MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

အခွန်နှုန်းထားများ တနှစ်တခါ စောင့်ကြည့်ထိန်းညှိသင့်


Reform-strategy-and-People-centered-Development-Robert-Conard
မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့MICT တွင် ပြုလုပ်သော Reform strategy and People-centered Development ဆွေးနွေးပွဲတွင် အမေရိကန်ပါမောက္ခ Robert Conard က အခွန်ဆိုင်ရာကိစ္စများ ဟောပြောနေစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)

ရန်ကုန် (မဇ္ဈိမ)။   ။ ပြည်သူတို့အတွက် အဆင်ပြေသော အခွန်နှုန်းထားတရပ် ဖြစ်ရန်အတွက် သက်ဆိုင်ရာမှ တနှစ်တခါ စောင့်ကြည့်ကာ ထိန်းညှိသွားရန်လိုအပ်ကြောင်း အမေရိကန်နိုင်ငံမှ ပါမောက္ခ
ရောဘတ်ကောနတ်က မေလ ၂၅ ရက်နေ့က ပြုလုပ်သော ဟောပြောပွဲတခုတွင် ပြောကြားသွားသည်။
“ဘတ်ဂျက်နှစ် ရောက်တိုင်းမှာ ပြီးခဲ့တဲ့နှစ်က အခွန်ကိစ္စ အဆင်ပြေရဲ့လားဆိုပြီး သက်ဆိုင်ရာ အခွန်သတ်မှတ်တဲ့လူတွေက ပြန်လည်လေ့လာ သုံးသပ်မှုတွေပြုပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်”ဟု Reform strategy and People-centered Development ဆွေးနွေးပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။

ဆက်လက်၍ ပြည်သူလူထုအနေဖြင့် အခွန်နှုန်းထား မပိဖို့ အရေးကြီးကြောင်း၊ ပြည်သူနိုင်နင်းသော ၀င်ငွေအခွန်တရပ် ပေးနိုင်မှသာ လူထုအဆင်ပြေမည်ဖြစ်ကြောင်း Myanmar Development and Resource Institute မှ ကြီးမှူး ပြုလုပ်သော အဆိုပါ ဟောပြောပွဲတွင် ၎င်းက သုံးသပ်ပြောကြားခဲ့သည်။

သမ္မတ အကြံပေး ဦးမြင့် ကလည်း ပြည်သူလူထု ပေးထားသောအခွန်သည် ပြည်သူအတွက် အလွန်အရေးပါပုံကို လတ်တလော ကြုံတွေ့နေရသော ဥပမာတခုဖြင့် ပြောကြားခဲ့သည်။

“အခွန်ထမ်း ပြည်သူတွေအတွက် အရေးပါတဲ့ ဥပမာတခု ပြရရင် မီးတွေ ပျက်တယ်ဆိုရင် အဲယားကွန်း ဖွင့်လို့မရဘူး။ ပူရင် အိပ်လို့မရဘူး။ အခွန်ပေးထားတဲ့လူတွေအတွက် ၅ မိနစ်အိပ်မပျော်ရင် အခွန်အတွက် ဆုံးရှုံးပါတယ်”ဟု ပြောကြားသွားသည်။

အင်္ဂလန်နိုင်ငံမှ ပါမောက္ခ Paul Colllier က ပြည်သူဗဟိုပြု ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်ရာတွင် အဖွဲ့အစည်းများ၏ အင်အား၊ အရပ်ဘက် လူ့အဖွဲ့အစည်းတို့၏ အားဖြင့် ဗဟိုပြုကာ ပြည်သူတို့အတွက် အမှန်တကယ် ထိရောက်သည့် အပြောင်းအလဲများဖြစ်ရန် လျှင်မြန်စွာ ဖော်ဆောင်ရန် လိုအပ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။



မဇ္ဈိမ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။