MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 25, 2012

သင်္ဃန်းကျွန်းဈေးသစ်ကြီးအား လာမည့် ဇွန်လဆန်းတွင် ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ မီးလောင်ပျက်စီးခဲ့ရသော သင်္ဃန်းကျွန်းဈေးနေရာတွင် သင်္ဃန်းကျွန်းဈေးသစ်ကြီးကို ပြန်လည်တည်ဆောက်လျက်ရှိရာ လာမည့်ဇွန်လ ဆန်းပိုင်းတွင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိ သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။သင်္ဃန်းကျွန်းဈေးသစ်ကြီး၏ မူလနေရာချထားမှု အစီအစဉ်အရ သား၊ ငါးနှင့် ကုန်စိမ်းစားသောက်ကုန်များကို မြေအောက်ထပ်တွင်လည်းကောင်း၊
ကုန်ခြောက်၊ အ၀တ်အထည်၊ ရွှေနှင့် အလှကုန်တို့ကို မြေညီထပ်တွင် လည်းကောင်း နေရာချထားပေးရန်စီစဉ်ခဲ့သော်လည်း ဈေးသူဈေးသားများက မြေညီထပ်တွင်သာ တပြေးညီ ရောင်းချခွင့်ပေးရန် တောင်းဆိုသဖြင့် မြေညီထပ်တွင်သာ တပြေးညီပြန်လည် နေရာချထားပေးခဲ့ခြင်းဖြစ်သည်။

ယခင် မီးမလောင်မီက သင်္ဃန်းကျွန်းဈေးကြီးသည် ဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိပြီး ၅ ပေပတ်လည် ဆိုင်ခန်းပေါင်း ၇၄၀ ဆိုင်၊ ၁၀ ပေပတ်လည် ဆိုင်ခန်းပေါင်း ၂၆ ဆိုင် နှင့် ၁၀ ပေx၈ ပေဆိုင်ခန်းပေါင်း ၂၀ ဆိုင်တို့ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် ဈေး သစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၇၈၆ ခန်းစလုံးကို မြေညီထပ်တွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး ယခင်ဈေးတွင် ၅ ပေပတ်လည် ဆိုင်ခန်းပိုင်ဆိုင်သူများမှာ ၅ ပေပတ် လည်ပြန်လည် ရရှိ မည်ဖြစ်ကြောင်း၊ ယခင်ဈေးတွင် ၁၀ ပေပတ်လည် ဆိုင်ခန်းများမှာ ယခု၁၀ ပေ ၈ပေ ပြန်လည်ရရှိမည်ဖြစ်ကာ ယခင်ဈေးတွင် ၁၀ ပေx၈ ပေဆိုင်ခန်းများမှာ ၁၀ ပေx၇ပေခွဲ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ဈေးကြီးသည် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ၀ါယာရှော့မှ တစ်ဆင့် မီးလောင်ခဲ့ခြင်းဖြစ်သည်။


News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။