MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

နေပြည်တော်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့



ဒက္ခိဏသီရိ မြို့နယ် ရဲတိရွာကို အခြေပြုပြီး လယ်ယာစိုက်ပျိုးရေး အလုပ်သမားသမဂ္ဂ တခု မေ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည်။သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ၇ ဦးကို ရွေးချယ် တင်မြှောက်ကြကြောင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဦရီမောင်က ဧရာဝတီသို့ပြောသည်။´ သမဂ္ဂဖွဲ့စည်းတဲ့နေ့က အဖွဲ့ဝင် ၆၀ တက်ရောက်ပါတယ်။ အများဆန္ဒ အရ ဦးလှမြင့်ကို ဥက္ကဌ တင်ကြပြီးတော့ အတွင်းရေးမှူးက ဦးကျော်ရွှေ ဖြစ်ပါတယ်။ ဘဏ္ဍာရေးမှူးကတော့ ဦးကျော်စိုးပါ။ မေလ ၂၄ ရက်နေ့မှာ ရန်ကုန်က အလုပ်သမားအရေး နားလည်ကျွမ်းကျင်တဲ့ လူကြီးတွေက ကမကထပြု အကူအညီ ပေးပြီး ကျနော်တို့

ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်´ ဟု ဆိုသည်။

ကျန် အမှုဆောင်အဖွဲ့ဝင်များမှာ ဦးကျော်ဝင်း ဦးရီးမောင် ဦးမောင်မောင်နှင့် ဦးမင်းစိုးတို့ ဖြစ်ကြသည်။

နေပြည်တော်တွင် သမဂ္ဂ လိုအပ်ပုံကိုလည်း ဦးမောင်ရီက ရှင်းပြသည်။ နေပြည်တော် တည်ဆောက်ရေးလုပ်ငန်း စတင်စဉ်ကတည်းက ဒေသခံများ၏ ဘိုးဘွားပိုင် လယ်မြေ ဥယျာဉ်နှင့် ရွာအများအပြားကို သိမ်းပိုက်ခြင်း ခံခဲ့ရသည်ဟု သူက ဆိုသည်။

´ကျနော်တို့ မိရိုးဖလာ လယ်သမားတွေပါ။ လယ်ကလွဲပြီး ဘာမှ မလုပ်စားတတ်ပါဘူး။ ဒီလယ် ဒီမြေကို ထွန်ယက်ပြီးမှ ကျနော်တို့ဘ၀ ရှင်သန်ရတာပါ။ စစ်တပ်က ကျနော်တို့ လယ်တွေသိမ်းတုန်းက တဧက ၃ သိန်းခွဲ ပေးတယ်ဗျာ။ ကျနော့မှာ သားထောက် သမီးခံလည်း ရှိတာ မဟုတ်တော့ ဒီ ပိုက်ဆံကုန်သွားရင် ဘာဆက်လုပ်ရမလဲ။ တောင်းဘဲ စားရမလား။ အသက်တွေကလည်း ကြီးပြီ။ ဒါကြောင့် ကျနော်တို့ရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ဆိုရင် သမဂ္ဂ လိုတယ်။ နောင်ကို ကိစ္စတခုပေါ်လာရင် အများအတွက် သမဂ္ဂအားနဲ့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လို့ ဒီသမဂ္ဂမှာ ၀င်ပါ လုပ်ဆောင်တာ ဖြစ်ပါတယ်´ဟု ဆိုသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမဂ္ဂများကို တရားဝင် ဖွဲ့စည်းခွင့် ပြုထားသဖြင့် မိမိတို့ အဖွဲ့ကို မှတ်ပုံတင်ရန် အစီအစဉ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။

သမဂ္ဂ စနစ်တကျ ဖွဲ့စည်းနိုင်ရေးအတွက် ရန်ကုန်မှ လာရောက် အကူအညီပေးသောအဖွဲ့မှာ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ ဖြစ်ကြောင်း သိရသည်။

သမဂ္ဂဖွဲ့ရေးအစီအစဉ်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက ပြဿနာရှာခြင်းမရှိဟု ကော်မတီဝင် ဒေါ်အိရွှေစင်ညွန့်က ပြောသည်။

´ကျမတို့ ကော်မတီက အကြံပေးခြင်း လမ်းညွှန်ကူညီခြင်း စတဲ့ ကမကထပြုမှုတွေနဲ့ ဖွဲ့ဖြစ်တာ ဒီအဖွဲ့နဲ့ဆိုရင် သမဂ္ဂ ရှစ်ခုကို ဖွဲ့စည်းပြီးသွားပါပြီ။ တချို့ကလည်း တရားဝင် မှတ်ပုံတင်ကျပြီးသွားပြီ။ တချို့လည်း ကြိုးစားတုန်းပေါ့။ ကျမတို့ ကြုံရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုကတော့ ပြည်သူတွေဟာ အကြောက်တရား လွှမ်းမိုးခံနေရဆဲနဲ့ သမဂ္ဂဘာကြောင့် ဖွဲ့ရတယ်။ သူတို့အတွက် သမဂ္ဂ ဘာကြောင့်လိုအပ်တယ်ဆိုတာကို မသိကြသေးတဲ့ စိန်ခေါ်ချက်ပါဘဲ။ သမဂ္ဂကို ဖွဲ့စည်းဖို့အတွက် အစက ဆောက်လုပ်ရေးဘက်ကရော လယ်ယာစိုက်ပျိုးရေးဘက်ကပါ လူ ၂၀၀ လောက် တက်ဖို့ ရှိပေမဲ့ ခုနပြောတဲ့ အချက်တွေကြောင့် လူ ၆၀ လောက်ဘဲ တက်ဖြစ်ကြတယ်။ ဒီတက်တဲ့လူအားလုံးကတော့ ဒီရဲ့ အဖွဲ့ ၀င်တွေ ဖြစ်ပါတယ်။ ဒီမှာ မှတ်သားစရာ ထူးခြားချက်က ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်တိုင် လယ်မြေ အသိမ်းခံထားရသူ ဖြစ်နေတယ်။ ဒါကြောင့် သူက ဘာမှ ကျမတို့ကို ဟန့်တား တာ နှောက်ယှက်တာ မလုပ်ပါဘူး´ ဟု သူက အကျယ်တ၀င့် ရှင်းပြသည်။



ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။