MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ (အသံဖိုနှင့်တစ်ကွနားဆင်ရန်)င်


AFP
အိန္ဒိယနိုင်ငံ တလန်ဂါနာပြည်နယ် အိုစ်မန်နီယာ တက္ကသိုလ်ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဆန္ဒပြမှုကို လုံထိန်းရဲများ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် ဖြိုခွဲနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။

2012-05-26
အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး  မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai
က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို မြန်မာအစိုးရတပ်ဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးတဲ့ ကိစ္စဟာ မနက်ဖန်သွားရောက်မဲ့ သူတို့ရဲ့ ၀န်ကြီးချုပ် ခရီးစဉ်နဲ့ မသက်ဆိုင်ဘူးလို့ အိန္ဒိယအတွင်းဝန်က ပြောပါတယ်။

"ကျနော်တို့ အိန္ဒိယကနေ မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်ဖက်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ဆက်လက်ပြီး ပေးနေတာဟာ (၂) နိုင်ငံ စစ်ရေး ပူးပေါင်းမှု နဲ့ စွမ်းရည်မြှင့်တင်ရေး အစီအစဉ် တွေရဲ့ အစိတ်အပိုင်း တရပ် ဖြစ်ပါတယ်။ ဒါအပြင် မြန်မာအစိုးရ တပ်ဖွဲ့တွေကို စစ်လက်နက်တွေ ဆက်လက်ပြီး ထောက်ပံ့ပေးနေတာဟာ နိုင်ငံရေးနဲ့ မပတ်သက်ပါဘူး။ အဲဒီလို လက်နက်တွေ ထောက်ပံ့ပေး နေတယ်ဆိုတာ ဟုတ်ပါတယ်" လို့ သူကပြောသွားပါတယ်။
သံဃာတော်တွေ ဦးဆောင်တဲ့ (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေးကို လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းပြီးနောက် မြန်မာအစိုးရကို လက်နက်ရောင်းချ ထောက်ပံ့တာ မပြုလုပ်တော့ဘူးလို့ အိန္ဒိယအစိုးရက ကြေညာခဲ့ဖူးပါတယ်။

အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ရဲ့ မနက်ဖန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး မေလ ၂၅ ရက်နေ့က အိန္ဒိယ နိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်ရဲ့ အဲဒီလို မြန်မာနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အကြောင်း အပါအ၀င် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲအပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။