MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

မင်္ဂလာဒုံလေဆိပ်တွင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်


RFAမင်္ဂလာဒုံလေဆိပ်၌ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည့်အကြောင်း လဝက ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက သတင်းထောက်များအား ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်တွင် ရှင်းလင်းပြောကြားနေစဉ်။

ပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အဆင်ပြေချောမွေ့စေဖို့အတွက် ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ်မှာ နိုင်ငံပေါင်း ၂၀ ကျော်က လုပ်ငန်းရှင်တွေကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီ့း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ဆက်သွယ်မေးကြည့်ရာမှာ -
" Business visa နဲ့ဆိုရင် ကျွန်တော်တို့က အခုပေးတဲ့ ဥစ္စာက အာဆီယံ ၁၀ နိုင်ငံနဲ့ပေါင်းလို့ရှိရင်
စုစုပေါင်း နှစ်ဆယ့်ခြောက်လေ။ အဲတာကို ကျွန်တော်တို့က ဆိုက်ရောက်ဗီဇာ ရန်ကုန်လေဆိပ်မှာ ပေးမယ်။ ဒီ Business visa တစ်ခုပဲပေးမယ်။ ကျန်တဲ့ ဗီဇာတွေ သူတို့မနိုင်သေးဘူးလေ၊ ဖြေးဖြေးချင်း ဖြစ်လာမယ်"
အခုအစီအစဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ သြစတေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေ အပါအ၀င် နိုင်ငံပေါင်း ၂၆ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ဆိုက်ရောက်ဗီဇာ ရယူနိုင်တော့မှာ ဖြစ်ပါတယ်။
ဗီဇာကြေးက အမေရိကန် ဒေါ်လာ ၅၀ ဖြစ်ပြီး ရက်ပေါင်း ၇၀ နေထိုင်ခွင့်ရရှိမယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က အလားတူ ဆိုက်ရောက်ဗီဇာကိစ္စ စီစဉ်ခဲ့ပေမယ့် အဲဒီနှစ် ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဖျက်သိမ်းခဲ့ပါတယ်။





RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။