MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

ငါးထောင်တန်အတု သုံးစွဲသူ နိုက်ကလပ်သို့လာရောက်စဉ် ဖမ်းမိ

မေလ ၄ ရက်နေ့ ညက ငါးထောင်ကျပ်တန်အတုများဖြင့် ဝယ်ယူသုံးစွဲနေ သူ တစ်ဦးအား မင်္ဂလာဈေးဝင်းအတွင်းရှိ နိုက်ကလပ် သို့ လာရောက်စဉ် မင်္ဂလာတောင်ညွန့် ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်း
ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မင်္ဂလာတောင်ညွန့်ရဲစခန်း မှ ရဲအရာရှိတစ်ဦးက အဆိုပါနေ့ ည ၁ဝ နာရီ၌ မင်္ဂလာဈေးဝင်း အတွင်း ငွေစက္ကူအတုများအား လူငယ်တစ်ဦးက သုံးစွဲနေ ကြောင်း ပြည်သူ များ၏သတင်း ပေးချက်အရ
မင်္ဂလာဈေးဝင် ပေါက်၌ ဇော်မြင့်(ခ) ပွကြီး ဆိုသူအား တက္ကစီပေါ်မှ ဆင်း လာစဉ် ရှာဖွေခဲ့ရာ ၄င်း၏ပိုက် ဆံအိတ်အတွင်းမှBS 2045 732နံပါတ်တူငွေစက္ကူငါးထောင် တန် အတု ၂ ရွက်၊ BK 4304771 နံပါတ်တူ ငါးထောင် တန်အတု ၅ ရွက်နှင့်CA 9472979 နံပါတ်ပါ ၁ ရွက်၊ BX 8566495 နံပါတ်ပါ ၁ ရွက်ကို တွေ့ရှိခဲ့ပြီး ၄င်းငှားရမ်း စီးနင်းလာ သော အငှားယာဉ်မောင်းထံ ယာဉ် ငှားရမ်းခ အဖြစ် ပေး ထားသော ၅ဝဝဝ တန်အတု ၅ ရွက်အား ထပ်မံသိမ်း ဆည်းရမိခဲ့ ကြောင်း၊ ၄င်းအား စစ် ဆေးချက်အရ ထိုငွေစက္ကူအတုများ အား ဒဂုံတောင် မြို့နယ်၊ ၅၆ ရပ် ကွက်တွင်နေထိုင်သည့် ရဲမြင့်ဆိုသူ ထံမှ ငါးထောင်တန် အတုတစ်ရွက် လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဝယ် ယူခဲ့သည် ဟု သိရှိခဲ့ရ သဖြင့် မေ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရဲမြင့်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်း၏နေအိမ် အိပ်ခန်းအတွင်းရှိ သံသေတ္တာထဲမှ ငါးထောင်ကျပ်တန် ငွေစက္ကူအတုလေးရွက်အား ထပ်မံ တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

”ဒီငွေအတုတွေက ကျွန်တော် တို့ကိုင်နေတဲ့ ငွေစက္ကူအရွယ်အစား ပုံစံနဲ့တော့ တော်တော်လေးတူ တယ်။ စက္ကူအသားကတော့ နိုင်ငံ ခြားစက္ကူကို သုံးထားတာ။ သူတို့က ဒီငွေတုတွေကို ပရင်တာနဲ့ ထုတ် ထားပေမယ့် လုံခြုံရေးကြိုးအရောင် နဲ့ ငွေစက္ကူအရောင်ကတော့ ငွေ အစစ်နဲ့မတူဘူး။ အတုက အရောင် နည်းနည်းပိုရင့်တယ်”ဟု ငွေတု ပြုလုပ်သုံးစွဲသူများအား သွား ရောက် ဖမ်းဆီးအရေးယူခဲ့သည့် အရှေ့ပိုင်း ခရိုင်အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ ဒုရဲအုပ်တစ်ဦး က ပြောသည်။အဆိုပါ ငွေတုပြုလုပ်သုံး စွဲမှုနှင့် ပတ်သက်၍ မင်္ဂလာ တောင်ညွန့်ရဲစခန်းမှ ငွေတုကိုင် ဆောင်အသုံးပြုသူ ဇော်မြင့်နှင့် ငွေတုပြုလုပ်သူ ရဲမြင့်တို့အား (ပ)၄၃၈/၁၂၊ ပုဒ်မ ၄၈၉(ခ) (၈)အရ ဖမ်းဆီးအရေးယူ၍ အမှု ဖွင့်ထားကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။