MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 11, 2012

ငြိမ်းချမ်းရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ တိုင်းရင်းသားအဖွဲ့များ ဆန္ဒရှိ

2012-05-10
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ မြန်မာအစိုးရအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ တစုံတရာ အကျိုးရှိပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း တိုင်းရင်းသား လူမျိုးစုအဖွဲ့ တွေက မနေ့က တောင်းဆိုလိုက်ပါတယ်။
Photos courtesy of NLD
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံနှုတ်ဆက်နေစဉ်။
ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ငြိမ်းချမ်းရေးကောင်စီ ခေါင်းဆောင် Timothy
Laklem က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ရေးအတွက် သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်တွေအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ဒီအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် အာမခံချက်ရနိုင်ဖို့ တိုင်းရင်းသား လူမျိုးစုအဖွဲ့တွေ ယုံကြည်အားထားနိုင်တဲ့ ကြားခံ ကိုယ်စားလှယ်တစ်ဦး ပါဝင်ဖို့  လိုအပ်ကြောင်း၊ အပစ်အခတ် ရပ်စဲရေး အနေအထားကနေ ကျော်လွန်ပြီး ဖေဖော်ဝါရီလအတွင်း ဆွေးနွေးပွဲကနေ သဘောတူထားတဲ့ အချက် (၇ ) ချက်ကို ထိရောက်စွာနဲ့  အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ် ။
KNU အဖွဲ့ အထွေထွေ အတွင်းရေးမှူး နော်ဇီပိုးရာစိန်ကလည်း ဒေါ်အောင်ဆန်းကြည်ဟာ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စတွေ ဆောင်ရွက်နေသူ ဖြစ်တဲ့အပြင် တိုင်းပြည် အပြောင်းအလဲအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အရေးကြီးသူတစ်ယောက် ဖြစ်တယ်လို့ ထင်မြင်ယူဆကြောင်း အာအက်ဖ်အေကို ပြောဆိုပါတယ်။
မြန်မာအစိုးရသစ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁ ) ဖွဲ့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အဆင့် (၃) ဆင့် သတ်မှတ်ပြီး ဆွေးနွေးနေပါတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်မှာတော့ ဆွေးနွေးပွဲတွေ ရှေ့မတိုးနိုင်သေးဘဲ အပစ်အခတ်တွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ဒီအတောအတွင်း သမ္မတကိုယ်တိုင် ပါဝင်ဦးဆောင်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို အသစ်ပြန်လည် ဖွဲ့ စည်းလိုက်တဲ့အပေါ် တိုင်းရင်းသား အဖွဲ့ အစည်းတွေက ကြိုဆိုလိုက်ကြပါတယ်။


RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။