MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

လက်သံပြောင်သော ချောင်းဆုံရဲကြောင့် အပြစ်မဲ့သူတစ်ဦး ဆေးရုံရောက်

လူတစ်ဦးသေဆုံးခဲ့သော ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ရွာဘုရားပွဲရိုက်မှုတွင် ပါဝင်သည်ဟု ဆိုကာ ရဲကဖမ်းဆီးခဲ့သည့် ကိုသက်ပိုင်စိုးအာ: ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော် လည်း ရိုက်နှက်စစ်ဆေးခဲ့သောဒဏ်ကြောင့် မော်လမြိုင်ဆေးရုံ၌ပင် ဆေးဝါးကုသမှု ခံယူနေရဆဲဟု သိရသည်။ကိုသက်ပိုင်စိုး (၂၄နှစ်) သည် ကမာမိုရွာသားဖြစ်ပြီး ဧပြီ ၁၉ ရက်နေ့ည ကွမ်ရိုက်ရွာ ဘုရားပွဲတွင် မုဒွန်းရွာနှင့် ကမာမိုရွာမှ လူငယ်ချင်းရိုက်မှုကြောင့် မုဒွန်း ရွာသားတစ်ဦး သေဆုံးခဲ့မှုတွင် ပါဝင်သည်ဟု ရဲကသံသယရှိ၍ ဖမ်းဆီး စစ်ဆေးခံရသူ ၁၃ ဦး ထဲတွင် တစ်ယောက်ဖြစ်သည်။ကိုသက်ပိုင်စိုး၏ နောက်ဆုံးကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ ၄င်းနှင့်နီးစပ်သူ တစ်ဦးက ”ဒီနေ့အထိ လက်နှစ်ဖက် လှုပ်လို့မရသေးဘူး။ ချိုင်း ကြားကအနာကတော့ ကျက်သွားပြီ။ ပခုံးအဆစ်ကတော့ လှုပ်လို့မရသေးဘူး။ ပေါင်ကြား ကဒဏ်ရာကလည်း မကျက်သေးဘူး”
ဟု မေ ၂ဝ ရက်ညနေပိုင်း က ပြောသည်။ ချောင်းဆုံမြို့နယ်မှ ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက မေ ၂၁ ရက်တွင် မော်လမြိုင်ဆေးရုံ ၌သွားရောက်တွေ့ဆုံစဉ် ကိုသက် ပိုင်စိုး၏ မိဘများက မိမွေးသည့် အတိုင်း ပြန်ရလာမှာမဟုတ်ဟု ဆရာဝန်များက ဆိုကြောင်း ၄င်းအားပြောပြသည်ဟု ပြောသည်။ ကိုသက်ပိုင်စိုးအား မေ ၁၈ ရက်နေ့တွင် ချောင်းဆုံဆေးရုံသို့ တင်ခဲ့ပြီး ၁၉ ရက်နေ့တွင် မော်လ မြိုင်ဆေးရုံသို့ ပြောင်းရွှေ့ကုသခဲ့ သည်။ ဒေါက်တာအောင်နိုင်ဦး အား မော်လမြိုင်ဆေးရုံတွင် ကိုသက်ပိုင် စိုးက ၄င်းအား စစ်ဆေးခဲ့ပုံကို ပြောပြခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦး က ယခုလို ပြောသည် ”ည ၁ဝ နာရီလောက်မှာ မျက်နှာဖုံးစွပ်ပြီး ဆိုင်ကယ်နောက်က တင်ကာသုံးလေးပတ်လောက် ပတ်မောင်းတယ်။ ပြီးတော့ နောက်ပြန် ကြိုးတုပ်၊ ကြိုးအောက်မှာ ခဲလုံးဆွဲ ထားတယ်။ ချိုင်းနှစ်ဖက်နဲ့ ပခုံးကို နိုင်လွန်ကြိုးနဲ့သိုင်းပြီး ပြန်ဆွဲတင် ထားတယ်။ ခြေထောက်နဲ့ကြမ်းပြင် က မထိတထိပဲ။ ပြီးတော့ တုတ်နဲ့ ရိုက်တယ်။ ဆေးလိပ်မီးနဲ့ ထိုးတယ်။ မနက်ရောက်တော့ ကြိုးပြတ်ပြီး ခေါင်းနဲ့ကြမ်းပြင်နဲ့ ဆောင့်တယ်”ယင်းသို့ ရိုက်နှက်မေးမြန်းသူ ဒုရဲအုပ်ကျော်စွာခိုင်က နိုင်လွန်ကြိုး နှင့် မသိုင်းဘဲ လုံချည်နှင့်သာ သိုင်းခြင်းဖြစ်သည်ဟု ဆိုကြောင်းဒေါက်တာအောင်နိုင်ဦးက ပြန်လည်ပြောပြသည်။ ချောင်းဆုံရဲစခန်းမှ စခန်းမှူး ရဲအုပ်သိန်းလွင်က ထိုသို့ပြုလုပ်သူ ဒုရဲအုပ်အား ခရိုင်ရုံးပို့ထားပြီးဖြစ် ကြောင်း အထက်လူကြီးများက မည်သို့မည်ပုံ အရေးယူမည်ကို မသိ သေးကြောင်း မေ ၂၈ ရက်နေ့တွင် ပြောသည်။ယင်းသို့ ရိုက်နှက်စစ်ဆေးမှုကို ပြည်နယ်အစိုးရထံ တင်ပြထား သည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ မေ ၂ဝ ရက်နေ့တွင် ချောင်းဆုံ မြို့နယ်၊ ရွာသုံးရွာ၌ ဒီချုပ်ရုံးဖွင့်ရန် ရောက်ရှိနေသော ဒီချုပ်ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန်က ”အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့တွေ့တဲ့ ဒုရဲအုပ်တစ်ယောက်ကို ပြောလိုက် တယ်။ ပြည်သူ့ရဲအဖြစ် တာဝန်ထမ်းဆောင် ခွင့် ရတာဟာ လူတွေကိုကင်ပေတိုင်လို ကြိုက်သလိုညှဉ်းဆဲ ဖို့ လိုင်စင်ရသွားတာ မဟုတ်ဘူး လို့”ဟု ပြောသည်။ မေ ၂၁ ရက်နေ့တွင် ဦးအောင် ကြည်ညွန့်က ကိုသက်ပိုင်စိုး မိဘ များအား ဂတ်စာရေးက လွှတ်ပေး တော့မည်ဟု ဆိုခြင်းမှာ မှန် မမှန်၊ နစ်နာမှုများအတွက် လူသားချင်း ထောက်ထားစွာဖြင့် မည်သို့ ကုစားမည်နည်းနှင့် ယင်းသို့ ရိုက်နှက် စစ်ဆေးသူကို အရေးယူမှုရှိမရှိ မေးမြန်းခဲ့ရာ ချောင်းဆုံရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက လွှတ်ပေးမည့် အကြောင်း၊ ဆေးဝါးကုသစရိတ် ထောက်ပံ့ မည့် အကြောင်းနှင့် ရိုက်နှက်စစ်ဆေးသူ ဒုရဲအုပ်အား ခရိုင်သို့ ပြောင်းပို့ထားကြောင်း ပြောသည်ဟု ဆိုသည်။ချောင်းဆုံရဲစခန်းမှူး ရဲအုပ် သိန်းလွင်က ”ကျွန်တော်နဲ့ မြို့နယ် မှူးနဲ့က ဆေးဝါးကုသဖို့ တစ်သိန်း အကူအညီပေးခဲ့ပါ တယ်”ဟု ပြောသည်။ ယင်းအမှုနှင့် ပတ်သက်၍ ရဲက ဖမ်းဆီးထားရာမှ ပြန်လွတ် လာသူတစ်ဦးက ”ကျွန်တော် တို့ ၁၃ ယောက်ထဲက လေး ယောက်ပဲ မော်လမြိုင်ရဲစခန်းမှာ ကျန်တော့တယ်”ဟု မေ ၂၇ ရက်နေ့တွင် ပြောသည်။

လင်းဦး



Popular Myanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။