MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

ရန်ကုန်မြို့ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ငြိမ်းချမ်းစွာ ပြီးဆုံး


(ဓာတ်ပုံများ - ဧရာဝတီ)

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ပြုလုပ်ရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖယောင်းတိုင်ထွန်း လှည့်လည်လမ်းလျှောက် ခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း သတင်းရရှိသည်။မန္တလေး၊ မုံရွာအပါအ၀င် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ ကျင်းပပြုလျက်ရှိရာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ လူပေါင်း ၃၀ ခန့် စတင်ဆန္ဒပြကြောင်း၊ ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်၊
အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုန်းလှ အပါအ၀င် လူ ၃၀ ကျော်က စတင်လာကြကြောင်း၊ ဆန္ဒပြပွဲစတင်ပြီး ငါးမိနစ်အကြာတွင် လုံခြုံရေးရဲများရောက်ရှိလာပြီး ဖယောင်းတိုင်မီးများမှုတ်ကြရန်နှင့် လမ်းလျှောက်ဆန္ဒပြခြင်းမလုပ်ရန် တားမြစ်ခဲ့ကြသည်။



ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေး လက်ရွေးစင်လက်ဖက်ရည်ဆိုင်အနီးမှ စတင်ထွက်ခွာလာသော ဆန္ဒပြသူများကို လမ်း ၃၀ အလယ်ဘလောက်လမ်းထိပ်တွင်
လုံခြုံရေးရဲများက တားဆီးခဲ့ကြပြီး ဆန္ဒပြကြသူများကလည်း ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ဘဲ တားဆီးမှုကို လက်ခံခဲ့ကြသည်။

“ကျမတို့ကို ရဲမှူးက ပြောတာက ဖယောင်းတိုင်မှုတ်ပါ။ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆန္ဒပြတာမျိုး လုံးဝ ခွင့်မပြုဘူး။ အဲဒီတော့ ကျမတို့ကလည်း ဆူးလေဘုရားပေါ်မှာ မီးပူဇော်မယ် ဆိုပြီး ဘုရားပေါ်ပဲတက် ကြတယ်။ သူတို့က ဖယောင်းတိုင်ထွန်းပြီး လုံးဝ ရှေ့ဆက်သွားခွင့်မပြုဘူး” ဟု ဒေါ်နော်အုန်းလှက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင်ကိုဟန်ဝင်းအောင်က မိမိတို့အနေနှင့် ဆန္ဒပြပွဲပြုလုပ်ရာတွင် အပြုသဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် အဓိက ထားလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့က အခု ရန်ကုန်အပါအ၀င် ကျနော်တို့ပြည်သူတွေ မီးမရဘူး။ မီးမရတဲ့အတွက် ကျနော်တို့ အပြုသဘောနဲ့ ဆန္ဒပြတာ။ ငြိမ်းငြိမ်းချမ်းချမ်းလုပ်တာ။ ထိပ်တိုက်ရင်ဆိုတာမျိုးတွေ ကျနော်တို့ မလုပ်ဖူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက လမ်းလျှောက်ဆန္ဒပြရန် ခွင့်မပြုမှုကြောင့် ဆန္ဒပြကြသူများသည် ည ၇ နာရီ ၃၀ မိနစ်တွင် ဆူးလေဘုရားပေါ်တွင် ပြည်သူများ လျှပ်စစ်မီးပုံမှန်ရရှိရေး မီးပူဇော်ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၃၀ ဖြင့် စတင်ခဲ့သော်လည်း ရန်ကုန်မြို့ခံပြည်သူရာပေါင်းများစွာ စုပြုံရောက်ရှိအားပေး ကြပြီး နောက်ပိုင်း သာမန်အရပ်သားပြည်သူများကိုယ်တိုင် ဆူလေးဘုရားရှေ့
ကားလမ်းမကြီးပေါ်တွင် ဖယောင်းမီးများထိန်းညှိုပြီး ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။



“အိမ်မှာ မီးမလာလို့ ရေမတင်ရဘူး။ လာပြန်တော့လည်း ဗို့အားက မပြည့်။ အခု ဖင်ဆေးစရာ ရေတောင် မရှိဘူး။ ကျနော်တို့က ခြောက်ထပ်တိုက် ခြောက်လွှာမှာနေတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။

ရဲများက ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲတွင် ပါဝင်လာသော ပြည်သူများကိုလည်း လမ်းလျှောက် ဆန္ဒပြခွင့်မပြုဘဲ ဆူးလေဘုရားအနီးတွင် ဆန္ဒပြခွင့်ပြုခဲ့သည်။

ဆန္ဒပြပွဲများသည် ည ၈ နာရီ ၃၀ မိနစ်တွင် ငြိမ်းချမ်းစွာဖြင့် လူစုခွဲ အဆုံးသတ်သွားခဲ့သည်။






ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။