MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

မေလ နောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မုန်တိုင်းအန္တရာယ် စောင့်ကြည့်ရန် လိုဟုဆို


73413

၂၀၁၂ ခုနှစ် မေလနောက်ဆုံးပတ်တွင် မြန်မာနိုင်ငံအတွက် မိုးကြို မုန်တိုင်းအန္တရာယ်ကို စောင့်ကြည့်ရန် လိုသည်ဟု မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည်။
“ NOAA (National Oceanic and Atmospheric Administration) ကထုတ်ထားတဲ့ နှစ်ပတ်စာ ခန့်မှန်းချက် ထဲမှာ မေလ ၂၃ ရက်ကနေ ဇွန်လ ၅ ရက်အတွင်း ဘင်္ဂလားပင်လယ် အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင် ပိုင်း မြန်မာ့ရေပြင်နဲ့ထိစပ်နေတဲ့ အပိုင်းမှာ မုန်တိုင်းဖြစ်မယ်လို့ ပါတယ်။ မိုးကြိုမှာဖြစ်တဲ့မုန်တိုင်း၊ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၃၆ ရာခိုင်နှုန်းက မြန်မာနိုင်ငံကိုဝင်တယ်။ အခုထိ မြန်မာနိုင်ငံကို ၀င်မယ်လို့ ခန့်မှန်းချက် မရှိသေးပေမယ့်
သတိထားစောင့်ကြည့်ဖို့တော့ လိုတယ်”ဟု ဦးထွန်း လွင်က ၂၀၁၂ ခုနှစ်မိုးရာသီ၌ မြန်မာ့ဆန်စပါး စိုက်ပျိုးရာတွင် ကြုံတွေ့ရနိုင်မည့် အခက်အခဲများ ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့ သည်။
NOAA သည် သမုဒ္ဒရာများ နှင့် လေထုအခြေအနေကို စောင့်ကြည့်သည့် အမေရိကန် အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သည့် ၁၃၅ နှစ်အတွင်း မြန်မာနိုင်ငံကို မုန်တိုင်း ၈၅ လုံးဝင်ရောက်ခဲ့ရာ ၎င်းတို့၏ ၅၁ ရာခိုင်နှုန်းမှာ မေလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဦးထွန်းလွင်က ဆိုသည်။
၂၀၁၂ ခုနှစ်သည် ရာသီဥတု ခန့်မှန်းရ ခက်ခဲလွန်းသဖြင့် အလွန်ဆိုးသည်ဟုဆိုနိုင်ကြောင်း၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများတွင် ရွာသွန်းနေကျ မိုးရေချိန်အောက်ပိုမည်၊ လျော့မည်၊ ရွာသွန်းမြဲဖြစ်မည်ဟု အဖြေထုတ်ရန် လုံလောက်သည့် အထောက်အထား မတွေ့ရကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ယခုနှစ်တွင် မြန်မာနိုင်ငံ အောက်ပိုင်း တနင်္သာရီတိုင်းသို့ မုတ်သုံဝင်ရောက်မြဲအချိန် မေလ ၅ ရက် နေ့တွင် ၀င်ရောက်ခြင်းမရှိဘဲ မေလ ၁၉ ရက်နေ့မှ ၀င်ရောက်ခဲ့သဖြင့် မုတ်သုံနောက်ကျပြီး အားနည်းနေကြောင်း သိရသည်။
“မုတ်သုံက တောင်ပိုင်းကိုပဲ ၀င်တယ်။ မြစ်ဝကျွန်းပေါ် အလယ်ပိုင်းနဲ့မြောက်ပိုင်းတွေကို ၀င်ဖို့ ကျန်သေးတယ်။ မုတ်သုံက အင်ဒိုနီးရှားကနေ ပါကစ္စတန်ထိ ၀င်ရတာဖြစ်တယ်။ မုတ်သုံအ၀င်ကြမ်းမှ နောက် ငါးလဆက်တိုက် မိုးရွာတယ်။ မုတ်သုံက ကိုယ့်ဘာသာကိုယ် မ၀င်နိုင်ရင် မုန်တိုင်းအကူလာတယ်။ မုန်တိုင်းမလာရင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းတွေကို မုတ်သုံ မရောက်တော့ဘူး”ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားသည့် မုန်တိုင်းသည် ဇွန်လဆန်းတွင် ဖြစ်ပေါ်ပါက မိုးတွင်းသို့ရောက်ရှိသွားပြီဖြစ်သဖြင့် အစဉ်အလာအရ မြန်မာနိုင်ငံကို ၀င်ရောက်ဖွယ်မရှိတော့ ကြောင်းလည်း သိရသည်။





News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။