MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Saturday, May 26, 2012

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဇွန်လအတွင်း အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်မည်ဟု သိရ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား အင်းလျားလိတ်ဟိုတယ်၌ စတင်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းနှင့် လာမည့် ဇွန်လအတွင်း စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိပါသည်။လက်ရှိအချိန်တွင် ကမ္ဘာ့ဘဏ်ရုံးခွဲအား ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေပြီး ဖွင့်လှစ်မည့်ရက် အတိအကျ၊ ဖွင့်လှစ်ပြီးပါက မြန်မာနိုင်ငံအပေါ် မည်သို့ ကူညီပေးမည်ဆိုသည့် အသေးစိတ် အချက်အလက်များကိုမူ ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ထုတ်ပြန်ပေးမည်ဟု လည်း သိရှိရသည်။ကမ္ဘာ့ဘဏ်ရုံးခွဲအား စီမံခန့်ခွဲမည့်အဖွဲ့မှ ခွင့်ပြုသည်နှင့် အသေးစိတ် အချက်အလက်များ ထုတ်ပြန်ပေးမည့်အပေါ် ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန် ဆောင်ရွက်နေသူတစ်ဦးက ''သတင်းကတော့ ထုတ်ပြန်ပေးမှာပါ။ ကမ္ဘာ့ဘဏ်ရုံးခွဲနဲ့ဆိုင်တဲ့ သတင်းအသေးစိတ်ကို Communication Officer က
ခွင့်ပြုတာနဲ့ မီဒီယာတွေကိုပါ ရှင်းလင်းသွားဖို့ စီစဉ်ထားတယ်'' ဟု ပြောပြခဲ့သည်။

ကမ္ဘာ့ဘဏ်ရုံးခွဲအပြင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ထိပ်တန်းဘဏ်များဖြစ်သော Standard Chartered ဘဏ်နှင့် ဂျပန်ဘဏ်များအပါအ၀င် နိုင်ငံခြားဘဏ်ကြီးများကို ၂၀၁၄ ခုနှစ်မှ မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း နိုင်ငံခြားဘဏ်ရုံးခွဲ ကိုယ်စားလှယ်များနှင့် ဘဏ်လုပ်ငန်း အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။

ယင်းအပြင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရထားသော မြန်မာဘဏ်များ အမေရိကန်နှင့် အီးယူနိုင်ငံများမှ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း တိုက်ရိုက်ချိတ်ဆက်နိုင်ရန် စတင်ပြင်ဆင်းခြင်း၊ တိုကျို စတော့အိတ်ချိန်း မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်ရန်အတွက် နေပြည် တော်၌ နားလည်မှုစာချွန်လွှာ MoU ရေးထိုးခြင်းများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။