MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

ကိုယ်လုပ်ချင်တာပဲ လုပ်မယ်ဆိုရင် စိတ်ဓာတ် ကြံ့ခိုင်ဖို့လိုတယ် မာရဇ္ဇ

အောင်မြင်နေတဲ့ မြူးဇစ်လမ်းမပေါ်မှာ လမ်းဆက်မလျှောက်ဘဲနောက်ထပ်လမ်းသစ် တစ်ခုကိုထပ်ဖောက်ခဲ့တဲ့မာရဇ္ဇ။ကိုယ်သွား ချင်တဲ့လမ်းကြောင်းကိုပဲခေါင်းမာမာ နဲ့ရွေးချယ် ပြီး ရွက်လွှင့်ခဲ့တဲ့သူတိုင်းအခက်အခဲကတော့ ကြုံရစမြဲပါ။မာရဇ္ဇလည်း ကြုံခဲ့ရတာပါပဲ။”ဒီအတွက် စိတ်ဓာတ်ကတော့ ကြံ့ခိုင် ရမှာပါ။ ကိုယ်လုပ်ချင်တာတွေ လုပ်ပြီး ပရိသတ်နဲ့မတည့်တော့တဲ့အခါကျတော့ တစ် ခါတလေအစ်ကိုလည်း ညစ်တာပဲလေ။ နောင်တဆိုတာတော့ မရပါဘူး။ ဒါပေမဲ့ ငါ ဘာလုပ်ရင်ကောင်းမလဲ၊ ငါမှားနေပြီလားဆို ပြီး တစ်ခါတစ်ခါ အမြဲတမ်းသုံးသပ်မိပါတယ်။ သုံးသပ်ပြီးသွားပြန်တော့လည်း နောက်ဆုံး ကိုယ်လုပ်ချင်တာကိုယ်လုပ်ဖို့အတွက်ပဲ ရှေ့ ကို ပြန်
လျှောက်မိတာပါပဲ”လို့ မာရဇ္ဇက ကိုယ် လုပ်ချင်တဲ့အနုပညာအတွက် ဘယ်လောက် ပဲ ခက်ခဲခဲ့ပါစေ၊နောက်မပြန်ဆုတ်ခဲ့ဘူးဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ စုနှစ်ကာလတုန်းက လူငယ်တွေရဲ့ ပါးစပ်ဖျား မှာအမြဲတမ်းဆိုညည်းနေကြတဲ့’ဆွဲအား’သီချင်း ရဲ့ ဖန်တီးရှင် မာရဇ္ဇက အခုချိန်မှာဒီလိုသီချင်း မြူးဇစ်ပုံစံမျိုးသာ ထပ်လုပ်မယ်ဆိုရင်  မှန်ပေမယ့်လည်း သူဒီမြူးဇစ်ကိုထားခဲ့ပြီး ‘ဆယ့်နှစ်လက်မတစ်ပေ’ သီချင်းမြူးဇစ်ပုံစံ အသစ်တစ်ခုဘက်ကို ခြေဦးလှည့်ခဲ့တယ်။ ”ဆွဲအားလို သီ ချင်းမျိုးကို အစ်ကိုက ၁၆နှစ်သားတုန်းက ရေးခဲ့တာဖြစ်တဲ့အတွက် အခုချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ လူ တစ်ယောက်က မြစ်တစ်ခုမှာရေတစ်ခါပဲ ချိုးလို့ရတ ယ်။ ရေနှစ်ခါချိုးလို့မရဘူး။ ဒါကို ထပ်လုပ်မယ်ဆိုရင် အတုပဲဖြစ်မှာပဲ။ ဒီသီချင်း ပုံစံမျိုးကိုပဲ တည်ပစ်မယ်ဆိုရင် ကိုယ့်ကိုယ် ကိုယ်လည်း မရိုးမသားမလုပ်ချင်ဘူး ။ဒါေ ကြာင့် ကိုယ်ကြိုက်တဲ့မြူးဇစ်ပုံစံကို ထပ်တွေ့တဲ့အတွက် ကိုယ်ပြောင်းပြီး လုပ်ခဲ့ တာပါ”လို့ပြောပါတယ်။ကိုယ်ကြိုက်တဲ့ မြူးဇစ် ထဲကနေ ရုန်းထွက်ပြီး၊ လူနည်းစုပဲကြို က်သေး တဲ့ မြူးဇစ်ပုံစံအသစ်တစ်ခုကို တိုးဝင်ခဲ့တဲ့ မာရဇ္ဇက ဒီလူနည်းစု ပရိသတ်တွေနဲ့ပဲ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရှေ့ဆက် သွားမယ်လို့ သူရဲရဲဝင့်ဝင့် ဆိုခဲ့ပါတယ်။”ကြိုက်တဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ အဲဒီလိုမျိုးမှ မရှိဘူးဆိုရင်တော့ ကိုယ်လုပ်တာမှားနေပြီပေါ့။ ကိုယ့်အနေနဲ့ ဒီမြူးဇစ်လမ်းကြောင်းကို ရမ်းသန်းပြီး မျက်စိ မှိတ်လျှောက်နေတာမဟုတ်ဘူး။ ကိုယ်တို့ လုပ်ချင်တဲ့ မြူးဇစ်က ပရိသတ်တွေနဲ့ မတည့် သေးတာပါ။ ဒါပေမဲ့ တစ်နေ့တော့ ဒီမြူးဇစ် နဲ့ တည့်မှာပဲဆို တဲ့ မျှော်လင့်ချက်တစ်ခုနဲ့ လုပ်နေတာပါ။ ဒီမြူးဇစ်ကို ကြိုက်နေတဲ့ လူ ငယ်တွေကိုလည်း စိတ်မပျက်စေချင်ဘူး။ စိတ်ပျက်သွားမှာ စိတ်ပူတယ်။ သူတို့ကြောင့် လည်း ကိုယ်ပိုပြီး ကြိုးစားဖြစ်ခဲ့တာပါ။ နောက် ကိုယ်ရဲ့ပရိသတ်အဟောင်းတွေကို လည်း စိတ်မပျက်စေချင်ဘူး။ ကိုယ်တတ် နိုင်သရွေ့ ညီမျှအောင်လုပ်ပြီး သွားနေတယ်။ ပရိသတ်အဟောင်းတွေကိုလည်း ပစ်ပယ် ထားလို့မရဘူး။ ပရိသတ်အဟောင်းတွေ ဒီ မြူးဇစ်ကို ဘယ်လိုနည်းနဲ့ ကြိုက်လာအောင် မြှူဆွယ်ရမလဲဆိုတာလည်း အမြဲစဉ်း စား နေပါတယ်”။ဒါကတော့ အရင်ပရိသတ် အဟောင်းတွေနဲ့ အခုလက်ရှိ ပရိသတ် အသစ်တွေအပေါ် မာရဇ္ဇရဲ့စကားပါ။ပရိသတ်ကြိုက်တဲ့ သီချင်းပုံစံ၊ ဂီတအမျိုးအစား ကို ရွေးချယ်ပြီး စင်ပေါ်တက်နိုင်ဖို့လုပ်နေကြတဲ့ အချိန် မှာ စင်ပေါ်တက်ဖို့ ပါမစ်ရပြီးသား မြူးဇစ်ပုံစံတွေကို ဘေးဖယ်ပြီး မြူးဇစ် ပုံစံအသစ်နဲ့ စင်ပေါ်တက်ဖို့ ကြိုးစား နေ တဲ့မာရဇ္ဇ။ကြိုးစားနေဆဲကာလ အတွင်းမှာတော့ မာရဇ္ဇကို ရှိုးတွေမှာ အတွေ့ရကျဲသွားခဲ့တယ်။”အစ်ကို့အနေနဲ့ ပွဲတွေမှာ မဆိုဖြစ်သလောက်ပါပဲ။ ပွဲတွေကို ရှောင်တာ များခဲ့တယ်။ ရှောင်ရင်း၊ ရှောင်ရင်းနဲ့ပွဲလုပ်တဲ့လူတွေနဲ့ အဆက် အသွယ်ပြတ်ပြီးတော့ကိုယ်က ဘေး ထွက်ထိုင်ရသလိုမျိုးဖြစ်နေတယ်။ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူ ငယ်ချင်း ပွဲတွေလောက်ပဲဆို ဖြစ်တယ်။ရှိုးတွေ မှာတော့ အစ်ကို ပျောက်သလောက် ဖြစ်နေပြီ။တီးဝိုင်းတစ်ခုက ငှားမယ်။ ကိုယ်ဆိုပြချင်တဲ့သီချင်းက ဒီလိုမျိုးတွေ ဖြစ် တယ်။ သီချင်းတိုက်ရမှာနဲ့ဘာနဲ့ပေါ့။ အဲဒီတော့ ကိုယ်က ရွေးချယ်တော့ သူတို့က လည်း အစ်ကို့ကိုပြန်ရွေးချယ်တယ်။ဒါကြောင့်  အခု လောလောဆယ် ဆယ်တော့ေ ဘးထွက် ထိုင်နေရတာပေါ့။ထိခိုက်မှုတွေကတော့ရှိ တာပေါ့”လို့ ဆိုခဲ့တဲ့ မာရဇ္ဇကဘယ်လို အခက် အခဲတွေပဲရှိနေပါ စေ၊သူ့ရဲ့ပရိသတ် အတွက်နောက် ထပ်အခွေသစ် ကို စတင်ပြင် ဆင်နေပြီဖြစ်ပါ တယ်။
လင်းအက္ခရာ
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။