MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

ရခိုင်မှ ရေအားလျှပ်စစ်စီမံကိန်း

 ရေအားလျှပ်စစ်စီမံကိန်း


မြန်မာနိုင်ငံ အနောက်ဖက် ဒေသ မှာတည်ဆောက်မယ့် အကြီးဆုံး လေးမြို့  ရေအားလျှပ်စစ် စီမံကိန်း စတင် အကောင်အထည် ဖေါ်တာနဲ့ အမျှ ချင်းရွာတွေ နဲ့ ရခိုင် ကျေးရွာ တရာ နီးပါးခန့် ပြောင်းရွှေ့ ရမယ့် အခြေအနေ ရင်ဆိုင်နေရပါတယ်။မီဂါဝပ် ၅ဝဝ ခန့် ထုတ်လုပ် နိုင်မယ့် လေးမြို့ မြစ် ရေအားလျှပ်စစ် စီမံကိန်း ကို ချင်းပြည်နယ် ပလက်ဝ မြို့ နယ် ခဘွေချေ ကျေးရွာ အနီးမှာ စတင် အကောင် အထည် ဖေါ်နေတဲ့ အကြောင်း ဒေသခံ တွေက ဘီဘီစီ ကို ပြောပါတယ်။ ဒီနေရာမှာ မှတ်တိုင်တွေ ကို တရုတ်
အင်ဂျင်နီယာ တွေနဲ့ မြန်မာ အင်ဂျင်နီယာတွေ စိုက်ထူ နေကြတဲ့ အကြောင်း၊ အလုပ်သမား တွေ အတွက် နေရာထိုင်ခင်း အဆောက်အဉီး တွေပါ စတင် ဆောက်လုပ် နေတဲ့ အကြောင်း၊ ဒေသခံ တွေလည်း နေရာရွှေပြောင်း ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ လာပြောတာကို ရှင်းပြကြပါတယ်။

ချင်းပြည်နယ် အစိုးရ အဖွဲ့ က တာဝန်ရှိ လူကြီးတဦးကိုယ်တိုင် ကျေးရွာ အသီးသီး က လူကြီး တွေ ဖိတ်ခေါ်ပြီး မြစ်ကမ်းဘေးရှိ ရွာတွေ တောင်ပေါ် ပြောင်းဖို့ လာပြောတာပါ။ ပြောင်းရွှေ့ ရမယ့် အချိန်ကာလ တော့ ပြောမသွားပါဘူး။ ရေအား လျှပ်စစ်စီမံကိန်း တည်ဆောင်မယ့် နေရာ အပေါ်ပိုင်း နဲ့ အောက်ပိုင်းရှိ ချင်းနဲ့ ရခိုင် ကျေးရွာ တွေ အကျုံး ဝင်နေပါတယ်။

ဒီနေရာ ကို သွားရောက် လေ့လာခဲ့တဲ့ မြောက်ဦး ဒေသခံ က အဆိုပါ လေးမြို့ မြစ် ရေအားလျှပ်စစ် စီမံကိန်းက ထုတ်ယူ ရရှိမယ့် လျှပ်စစ်ဓါတ်အား ကိုလည်း ဒေသဖွံ့ ဖြိုးရေး အစား ပြည်ပ ကို တင်ပို့မယ့် သတင်းတွေကြောင့် ရွာခံတွေ စိတ်ပူ နေပုံ ဘီဘီစီ ကို ရှင်းပြပါတယ်။




BBC

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။