MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

အလုပ်သမား​များ​တောင်း​ဆိုသည့်​အတိုင်း​ လစာတိုး​ပေး​ရန် အခက်အခဲရှိဟု အလုပ်ရှင်​ပြော



YJ အထည်ချုပ်စက်ရုံပိုင်ရှင် သတင်းစာရှင်းပွဲ ပြုလုပ် နေစဉ်

ရန်ကုန်တိုင်း​ လိုင်သာယာစက်မှုဇုန် ၄ မှာ ရှိတဲ့​ YJ အထည်ချုပ်စက်ရုံမှာ အလုပ်သမား​တွေ လစာတိုး​မြှင့်​ဖို့​ဆန္ဒပြ​တောင်း​ဆို​နေတာနဲ့​ပက်သက်ပြီး​ စက်ရုံပိုင်ရှင်နဲ့​ ကိုရီး​ယား​သံရုံး​တို့​က သတင်း​မီဒီယာ​တွေကို မ​နေ့​က ​တွေ့​ဆုံ ​ပြောကြား​ခဲ့​တာပါ။ကိုရီး​ယား​လူမျိုးစက်ရုံပိုင်ရှင်က သူ့​အ​နေနဲ့​ဝန်ထမ်း​တွေကို လစာတိုး​ပေး​ဖို့​ ​ပြောထား​ပေမယ့်​ ​တောင်း​သ​လောက် တိုး​ပေး​ရင် သူ့​ဘက်မှာ ကုန်ကျစရိတ်​တွေ အရမ်း​များ​လာတာမို့​ မဖြစ်နိုင်သလို အခြားစက်ရုံ​တွေ တန်း​တူ ဖြစ်​စေရမယ်လို့​ သတင်း​စာရှင်း​လင်း​ပွဲမှာ စကား​ပြန်နဲ့​ ​ပြောဆိုခဲ့
ပါတယ်။
“သူတို့​ ​တောင်း​တဲ့​ ၃ ​သောင်း​ဆိုတာ သူတို့​အ​နေနဲ့​ အခုအချိန်မှာ ​ပေး​ဖို့​မရှိပါဘူး​။ လစာဆိုတာက ဒီဘက်က အကျိုးအမြတ်ရှိမှ ​ပေး​ဖို့​အဆင်​ပြေမှာပါ။ အခု အလုပ်ရှင်ဘက်က ​အော်ဒါ​တွေလည်း​ကြိုတင်ပြီး​ ယူထား​ရပါတယ်။ ၉ လပိုင်း​ထိ ​အော်ဒါယူထား​ပါတယ်။ အခုလက်ရှိ​ပေး​နေတဲ့​ လစာကို ၂၀ ရာခိုင်နှုန်း​လောက် တိုး​ပြီး​ပေး​လိုက်မယ်ဆိုရင်၊​ ရမယ့်​ အကျိုးအမြတ်ကို တွက်ချက်ပြီး​ ​ပေး​ရတဲ့​ ဖြစ်တဲ့​အတွက် ချက်ချင်း​ကြီး​ ၄၀ ရာခိုင်နှုန်း​၊​ ၅၀ ရာခိုင်နှုန်း​ ​ပေး​ရမယ်ဆိုရင် စက်ရုံလည်ပတ်မှု အပိုင်း​မှာလည်း​ အခက်အခဲရှိပါတယ်။ အခု ညီမတို့​ကလည်း​ က​လေး​တွေကို ၂၀ ရာခိုင်နှုန်း​ တိုး​ပေး​မယ်ဆိုပြီး​ အစည်း​အ​ဝေး​ခေါ်ပြီး​ ​ပြောထား​သလို လကုန်တဲ့​အခါ တခြား​စက်ရုံ​တွေမှာ ဒီစက်ရုံထက်လစာများ​ပါတယ်ဆိုတဲ့​ ဘယ်လိုလစာ​ပေး​နေပါတယ်ဆိုတာမျိုး​တွေ ထွက်လာတဲ့​အခါကျရင် သူတို့​ထက်လည်း​ မနည်း​အောင် တ​ပြေး​ညီ​ပေး​ပါမယ်ဆိုတာလည်း​ ဆရာက ​ပြောထား​ပြီး​ပါပြီ။”
စက်ရုံအလုပ်သမား​တွေရဲ့​ အ​ခြေခံလာစာဟာ ၂ ​သောင်း​နဲ့​ ၃ ​သောင်း​ ကြား​မှာသာ ရှိတာမို့​ အလုပ်ရှင်က တိုး​ပေး​တာကို နည်း​တယ်ဆိုပြီး​ အလုပ်သမား​တွေက သ​ဘောမတူနိုင်တာလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

အလုပ်သမတဦး​က “အ​ခြေခံလစာ ၂ ​သောင်း​ရတယ်။ အချိန်ပို​ကြေး​၊​ ရှား​ပါး​စရိတ်၊​ ရက်မှန်​ကြေး​၊​ အပိုဆု​ကြေး​ အဲဒါ​တွေ အား​လုံး​ပေါင်း​မှ ၇ ​သောင်း​ကျော်​လောက်ရတာ။ ၂၀ ရာခိုင်နှုန်း​ဆိုတာက ၁ ​သောင်း​မှ ၂ ​ထောင်​လေ။ သူတို့​ဘက်ကလည်း​ ညှိ၊​ ကိုယ်​တွေဘက်ကလည်း​ ညှိ​ပေါ့​။ တတ်နိုင်သ​လောက် ညှိတာပဲ​လေ။ လုံး​လုံး​လျား​လျား​ကြီး​ ၃ ​သောင်း​ရမှလို့​ ​တောင့်​ခံထား​ပေမယ့်​ ညီမတို့​ဘက်ကလည်း​ ​ပြေလည်​အောင် ညှိချင်တာ​ပေါ့​နော်။ အခုဆိုရင် ညီမတို့​လည်း​ အရမ်း​ပင်ပန်း​နေပြီ။”

အလုပ်ရှင်​တွေဘက်ကလည်း​ အခုလို အလုပ်သမား​တွေဘက်က ​တောင်ဆိုတဲ့​ လခ​ပေး​မယ်ဆိုရင် အများ​စုနဲ့​ဖြစ်လို့​ သူတို့​ဘက်မှာလည်း​ အကုန်အကျ​တွေများ​ပြီး​ အလုပ်​တွေ ရပ်ဆိုင်း​သွား​နိုင်တယ်လို့​သတင်း​စာရှင်း​လင်း​ပွဲမှာ ​ပြောဆိုခဲ့​ပါတယ်။

“ညီမတို့​စက်ရုံလည်း​ လူက ၁ ​ထောင်ဝန်း​ကျင် ရှိသလို၊​ တြခား​စက်ရုံ​တွေမှာဆိုလည်း​ လူက ၂ ​ထောင်၊​ ၃ ​ထောင်ဝန်း​ကျင်​တွေ ရှိပါတယ်။ ​ပေး​လိုက်ရတာက တ​ယောက်ကို ၃ ​သောင်း​ဆို​ပေမယ့်​လည်း​ တရုံလုံး​အတိုင်း​အတာနဲ့​ဆို တလကို သိန်း​ ဘယ်နှ​ထောင်​ပေါ့​နော်။ တွက်ကြည့်​လိုက်ရင် အလုပ်ဆက်လုပ်လို့​ မရ​တော့​တဲ့​ အ​ခြေအ​နေမျိုးတွေ ဖြစ်သွား​နိုင်ပါတယ်။”

ဝိုင်​ဂျေ အထည်ချုပ်စက်ရုံမှာ ​မေလ ၁၇ ရက်​နေ့​က စြပီး​ တနင်္ဂနွေ အလုပ်ပိတ်​ပေး​ဖို့​အ​ခြေခံလစာနဲ့​ရှား​ပါး​စရိတ်တိုး​ပေး​ဖို့​ ​တောင်း​ဆို ဆန္ဒပြခဲ့​ကြတာ ဖြစ်ပါတယ်။ လှိုင်သာယာစက်မှုဇုန်ထဲက အြခား​ အထည်ချုပ်စက်ရုံ ၅ ရုံ​လောက်မှာလည်း​ အလား​တူ ဆန္ဒပြပွဲ​တွေ ဖြစ်​နေပါတယ်။



DVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။