MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 21, 2012

သပိတ်ကျင်းရွာသားများ နေရာမှဖယ်ပေးရမည့်အရေး ရင်ဆိုင်နေရ

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ နယ်အတွင်း ကျေးရွာတရွာက ရွာသားတွေ ကို ရွှေ  ကုမ္မဏီတခုက ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ဖို့အတွက် သက်ဆိုင်ရာ က ပြောင်းရွှေ့ ခိုင်းနေပါတယ်။ပိတ်ကျင်းမြို့ နယ် ကွင်းသုံးဆယ်ကျေးရွာ၊ ငှက်ပျောတာရပ်ကွက် ရွာသားတွေ တည်ရှိလာတဲ့ ရွာဖြစ်ပြီး ဖော်လပ် ကုမ္မဏီက ရွှေတူးဖော်ဖို့ အတွက် ဖယ်ခိုင်းခံနရတာပါ။လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကတည်းက တည်ရှိလာတဲ့ အဲဒီရွာမှာ  လက်ရှိ အိမ်ထောင်စု ၇၃ စု၊ လူဦးရေ ၂၀၀ ခန့်နေထိုင်နေပြီးဈေးအေရာင်းအ၀ယ်နဲ့ ရွှေရှာဖွေရေး လုပ်နေကြတာပါ။ လွန်ခဲ့တဲ့ ၁၅ ရက်နေ့ က သပိတ်ကျင်းမြို့ နယ် အုပ်ချုပ်ရေးမှူးက ရွာသားတွေကို ဆင့်ခေါ်ပြီး ပြောင်းရွှေ့ ဖို့ ပြောဆို ခဲ့ပါသေးတယ်။အတင်းအကျပ်ဖယ်ခိုင်းရင် အသက် ၇၀ ကျော် အဘိုးအဘွားတွေ အပါအ၀င်
ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အထွေထွေ လုပ်ကိုင်စားသောက်မှု ထိခိုက်ကြတော့မှာဖြစ်ပါတယ်။ပြောင်းရွှေ့ စရိတ် တအိမ်ထောင်ကို ကျပ် ၅ သောင်း ပေးပြီး အသစ်နရာချမယ့် နေရာဟာ သူတို့ အတွက် အဆင်မေပြဘူး လို့ ရွာသား ဦးစိန်ဝင်းက ပြောပါတယ်။“ဖော်လပ် ကုမ္မဏီက ကျနော်တို့ရွာလေးကို အသိုက်အမြုံ ပျက်အောင် လုပ်နေ ပါတယ်။ မြို့ နယ် အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းပြီးတာ့ နည်းမျိုးစုံနဲ့ လိမ်ညာပြီးတော့ နိုင်ငံတော် အကြီးအကဲများကို လည်း စာတင်နေပါတယ်။ သူတို့ပေးတေဲ့နရာကို ရွှေ့ ရမယ်ဆိုရင် ကျန်းမာရေးလည်း ဒုက္ခရောက်နိုင် ပါတယ်။ ကလေးတွရဲ့ ပညာရေး ဒုက္ခလည်း ရောက်ပါတယ်။ နေဖို့ကလည်း ကုန်းပြောင်တာင်ထိပ် မှာ ဆိုတော့ လူတွေလည်း မပျော်ကြဘူး။ ရေအခက်အခဲလည်း ရှိပါတယ်။”မြို့ နယ်အုပ်ချုပ်ေရးမှူးက အဖမ်းအဆီးနဲ့ သတိပေးခြိမ်းခြောက်ခဲ့ပုံကို ဦးစိန်ဝင်းက ခုလို ပြောပါတယ်။“သူက ကျနော်တို့ဘက်က မရပ်တည်ပါဘူး။ ဒီကုမ္မဏီ လုပ်ကွက်ရအောင် ကျနော်တို့ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေ ပါတယ်။ အခုလည်း ၁၅ ရက်နေ့က အစည်းအဝေးခေါ်ပြီး တခါထပ် ဖယ်ရှားခိုင်းပါတယ်။ မဖယ်ေပးနိုင်တဲ့ ကျနော်တို့က ပြန်ပြောပြီး ပြန်လာတယ်။ ဒါတောင် အချုပ်ထဲမှာ နေခဲ့ခိုင်းတာ၊ မင်းတို့ကို ငါ မဖမ်းဘူးနော်။ ရဲတွေဖမ်းတာလို့လည်း ပြောပါတယ်။”ဒီကိစ္စကို ရွာသေားတွက မဖယ်ရရေးအတွက် အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးကို သွားရောက်ပြီး အကူညီတောင်းခဲ့ကြပါတယ်။ မန္တလေးတိုင်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးမျိုးနိုင်က ဒီရွာသားတွေ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နဲ့ အိုင်အယ်လ်အိုရုံးတွေမှာ အကူအညီ တောင်းပေးသွားမယ်လို့
 ပြောပါတယ်။“ဒီမှာရှိတဲ့ တိုင်းဥပေဒ အေထာက်အကူပြုတဲ့ ရှေ့နေကွန်ရက်က ပုဂ္ဂိုလ်တွနဲ့ ဥပေဒေကြာင်းအရ ဘယ်လိုဆောင်ရွက်ရမလဲ၊ နောက်တခုက မန္တလေးမှာရှိတဲ့ သတင်း မီဒီယာ၊ ပြည်တွင်း သတင်း မီဒီယာတွေနဲ့ ချိတ် ဆက်ပြီးတော့ လုပ်နေတယ်။”၂၀၁၀ ခုနှစ်ကုန်ပိုင်းတုန်းကလည်း ရွာသားတွေကို ရွှေတူးဖော်ရး ကုမ္မဏီတခုက တကြိမ်ဖယ်ခိုင်းခဲ့ဖူးပြီး ရွာသားတွေက နိုင်ငေံတ်ာအကြီးအကဲတွေဆီ အသနားခံတင်ပြခဲ့လို့ ကုမ္မဏီက ဆုတ်ခွာသွားဖူး ပါတယ်။


DVB

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။