို့ဆေးဝါးတွေကနေ နို့ထွက် နည်းစေတယ်။ ဥပမာ ဟော်မုန်း ၂ မျိုးတွဲပါ ကိုယ်ဝန်တားစားဆေး။ ဒါကြောင့် တားနည်း-တားဆေး ရွေးရမယ်။ ရေးထားတာရှိပါတယ်။

မိခင်ကလည်း အစားအစာ ပြည့်စုံ လုံလောက်အောင်စားပါ။ ရှောင်စရာမလို စားကိုစားရမှာတွေ ရေးထားပါတယ်။ တနေ့မှာ ကယ်လိုရီ ၁၈ဝဝ လိုမယ်။ ရေ-အရည် များများသောက်ပါ။ ကလေးကို နို့ခဏခဏ တိုက်ပေးပါ။ တချို့က အိပ်နေတဲ့ ကလေးကို နှိုးပြီးနို့တိုက်ခိုင်းတယ်။ Law of supply and demand စီးပွါးရေး သီအိုရီတခုလို ဝယ်အားရှိမှ ရောင်းအား ကောင်းတယ်။ ၂ နာရီတခါ တိုက်ခိုင်းတယ်။ ကလေးကို နို့တိုက်နေရင်း မိခင်ကနေ နို့ကိုညှစ်ပေးပါ။ နို့တဖက်ကို ကုန်အောင် စို့စေပြီးမှ နောက်တဖက်ကို ပြောင်းတိုက်ပါ။ ကလေးကို နို့တိုက်ပြီးတာနဲ့ နို့ကို Breast pump နို့စုပ်ကရိယာ နဲ့ ၁ဝ-၂ဝ မိနစ်ကြာ စုပ်ပေးပါ။

လူ့ကိုယ်ထဲမှာ Prolactin (ပရိုလက်တင်) ဟော်မုန်း အလုံအလောက် ရှိနေရင် နို့ကောင်းကောင်း ထွက်မယ်။ သူနည်းရင် နို့နည်းမယ်။ Prolactin-inhibiting factors (Dopamine) ကနေ ထိန်းပေးနေတယ်။ ဒါကြောင့် ဒီဓါတ်ကို ချေဖျက်တာ လုပ်ပေးနိုင်ရင် နို့ထွက်မှန်စေမယ်။ ဒါပေမဲ့ အမျိုးသမီးတိုင်းကို သုံးမရပြန်ဘူး။ နဂိုကတည်းက (ပရိုလက်တင်) ပုံမှန် ရှိနေသူ၊ များနေသူတွေကို ဒီဆေးပေးလို့ အကျိုးမထူးနိုင်ဘူး။

(ပရိုလက်တင်) ကို Luteotropic hormone (LTH) လို့လဲခေါ်တယ်။ Pituitary (ပစ်ကျူထရီ) ခေါ်တဲ့ ဦးနှောက်ထဲက နေရာကနေ ထုတ်ပေးတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ၁ဝ-၂ဝ ဆအထိ တိုးလားတယ်။ (ပရိုလက်တင်) အနည်း-အများ ဆေးစစ်နည်းရှိတယ်။
• Breast milk နို့ထွက်နည်းခြင်း၊
• Decreased sex drive (Libido) ယောက်ျား-မိန်းမ လိင်စိတ် နည်းနေခြင်း၊
• Impotence ပန်းသေ-ပန်းညှိုးဖြစ်နေခြင်း၊
• Infertility ကလေးမရဖြစ်နေခြင်း၊
• Irregular or no menstrual periods ရာသီမမှန်-မလာခြင်းတွေအတွက် စစ်ဆေးရတယ်။

ပုံမှန်ဆိုရင် -
• ယောက်ျားမှာ 2 - 18 ng/mL
• ကိုယ်ဝန်မဆောင် မိန်းမမှာ 2 - 29 ng/mL
• ကိုယ်ဝန်ဆောင်မှာ 10 - 209 ng/mL ရှိရတယ်။

နို့ထွက်များစေမဲ့ဆေးတွေလဲ သုံးနိုင်တယ်။
ဘေးထွက်-ဆိုးကျိုးတွေရှိလို့ ဆရာဝန်တိုင်းကနေ မညွှန်ပါ။ နို့ထွက် များစေမဲ့ ဆေးတွေကတော့ Metoclopramide (Reglan), Domperidone (Motilium) နဲ့ Sulpiride (Eglonyl, Dolmatil, Sulpitil, Sulparex, Equemote) တွေ ဖြစ်တယ်။
• အမေရိကားမှာသုံးတတ်တဲ့ Reglan (Metoclopramide) ဆေးက ကလေးတွေ လေအန်တာ၊ မအေတွေ အအန် သက်သာစေတာအတွက် သုံးတယ်။ နို့ထွက်များအောင် မအေကို တခါသောက် 10mg ကို တနေ့ ၂ ကြိမ်၊ ၁-၂ ပါတ် သောက်ပါ။ ဆေးရဲ့ ဘေးထွက်-ဆိုးကျိုးက စိတ်ဓါတ်ကျစေတယ်။ ဝမ်းပျက်၊ အိပ်ချင်၊ အစာမကျေ၊ ပျို့-အန်၊ တက်၊ လက်တုံတာတွေ ဖြစ်နိုင်တယ်။
• ကနေဒါမှာ သုံးတတ်တဲ့ Domperidone (Motilium, Motilidone) ဆေးက ဘေးထွက်-ဆိုးကျိုး သိပ်မဆိုးဘူး။ တခါသောက် 20mg ကို တနေ့ ၄ ကြိမ်သောက်ပါ။
• Sulpiride (Dolmatil, Sulparex, Sulpitil, Eglonyl, Equemote) ဆေးက အမှန်ဆိုရင် Schizophrenia စိတ်ရောဂါကို သုံးတာ ဖြစ်တယ်။
• တိုင်းရင်း (ဟာဗယ်) ဆေးနည်းတွေလဲရှိတယ်။ Fenugreek capsules တခါသောက် ၃ တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ နောက်ပိုင်း ၂ တောင့်၊ ၁ဝ ရက်သောက်ပါ။ တနေ့ ၃ ကြိမ်၊ နောက်ပိုင်း ၁ တောင့်၊ တနေ့ ၃ ကြိမ်၊ ၁ဝ ရက် သောက်ပါ။ ဆေးသောက်ပြီး ၃ ရက်အတွင်း သိသာလာမယ်။ ဘေးထွက်-ဆိုးကျိုးကတော့ ချွေးထွက်တာ၊ စွန့်ထုတ်တာတွေ များမယ်။ Maple syrup အနံ့တမျိုးရမယ်။ ဆီးချိုရှိနေရင်၊ ပန်းနာ ရှိရင် မပေးဘူး။ Blessed Thistle တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်။
Red Raspberry tea ဖြစ်ဖြစ် ဆေးတောင့် ဖြစ်ဖြစ် သောက်နိုင်သလောက် သောက်ပါ။
• Oatmeal အုတ်စပါး (ကွေကာအုတ်) စားသုံးပါ။
• Yeast tablets တခါသောက် ၂-၃ ပြား၊ တနေ့ ၃ ကြိမ်သောက်ပါ။
• မင်္ဂလာသတင်းစဉ်မှာ ဖတ်ရတယ်။ "နွားအမြီး၊ မီးဖုတ် ခြစ်ထုတ်ပြီး အတုံးလေးတွေတုံး၊ ကြောင်ပန်းရွက် လက်တစ်ဆုပ်၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ချင်း၊ ဆား၊ သင့်တော်ရုံထည့်ပြီး ဟင်းခါးချက် တိုက်လိုက်၊ မကြာခင် နို့ရွှင်ရွှင် ထွက်လာလိမ့်မယ်။"

Dr. တင့်ဆွေ
၈-၅-၂ဝ၁၂
 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။