MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဆက်လက်ဆန္ဒပြ


RFA
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန် တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဒုတိယမြောက်နေ့အဖြစ် ဆက်လက် ဆန္ဒပြနေစဉ်။


ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန်က တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမ ၁၀၀၀ ကျော်ဟာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
အလုပ်သမားတွေက အခြေခံလစာ သုံးသောင်းအထိ တိုးပေးရေး အပါအ၀င် အလုပ်သမား
အခွင့်အရေးတွေအတွက် တောင်းဆိုနေတာဖြစ်သလို အလုပ်ခွင်မှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေကြောင့် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ အလုပ်သမတစ်ဦးက ပြောပါတယ်။
" ဆဲလည်းဆဲတယ်။ ပြီးတော့ အပ်တွေဘာတွေဆိုလည်း ကိုယ့်ဖာသာ ဝယ်သုံးရတယ်။ သံမှိုကအစ အကုန်ဝယ်သုံးရတယ်။ မနေ့ကဆိုရင်လည်း သမီးတို့ကိုဆဲဆိုတယ်။ အဖေကအစပေါ့နော်။ အဖိုးအဖွား အကုန်လုံးကို တုတ်တယ်။ နောက်ပြီးတော့ ခေါင်းကိုလည်း အမြဲတမ်းခေါက်တယ်။ မတ်တတ်လည်း ထွက်ရပ်ခိုင်းတယ်။ တနေကုန်"
လက်ရှိမှာ တစ်ရက်ကို အခြေခံလစာ ကျပ် ၃၀၀ အပါအ၀င် ရက်မှန်ကြေးနဲ့ အိုတီကြေးတွေပဲ ရကြတာဖြစ်ပါတယ်။ အလုပ်သမားတွေက အခြေခံလစာကို သုံးသောင်းကျပ်ပေးဖို့ တောင်းဆိုတာကို အလုပ်ရှင်က သုံးသောင်းဝန်းကျင်အထိပဲ တိုးပေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
တော်ဝင်မြန်မာဇာထိုး စက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးအလုပ်သမား ၄၀ ခန့်ရှိနေကြောင်းလည်း သိရပါတယ်။ အလုပ်သမားရုံးက လာရောက်စစ်ဆေးတဲ့အခါ အဲဒီကလေးတွေကို ဖွက်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။


RFA
2012-05-29

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။