MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် အဂတိလိုက်စားမှု ပပျောက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြကွက်များအား ဆင်ဆာခွင့်ပြုပေးသွားမည်


e7332
ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် မြန်မာနိုင်ငံ 
ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တွေ့ဆုံစဉ်


ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများတွင် အဂတိလိုက်စားမှု ပပျောက်ရေး၊ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပြကွက်များအား ရိုက်ကူးထည့်သွင်းပါက ဆင်ဆာခွင့်ပြုပေး ပါရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြန်ကြားရေး ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် တွေ့ဆုံရာ၌ အချက်တစ်ချက်အဖြစ် တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဆင်ဆာအဖွဲ့များ အနေဖြင့်
ညှိနှိုင်းခွင့်ပြုပေးသွားရန် ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
“ကျွန်တော်တို့ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ တရားသူကြီးက လာဘ်စားတာမျိုးလို အဂတိလိုက်စားမှု ပြကွက်တွေ၊ ဆင်းရဲမွဲတေမှုဆိုတဲ့ လက်တွေ့ပြင်ပမှာ ဖြစ်ပျက်နေတဲ့ ပြကွက်တွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ပြကွက်တွေကို ထည့်သွင်းရိုက်ကူးရာမှာ ဆင်ဆာဖြတ်တောက်တာမျိုးတွေ ကြုံရပါတယ်။ ကျွန်တော်တို့ ဒီလိုပြကွက်တွေ ထည့်သွင်းပြသရတဲ့ အဓိကရည်ရွယ်ချက်က လောကမှာရှိနေတဲ့ဓမ္မနဲ့အဓမ္မမှာ ဘယ်လိုအဆုံးသတ်မယ်။ အဂတိလိုက်စား သူအနေနဲ့လည်း အဆုံးသတ်မှာ ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲ၊ ဆင်းရဲမွဲတေမှုကို ပြတယ်ဆိုလည်း ဒီလိုဆင်းရဲ မွဲတေမှုကနေ လွတ်မြောက်အောင်ဘယ် လိုဖြေရှင်းမလဲဆိုတာမျိုး ထည့်သွင်း ပြသသွားမှာပါ။ ဒါတွေကို ခွင့်မပြု ဘူးဆိုတဲ့အခါ ကျွန်တော်တို့ရဲ့ဇာတ်ကားတွေဟာ တစ်အိမ်ထဲမှာ မင်းသား နဲ့မင်းသမီး နှစ်ယောက်တည်း နဲ့ပြီးသွားတဲ့မဲပြာပုဆိုး ဇာတ်ကားတွေကနေ ခွဲထွက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုပြကွက်မျိုးတွေကို အနုပညာဖန်တီးမှု အရည်အသွေး မြင့်တက်လာစေဖို့ ခွင့်ပြုပေးစေလိုပါတယ်”ဟု ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက တင်ပြဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ထို့သို့ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ဆင်ဆာမူဝါဒဆိုင်ရာ အချက်ဆယ်ချက် အနက်မှ လေးချက်ကို လျှော့ပေါ့ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုထပ်မံ တင်ပြလာသည့် အချက်မှာလည်း အနုပညာ အရည်အသွေးပိုင်းဆိုင်ရာအရ လွတ်လပ်စွာ ရိုက်ကူးဖန်တီးနိုင်ရန် တင်ပြလာခြင်း ဖြစ်သောကြောင့် ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ ယင်းသို့ရိုက်ကူး တင်ပြရာ၌ ရိုက်ကူးတင်ပြလာသည့် ပုံစံမှာ အရေးကြီးကြောင်း၊ တစ်ဦး တစ်ဖက်တည်းကို တင်ပြခြင်းမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်မျှတသည့် ရိုက်ကူး မှုပုံစံကို အပြုသဘောဆောင်သည့် ရိုက်ကူးမှုမျိုးနှင့် တင်ပြလာပါက ခွင့်ပြုပေးသွားရန် ပြောကြားခဲ့ပါသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။