MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ဖို့ မသေချာပေမယ့် တတ်နိုင်သလောက်တော့ လုပ်သွားမယ်ဆိုတဲ့ ထွန်းအိန္ဒြာဗို

 
ထွန်းအိန္ဒြာဗိုကပြေတီဦးနဲ့ဗီဒီယိုနှစ်ကား ရိုက်ဖို့ ပြင်ဦးလွင်ကို  မေလ၂ရက်နေ့က ရောက်ရှိလာပါတယ်။ သူ့ရဲ့မွေးနေ့ မေလ၁ ရက်နေ့မှာတော့ ပြင်ဦးလွင်ကို တက်လာ တာမို့ လမ်းခရီးမှာပေါ်မှာပဲ မွေးနေ့ကို ကုန်လွန်ခဲ့ရတာပါ။ သားဖြစ်သူ အိပ်ပျော်နေချိန်မှာ ခရီးထွက်ခဲ့တာမို့ သားဖြစ်သူ အောင်ဗိုကောင်းသန့်က သူနိုးတဲ့အခါမှာ မိခင်ဖြစ်သူ ထွန်းအိန္ဒြာဗိုကို မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက မေလ ၁ရက်နေ့ နိုးနိုးချင်းမှာပဲ မွေးနေ့ ဆုတောင်းလုပ်ခဲ့တယ်လို့ သိရပါ တယ်။ မွေးနေ့မတိုင်မီ ရိပ်သာဝင်ခဲ့တာမို့ ရိပ်သာမှာပဲ မွေးနေ့ လှူလို့ပြောရမယ့် အလှူလုပ်ဖြစ်ခဲ့တယ် လို့ဆိုတဲ့ ထွန်းအိန္ဒြာဗိုက မွေးနေ့လို့မဟုတ်ဘဲ
လစဉ် အလှူလုပ်ဖြစ် တယ်လို့ ပြောပါတယ်။ မွေးနေ့အထိမ်းအမှတ်အနေနဲ့သူ့ သူငယ်ချင်းအယောက်၂ဝ လောက်ကို ရန်ကုန်ပြန်ရောက်မှပဲ မုန့်ကျွေးဖြစ်မယ်လို့ ပြောပါတယ်။ ပြင်ဦးလွင် မှာ နှစ်ပတ်ကြာ နေထိုင်ပြီး ဇာတ်ကားတွေရိုက်ကူးမယ့်ထွန်းအိန္ဒြာဗိုကို တက်သစ်စမင်းသမီးတွေက လေးစားအားကျပြီး ဇာတ်ကားကောင်းတွေကို ပြန်ရိုက်ချင်ကြ တယ်လို့ ပြောပါတယ်။ အဲဒီလိုပဲ ထွန်းအိန္ဒြာဗိုကော ဘယ်မင်းသမီးကြီးတွေရဲ့ ဇာတ်ကားတွေ ပြန်ရိုက်ချင်လဲမေးတော့..”နိုင်ငံခြားကားတွေ အများကြီး ပြန်ရိုက်ချင် တာရှိတယ်။ ငယ်ငယ်ကကြည့်ခဲ့တဲ့ မြန်မာကားတွေကို ပြန်ကြည့်မှ ဖြစ်မယ်။  ငယ်ငယ်ကကြည့်ရတာနဲ့ အခုအလုပ်လုပ်မှ ကြည့်ရတာ အမြင်ချင်းက မတူဘူး။ ငယ်ငယ်က ပရိသတ်ပေါ့။ အခုတော့ ပြန်ကြည့်ရင် ကိုယ်သာဆိုရင်ဆိုတဲ့စိတ်နဲ့ မြင်ကြည့်တာ။ မကြည့်ဖြစ်သေးလို့ပါ။ ကြည့်ဖြစ်ရင် အဲဒီအာရုံပေါ် လာဦးမှာ ပဲ”လို့ ပြောပါတယ်။ ကျွန်တော်မမေးမိတဲ့အထဲက အစ်မဘာများပြောချင် နေမလဲဆိုတော့ ”ဒီနေ့ အမေတို့ လွှတ်တော် တက်ကြတဲ့အတွက် ကျွန်မတအားဝမ်းသာတယ်။ အမေလွှတ်တော်ကို ဝင်တာ၊ အဖွဲ့ချုပ်လွှတ် တော်ထဲဝင်တာက ရင်းနှီးမှုတွေ၊အနစ်နာခံမှုတွေ အများကြီးနဲ့လဲပြီးမှ ဝင်ခဲ့ရတာပါ။ အမေတို့လည်း တိုင်းသူပြည်သားတွေ ကောင်းစားဖို့ အတွက် သေချာပြင်ဆင်ပြီးသား ဖြစ်မယ်လို့ယုံကြည်တယ်။ အမေတို့ လုပ်တဲ့အလုပ်တွေကလည်း တိုင်းသူ၊ပြည်သားတွေ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါ တယ်။ ထွန်းအိန္ဒြာဗိုက ပြည်သူ တွေကောင်းစားဖို့ ဆိုတဲ့ ရည်ရွယ်ချက်အနေနဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ တက်ကြွစွာ ပါဝင်ကူညီခဲ့တာမို့ နောင်တစ်ချိန် မှာကော နိုင်ငံရေးလောကထဲမှာ မြင်ရဖို့ရှိလားဆိုတဲ့ အမေးကို..”နိုင်ငံတကာမှာလည်း Celebrity တွေ နိုင်ငံရေး လောကထဲဝင်ပြီး  ပံ့ပိုးကြတာတွေ  ရှိပါတယ်။  ကျွန်မ ကတော့ နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်ဖို့ မသေချာဘူး။ ဒါပေမဲ့ တတ်နိုင်သလောက်တော့ ကျွန်မ လုပ်သွားမယ်ဆိုတာ သေချာတယ်” လို့ပြောပြခဲ့ပါတယ်။
နေကွန်းထင်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။