MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

ဗုဒ္ဓဂေါတမဟာ ဆရာတဆူမျှ မရှိဘဲနဲ့ ဗုဒ္ဓအဖြစ်ကို ရရှိတယ်ဆိုတာကို ဘယ်နည်းနဲ့ သိနိုင်ပါသလဲ





အလွန်မှန်ကန်ပြီး ဘယ်တော့မှ မဖောက်ပြန်တဲ့ အကြောင်းရှိရင် ‎အကျိုးတရားပေါ်ပေါက် ရမယ် ဆိုတဲ့ အကြောင်းအကျိုးဆက်တရားအရ ဗုဒ္ဓဂေါတမဟာ ဘယ်ဆရာကမျှ ‎သင်ပြခြင်းမရှိဘဲနဲ့ ဗုဒ္ဓအဖြစ်ကို ရောက်ရတယ်ဆိုတာ လက်တွေ့သဘောအားဖြင့် အလွန်ထင်ရှား လှပါတယ်။ ‎ဗုဒ္ဓအလောင်းအလျာဆိုတာ ဗုဒ္ဓအဖြစ်ကို ရအောင် လေးသင်္ချေနဲ့ ကမ္ဘာတသိန်းတိုင်တိုင် (၁၀) ပါးသော ပါရမီကို ‎ဒီလောက်တောင် ကာလကြာမြင့်အောင် ကျင့်တာက အကြောင်းတရားပဲ။ နောက်ဆုံး ဘယ်သူကမျှ မသင်ဘဲ၊ မပြဘဲနဲ့ ‎သစ္စာလေးပါး တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူပြီး ဗုဒ္ဓအဖြစ်ကို
ရတာက အကျိုးတရားပဲ။
ဒါကြောင့် ‎သစ္စာလေးပါးတရားကို အကြွင်းမဲ့ သိမြင် သဘောပေါက်တဲ့ ပုဂ္ဂိုလ်ကို ဗုဒ္ဓ သို့မဟုတ် အတုမရှိ ‎သဗ္ဗညုတရွှေဉာဏ်ရှင်လို့ ခေါ်တာပေါ့။ဒီနေရာမှာ ဗုဒ္ဓဂေါတမဟာ ဗုဒ္ဓအဖြစ်ကို မရမီ အာလာရကာ လာမ နဲ့ ရမ္မပုတ္တဆိုတဲ့ ဆရာနှစ်ဆူစီမှာ နည်းနာနိသျ ခံယူ ‎တယ် ဆိုတဲ့စကားဟာ မမှန်ဘူးလားလို့ စောဒက တက်စရာ ရှိတယ်။


ဒီပြဿနာကို ဖြေရှင်းဖို့က အလွန်လွယ်ပါတယ်။ ဒီ အာလာရကာလာမ နဲ့ ရမ္မပုတ္တတို့ဆီမှာ အရူပဈာန်အ ဘိညာဉ်နဲ့ ‎ပတ်သက်လို့ နည်း နာနိသျခံခဲ့စဉ်အခါက ဗုဒ္ဓဂေါတမဟာ ဗုဒ္ဓအဖြစ်ကို မရသေးဘူး။ ဗုဒ္ဓ အလောင်း အလျာအဖြစ်မှာပဲ ‎ရှိသေးတယ်။ အဲဒီနောက် ဒီ ဈာန် အဘိညာဉ်တရားတွေကို ကျင့်နေခြင်း အားဖြင့် သူလိုချင်တဲ့ ဒုက္ခဆင်းရဲအပေါင်းမှ ‎ချုပ်ငြိမ်းရန် နိဗ္ဗာန်ကို မရောက်နိုင်မှန်းသိတော့ ဒီ ဆရာနှစ်ဆူ ကို စွန့်ခွာခဲ့ပြီး သူတဦးတည်း (၆)နှစ်တိုင်တိုင် ဒုက္ကရ ‎စရိယာ ကျင့်တော်မူတယ်။

အဲဒီနောက် ဗုဒ္ဓအဖြစ်ကို ရတော့မယ့် အချိန်ကာလကျရောက်လာတဲ့ ညတညမှာ အိပ်မက် မြင်မက်တော် မူတယ်။ ဒီ ‎အိပ်မက်ကို မက်လည်းမက်လိုက်ရော နောက်တနေ့ သူ ဗုဒ္ဓအဖြစ်ကိုရောက်တော့မယ်ဆိုတာကို သိတော်မူတယ်။ ‎ဒီလိုနဲ့ပဲ နောက်တနေ့ နံနက် ကျတော့ သူ့ရှေးရှေးဘ၀ပေါင်းများစွာက တည်ဆောက်ခဲ့တဲ့ (၁၀)ပါးသော ပါရမီအဟုန်နဲ့ ‎မဇ္ဈိမပဋိပဒါလမ်းစဉ်အတိုင်း ကျင့်လိုက်တာနဲ့ တပြိုင်နက် ဗုဒ္ဓအဖြစ်ကို ရောက်တော်မူတယ်။ လက္ခဏာရေးသုံးပါးကို ‎မြင်ပြီး ဆွမ်းဘုဉ်းပေးတော်မူတယ်။

အဲဒီနောက် သစ်ပင်ရိပ်အောက်မှာ နားပြီး ညနေချမ်းအချိန်ကျတော့ ဂယာဒေသ ‎စာရီ ကြွတော်မူတယ်။ အဲဒီနေ့ည ပလ္လင်ပေါ်မှာပဲ ဘယ်ဆရာရဲ့ သင်ပြမှုမျှ မရှိဘဲနဲ့ သစ္စာလေးပါးတရားကို ပိုင်းခြား ‎ထင်ထင် သိမြင်တော်မူတယ်။ ဒီနည်းနဲ့ပဲ ဗုဒ္ဓအဖြစ်ကို ရောက်တော် မူတယ်။ ဗုဒ္ဓအဖြစ်ကိုရောက်တဲ့ပုဂ္ဂိုလ်ကို ဗောဓိ လို့ ‎ခေါ်တယ်။ အဲဒီပုဂ္ဂိုလ် သဗ္ဗညုတရွှေဉာဏ်ရတဲ့ သစ်ပင်ကို ဗောဓိပင်လို့ ခေါ်တယ်။

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။