Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Tuesday, May 22, 2012
ဗုဒ္ဓ ရဲ့ တရားတော်က ဘာကြောင့် လူနည်းစု ကိုးကွယ်တဲ့ ဘာသာတရားဖြစ်နေပါသလဲ.......
မြတ်ဗုဒ္ဓ ရဲ့ တရားတော်ဟာ အမှန်တရားဖြစ်ပါလျက် ကမ္ဘာမှာ အဘယ့်ကြောင့် လူနည်းစု ကိုးကွယ်တဲ့
ဘာသာဖြစ်နေပါသလဲ ဆိုရင်..ဗုဒ္ဓဘာသာဝင်များဟာ ဒီဘက်မှာ လေ့လာမူ့ နည်းပြီး နိုးနိုးကြားကြားမရှိကြ လုံးလ ၀ီရိယ နည်းကြလို့ပါပဲတခြားတခြား ဘာသာတွေ ကမ္ဘာပျံနှံ့ တယ်ဆိုတာက သူတို့ဘာသာဝင်တွေ က အလွန်နိုးနိုးကြားကြားရှိကြတယ်အမှတ်မဲ့ မနေကြဘူး ဘာသာတရားပြန့်ပွားရေးကို အမြဲအလေးထား ကြတယ် ငွေအင်အားကလည်း တောင့်တင်းကြတော့ စနစ်တကျ အဖွဲ့ အစည်းတွေဖွဲ့ပြီး အဆင်းရဲ အပင် ပန်း ခံ ဖြန့်ကြတဲ့ အတွက် သူတို့ဘာသာတွေကပျံ့နှံ့ပြီး လူများစုကိုးကွယ်ကြတာဖြစ်နေတာပါ ပဲဗုဒ္ဓဘာသာ
ဝင်တွေ ကတော့ အခုတိုင် အိပ်တုံးပဲကိုယ့် ရပ်ရွာ၊ မြို့ ၊ နယ်၊ ကိုယ့်နိုင်ငံ ကျဉ်းကျဉ်း ကလေး ထဲမှာ ခွေအိပ်နေကြတုံး ပဲ ကိုယ့်နိုင်ငံ ကလေးထဲတောင်မှ ဗုဒ္ဓဘာသာရဲ့ လောကီရေး အနှစ်သာရတွေ လောကုတ္တရာရေး အနှစ်သာရတွေ ထိထိမိမိ မဖြန့်ဖြူးနိုင်ကြပါဘူး၊
အခုထိ မြန်မာဗုဒ္ဒဘာသာဝင်တွေက ကမ္ဘာကို စစ်မှန်တဲ့ ဗုဒ္ဓဘာသာဖြန့်ဖို့စိတ်ကို မကူကြသေးပါဘူး အိပ်တုံးပဲ ဆိုတော့ ဒီဘာသာတရား အကြောင်း ဘယ်သူက သိမလဲအခု အနောက်တိုင်းက တချို့လူတွေ ဟာဗုဒ္ဓအကြောင်း ဗုဒ္ဓဘာသာ အကြောင်း သိပြီးတော့ ဗုဒ္ဓဘာသာဘက်မျက်နှာ မူလာကြတာတို့ ဗုဒ္ဓတရားတော်ကို ကျင့်ကြံပွါးများ အားထုတ်လာကြတာတို့ဟာ သူတို့ဗုဒ္ဓဘာသာ စာပေတွေလေ့လာပြီး တရားလေးဘာလေး အားထုတ်ရင်း စိတ်ဝင် စားလာကြတာပါပဲ ဒါဟာ ဗုဒ္ဓတရားတော်က စစ်မှန်လို့ သူ့ဟာနဲ့ သူဖြစ်လာကြတာပါပဲ ဗုဒ္ဓဘာသာ ၀င်တွေက အဖြန့်ကောင်းလို့ မဟုတ်ဘူး အခုတိုင် မြန်မာ ဗုဒ္ဓဘာသာ ၀င်တွေ က အိပ်ပျော်တုံးပါပဲ ဒီကိစ္စ ဆောင်ရွက်ဖို့ အတွက် ဘာ အသင်းအဖွဲ့ အစည်းမှ ပီပီပြင်ပြင် မရှိပါဘူး နောက် ဆုံးမှာ တောင်တန်းဒေ သ၊ နယ်ခြားဒေသ ကိုယ့်တိုင်းရင်းသား ကိုယ့်ဆွေ မျိုးရင်းချာတွေတောင်မှ အသိ မှန် အမြင်မှန်ထိထိ မိမိ မပို့နိုင် မပေးနိုင်ကြသေးပါဘူး၊
သီဟိုဠ် (သီရိလင်္ကာ နိုင်ငံ)
သိဟိုဠ် ဘုန်းကြီးတွေနဲ့ ဒကာ ဒကာမတွေကတော့ ဒုတိယ ကမ္ဘာစစ်မဖြစ်မီ အစောကြီးကတည်းက နိုးကြားပြီးတော့ သူတို့ တတ်နိုင်သမျှ အဖွဲ့ အစည်းနဲ့ တကွ သက်ဆိုင်ရာ အစိုးရကပါ အားပေးပြီး ကမ္ဘာကို သာသနာဖြန့်နေကြတာ အများကြီးပဲဘယ်နိုင်ငံသွားသွား အချက်ချာကြတဲ့ မြို့ကြီးတွေ မှန်သမျှမှာ သူတို့ ကြီုစားနေကြတယ်မြန်မာပြည်ကတော့ အိပ်လို့ကောင်းတုံးပဲ
ယိုးဒယား
ယိုးဒယားဘုန်းကြီးတွေကလဲ ကမ္ဘာအနှံ့အပြားမှာ ရှင်ဘုရင် ဦးဆောင့်တဲ့ ထိုင်း ဗုဒ္ဒဘာသာ လူထုရဲ့ အားပေးထောက် ပံမူနဲ့ဘုန်းကြီကျောင်းတွေ တည်ထောင်ပြီး စွမ်းနိုင်သမျှ ဖြန့်ဖြူးနေကြတာ တော်တော် များနေပြီအမေရိကမှာ ဆိုရင် မြို့ကြီး ၁၅ မြို့ထက်မနည်း ယိုးဒယား ဘုန်းကြီးကျောင်းတွေရှိနေကြပြီအင်ဒိုနီး ရှားနိုင်ငံ ဟာ မူဆလင်နိုင်ငံပါ မူလက ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ခဲ့ပါတယ် ခရစ်နှစ် (၈) ရာစု (၉) ရာစုနှစ်လောက် မှာဆိုရင် ဗိုရိုဗုဒူး လိုအံ့ မခန်းစေတီတော်များ ပေါ်ပေါက်လာသည်အထိ ထွန်းကားခဲ့ ပါတယ် အခုတော့ အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ ၁၇၆ သန်းကျော်ရှိတဲ့ အနက်က ဗုဒ္ဓဘာသာ ပီပီသသ ၂- သန်းကျော်လောက်ပဲ ရှိပါတော့တယ်မပီမသ စာရင်းဝင်ရုံမျှကတော့ ၁၀ သန်းလောက်ရှိ တယ်လို့ သိရပါ တယ် အဲဒီလို နိုင်ငံမှာဗုဒ္ဓသာသနာ ဖြန့်ဖြူးရ တာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင် ပါတယ်အဲဒီလို နိုင်ငံမှာ ယိုဒယားဘုန်းကြီးများ အပင်ပန်းခံပြီး ဖြန့်ဖြူးနေကြတာ ချီးကျူးစရာ ကြည်ညို စရာကောင်း လှပါ တယ် မြန်မာပြည် ကတော့ အိပ်ပျော်နေတုံးပါပဲ
အတားအဆီး အမျိုးမျိုး
တိဘက်ဘုန်းကြီး ဂျပန် ဘုန်းကြီးတွေ ကမ္ဘာအနှံ့ ပျံ့ နေတာကတော့ ပြောစရာလိုမယ်မထင်ပါဘူးသို့သော် လည်း အတားအဆီးက အမျိုးမျိုးရှိပါတယ်သီဟိုဠ်ဘုန်းကြီးများ စာတတ်ပေတတ် အင်္ဂလိပ်လို ရေးဖတ် ဟောပြောနိုင်ကြသော်လည်း အနောက်ဆီ ကတကယ်လိုလားတဲ့ ၀ိပဿနာ တရားကို ထိထိမိမိ မပြနိုင်ကြတော့ အာနာပါဏလောက် နဲ့ ပဲ တင်းတိမ်နေကြရပါတယ်ယိုဒယားဘုန်းကြိးများ တချို့ သင့်တင့် စွာတရားပြ တတ်ကြသော် လည်း ဘာသာစကား မကျွမ်းကျင်ကြဘူးတိဘက်ဘုန်းကြီး ဂျပန်ဘုန်းကြီး အနည်း အပါး ဘာသာစကား ကျွမ်းကျင်ကြပေမဲ့ သူတို့ တရားနည်းက၀ိပဿနာ နည်းမဟုတ်တော့ ၀ိပဿနာရဲ့ အနှစ်သာရ ကို လိုလားကြတဲ့ တိုင်းခြားသားများအားမရကြဘူး/
မြန်မာ
သိပ္ပံ နဲ့ စက်မူတိုးတက်သလောက် ရုပ်ပိုင်းဘက်က တိုးတက်မူ အဟုန် မြန်လွန်းလို့ စိတ်က လိုက်မမီတော့ မောဟိုက်နေတဲ့ တိုင်းခြားသားတွေဟာ စိတ်မချမ်းသာကြဘူး ရုပ်တိုးတက်မူမှာ အနှစ်သာရ ရှာမတွေ့ကြတော့ ဘူး ဒီတော့ စိတ်ချမ်းသာရေးအတွက် မျှော်ကြည့်လိုက်တဲ့ အခါ ၀ိပဿနာကို ခြေခြေမြစ်မြစ် အားထုတ်ကြပြီး ထိထိမိမိ ဟောကြားပြသနိုင်တဲ့ မြန်မာပြည်ကိုပဲ ပဓာန ထားအားကိုးကြတယ်ဒါပေမဲ့ မြန်မာပြည်ကတော့ အိပ်မြဲလို့ပဲ ပြောရအုံးမှာပဲ။
စာကြွင်း
ယခုအခါ မှာတော့ တချို့ ဆရာတော်ကြီးများ ဦးဆောင်တဲ့ သာသနာပြု ရဟန်းပျိုများတချို့ လူပုဂ္ဂိုလ်များ အိပ်ယာက နိုးထစ ပြုလာကြပြီး တတ်စွမ်းသမျှတော့ ကြိုးစားလာကြပါပြီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment