MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

လှိုင်သာယာစက်မှုဇုန် ဆန္ဒပြစက်ရုံ ငါးရုံစုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်း တောင်းဆိုမှုများ ပြုလုပ်သွားမည်

လှိုင်သာယာစက်မှုဇုန်မှ လက်ရှိဆန္ဒပြနေသည့် စက်ရုံငါးရုံ ဆန္ဒပြ အလုပ်သမားများ စုပေါင်း၍ နိုင်ငံတော်သမ္မတထံသို့ စုပေါင်းတောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း
 မေလ(၂၁)ရက်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြ စက်ရုံငါးရုံ၏ သတင်းစာရှင်းလင်းပွဲမှ သိရှိရသည်။
စုပေါင်းတောင်းဆိုသွားမည့် အချက်များတွင် အချက်(၄)ချက် ပါဝင်ပြီး (၁)ဆန္ဒပြ စက်ရုံငါးရုံလုံးမှ အလုပ်သမားများအား တစ်လ ထောက်ပံ့ကြေး ကျပ်သုံးသောင်းနှင့် ဆုကြေးအပါအ၀င်
အခြားစရိတ်များအား ခံစားခွင့်ရရှိရန်၊ (၂) နိုင်ငံတော်သမ္မတအနေဖြင့် အလုပ်သမား များ၏ စုပေါင်းတောင်းဆိုမှုများအား အမြန်ဆုံး ဖြေရှင်းပေးပါရန်၊ (၃) ပြည်ထောင်စု လွှတ်တော်မှ အလုပ်သမားများ၏ တစ်နေ့(၈)နာရီ လုပ်ရသည့် လုပ်ခလစာအား အနိမ့်ဆုံးနှုန်းထားကျပ် ၃၀၀၀ ဟုသတ်မှတ်ပေးပါရန်၊ (၄) ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အ လုပ်သမားများ၏ အခွင့်အရေးအား တာဝန်ရှိရှိ လေးစားကြပါရန် စသည့် အချက်များဖြစ်ကြောင်း သိရသည်။
''ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေ အလုပ်သမားဌာနတွေက အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ထားတာ ဥပဒေထဲမှာ မပါဘူး၊ ဒီကိစ္စက အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ သူတို့နှစ်ဦး ဖြေရှင်းရမှာဆိုပြီး ဆန္ဒပြမှုတွေကို မဖြေရှင်းပေးတဲ့အတွက် နိုင်ငံတော်သမ္မတစီကို စုပေါင်းတောင်းဆိုမှု ပြုသွားဖို့ ဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ စုပေါင်းတောင်းဆိုမှုကို ဖြစ်နိုင်သလောက် အမြန်ဆုံး နိုင်ငံတော်သမ္မဆီကို တင်ပြတောင်းဆိုသွားပါမယ်''ဟု အလုပ်သမားများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးဌေးကမေလ (၂၁)ရက်နေ့က ပြောကြားခဲ့သည်။

စက်ရုံများမှာ မေလ ၉ ရက်နေ့မှ စတင်ဆန္ဒပြခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စုပေါင်းတောင်းဆိုမှု ပြုလုပ်သွားမည့် ဆန္ဒပြစက်ရုံ ငါးရုံပေါင်း အလုပ်သမားအရေအတွက် ပျမ်းမျှ ဦးရေ ၅၀၀၀ ၀န်းကျင်ခန့်ရှိပြီးကြောင်း သတင်းရရှိသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။