MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 15, 2012

ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသား ကိုအေးအောင်နှင့်ကျန်ရှိနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံလွတ်မြောက်ရန် နိုင်ငံတော်သမ္မတထံတောင်းဆို

ဒဂုံတက္ကသိုလ်အဝေးသင်ကျောင်းသား ကိုအေးအောင်နှင့်ကျန်ရှိနိုင်ငံရေးအကျဉ်းသားများအမြန်ဆုံလွတ်မြောက်ရန်
နိုင်ငံတော်သမ္မတထံသို့ ၉၆/၉၈ ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခဲ့သော
ကျောင်းသား၊ကျောင်းသူများကလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်းအဆိုပါလက်မှတ်ရေးထိုးတောင်းဆိုမှုတွင်ပါဝင်သူတစ်ဦး၏ပြောကြားချက်အရသိရသည်။ဒဂုံက္ကသိုလ်အဝေးသင်ကျောင်းသားကိုအေးအောင်သည်ထောင်ဒဏ်(၅၉)နှစ်ချခံထားရပြီးလက်ရှိ ထောင်တွင်းနေသားမှာ(၁၄)နှစ်နီးပါးရှိ
သည်ဟုသိရသည်။"ကိုအေးအောင်ရဲ့အမှုတွဲတွေအားလုံလွတ်မြောက်လာပြီးသူကျန်နေခဲ့တာကိုသူငယ်ချင်းတစ်ယောက်အနေနဲ့ပြောရင်တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။သူနိုင်ငံရေးလှုပ်ရှားလို့ပြစ်ဒဏ်ကျခဲ့ရတဲ့အခြေအနေတွေကိုပြန်ကြည့်ရင်လွှတ်တော်ခေါ်ယူပေးဖို့တောင်းဆိုခဲ့တာ၊အခုဆိုလည်း
ဒီအခြေအနေတွေကတိုင်းပြည်မှာရှိနေပြီ၊တိုင်းပြည်ကလည်း
ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီ။ဒါပေမယ့်ကိုအေးအောင်အပါအ၀င်ကျန်ရှိနေသူတွေမလွတ်နိုင်သေးတာကိုတော့တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်"ဟုကိုအေးအောင်၏အမှုတွဲဖြစ်
သူမကြာသေးမီကလွတ်ငြိမ်းချမ်သာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာ
သူကိုမျိုးမင်းဇော်ကပြောသည်။

ကိုယ်ရေးရာဇဝင်အကျဉ်း
အမည် - အေးအောင်
အဖအမည် - ဦးသောင်းစိန်
အမိအမည် - ဒေါ်စန်းမြင့်
မွေးသက္ကရာဇ် - ၂၂.၈.၁၉၇၆
မှတ်ပုံတင်အမှတ် - ၁၂/သဃက (နိုင်) ဝ၄၂၅၁၈
ပညာအရည်အချင်း - ရူပဗေဒ တတိယနှစ် (ဒဂုံအဝေးသင်တက္ကသိုလ်)
ဇာတိ - သင်္ဃန်းကျွန်း၊ ရန်ကုန်၊
မွေးချင်း - မင်းမောင် (အစ်ကို)
နေရပ်လိပ်စာ - အမှတ် (၃၅)၊ သံသုမာလမ်းသွယ် (၃) လမ်း၊ (ဃ) ရပ်ကွက်၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊
အဖမ်းဆီးခံရသော လှုပ်ရှားမှု - ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်ခေါ်ယူပေးရန် ၁၉၉၈ ခုနှစ်၊ သြဂုတ်လတွင် လှည်းတန်းလမ်းဆုံ၌ ကျောင်းသားများ၏ တောင်းဆိုဆန္ဒပြမှု။
အဖမ်းခံရသော ရက်စွဲ - ၁၂.၉.၁၉၉၈
အမိန့်ချရက်စွဲ - ၁၅.၁.၁၉၉၉
စွဲဆိုထားသော ပုဒ်မများ - ပုဒ်မ ပြစ်ဒဏ်
၁၇/၁ (၁) မှု ၃ နှစ်
၁၇/၂ဝ (၂) မှု ၂၈ နှစ်
၅(ည) (၄) မှု ၂၈ နှစ်
စုစုပေါင်း ၅၉ နှစ်

အမှုဖြစ်စဉ်အကျဉ်း
- ဒဂုံအဝေးသင်တက္ကသိုလ် တတိယနှစ် ရူပဗေဒကျောင်းသား ကိုအေးအောင်သည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ၁၉၉၈ ခုနှစ် သြဂုတ်လ (၂၁) ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ခေါ်ယူပေးရန် NLD ၏ ကြေညာချက်အပေါ် ကျောင်းသားထု၏ ထောက်ခံမှု ဖော်ထုတ်ပြသရန်နှင့် တက္ကသိုလ်စာမေးပွဲများကို မိမိနေထိုင်ရာ မြို့နယ်အသီးသီးရှိ အထက်တန်းကျောင်းများတွင် ဖြေဆိုခိုင်းသည်ကို လက်မခံကန့်ကွက်ကြောင်းကို ဖော်ထုတ် ပြသရန် ၁၉၉၈ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့တွင် လှည်းတန်းလမ်းဆုံ၌ ကျောင်းသားဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်ခဲ့ခြင်း။
- ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) နှင့် ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ အမည်များဖြင့် ကြေညာချက်များ ဖြန့်ဝေခြင်း။
- ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းအတွင်း ကျောင်းသားဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းတို့ကြောင့် ထောက်လှမ်းရေးမှ ၁၂.၉.၁၉၉၈ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး၊ ၁၅.၁.၁၉၉၉ ရက်နေ့တွင် အင်းစိန် ထောင်တွင်း အထူးတရားရုံးမှ အမှုတွဲအမှတ် ၂၄၇၉- (၁၇/၂ဝ)၊ ၂၄၈ဝ- (၅/ည)၊ ၂၄၈၃- (၅/ည)၊ ၂၄၈၄- (၁၇/၁)၊ ၂၄၈၅- (၅/ည)၊ ၆၇/၉၉- (၁၇/၂ဝ)၊ ၁ဝ/၉၉- (၅/ည) တို့ဖြင့် စုစုပေါင်း ပြစ်ဒဏ် ၅၉ နှစ်ချခံခဲ့ရ ပါသည်။
Messenger News Journal
 

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။