MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Tuesday, May 22, 2012

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတို့ရဲ့ ရင်သွေးငယ်များနဲ့ ဆုံစည်းခဲ့သူ ရဲတိုက်နဲ့ ချစ်သုဝေကို မီဒီယာများက ချီးကျူးရေးသား

Share
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငကျေးရွာမှာ မှတ်တမ်းဇာတ်လမ်းတစ်ခုသွားရောက်ရိုက်ကူးခဲ့တဲ့ ချစ်သုဝေက မေလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီး ဒီဇာတ်လမ်းက အခကြေးငွေမယူဘဲ လူမှုရေးအသင်းကို ကူညီအားပေးတဲ့အနေနဲ့ ရိုက်ကူးပေးခဲ့ခြင်းဖြစ်ကြောင်း ချစ်သုဝေက ပြောပါတယ်။ ထိုကျေး ရွာကို ရောက်တဲ့ အချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် စိတ်မကောင်းဖြစ်ခဲ့ရသလို
မငိုရတဲ့နေ့ကို မရှိခဲ့ရကြောင်းကို ချစ်သုဝေက “အစ်မမငိုရတဲ့နေ့ကို မရှိပါဘူး။ စိတ်မကောင်း ဖြစ်လွန်းလို့လေ။ အစ်မခံစားရတာက ထိုင်းနိုင်ငံမှာနေတဲ့ မြန်မာတွေက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေပေါ့။ ဒီအလုပ်သမားတွေက အလုပ်တွေ လုပ်ရတဲ့အခါ အစ်မတို့နိုင်ငံ လူတွေက ဟိုဘက်နိုင်ငံရောက်တဲ့အခါ ဘာအခွင့်အရေးမှ မရှိဘူးဖြစ်နေတယ်။ ပညာရေးလည်းမရှိဘူး။ ပညာရေးမရှိတဲ့အတွက် သူတို့မှာ အသိတရားမရှိဘူး။ သူတို့ကို ကာကွယ်ပေးမယ့်  အခွင့်အရေးလည်း ဘာမှမရှိဘူး။ အဲဒီအတွက် မဆုံးရှုံးသင့်တဲ့ အရာတွေ၊ မဖြစ်သင့်တဲ့အရာတွေ ဖြစ်နေကြတာ၊ ဆုံးရှုံးနေကြတာကို အစ်မမြင်လာရတယ်၊ ခံစားလာရတယ်ဆိုတော့ တအားစိတ်မကောင်းဖြစ်တယ်။ နိုင်ငံတော်ကနေ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် တစ်ခုခုဂရုစိုက် ပေးတာမျိုးကိုလည်း မျှော်လင့်ပါတယ်”လို့ သူမကဖန်ငကျေးရွာမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကူညီပေးဖို့ ပြောပြ ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျောင်းမထားနိုင်တဲ့ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ အက်ဖ်အီးဒီဖောင်ဒေးရှင်း အဖွဲ့အစည်းအတွက် ကိုယ့်အနုပညာနဲ့ လှူရတာမျိုးဖြစ်တဲ့အတွက် လှူခဲ့ရကျိုးနပ်သလို၊ အချိန်ပေးရကျိုးနပ်ကြောင်း၊ အသိတရားတွေများစွာရရှိခဲ့ကြောင်း ချစ်သုဝေက ပြောပါတယ်။ ချစ်သုဝေက ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားမိသားစုတွေနဲ့ တရင်းတနှီးတွေ့ဆုံစကား ပြောခဲ့ပါတယ်။ “သူတို့ထိုင်းမှာ registration လုပ်တဲ့အချိန် ရှိတယ်။ ဒီအချိန်လေးမှာပဲ  လုပ်ရတာ။ ငွေကြေးကို မတတ်နိုင်လို့ registration မလုပ်တာရှိတယ်။ အဲဒီလို လုပ်ရကောင်းမှန်း၊ အသိပညာမရှိလို့ မလုပ်ကြတာရှိတယ်။ သူတို့မှာ ဘာအခွင့်အရေးမှမရှိတော့ အက်ဆီးဒင့်တစ်ခုခုဖြစ်ရင်တောင် ကိုယ့်ကပြောရမှာကို တောထဲကို အနာကြီးတန်းလန်းနဲ့ ထွက်ပြေးကြတာရှိတယ်။ အစ်မတို့ မြန် မာတွေ အမြင်ကျယ်၊ ပညာတတ်ဖို့ပဲ ကြိုးစားရမယ်။ မြန်မာပြည်မှာပညာရေး ဖောင်ဒေးရှင်းလေးတွေ ပေါ်ပေါက်လာဖို့ တစ်တပ်တစ်အား လုပ်နိုင်တဲ့ဘက်က အစ်မဝိုင်း လုပ်မယ်”လို့ ပြောပါတယ်။
ချစ်သုဝေက မြန်မာနိုင်ငံလည်း တအားတိုးတက်လာပြီ၊ ကိုယ့်မြန်မာပြည်မှာပဲ လုံလုံခြုံခြုံကာကွယ်ပေးနိုင်တဲ့နေရာမှာပဲ မြန်မာတွေကို အလုပ်လုပ်စေချင်ကြောင်း၊ ပညာရေးကိုလည်း အားပေးစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဇာတ်ကားရိုက်နေတဲ့ အတောအတွင်းမှာလည်း VOA အကြီးတန်းသတင်းထောက်  Mr Ron Corben က  သတင်းလာယူခဲ့ပြီး ချစ်သုဝေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ ချစ်သုဝေနဲ့ အင်တာဗျူးအပြီးမှာတော့ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးရေးနဲ့လူ့အခွင့် အရေး ကိစ္စရပ်များအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ကမ္ဘာကျော်ရုပ်ရှင် မင်းသမီးအင်ဂျလီနာဂျိုလီလို့ နိုင်ငံတကာ မီဒီယာများက တင်စားခေါ်ဝေါ်ခဲ့ပါတယ်။
ခိုင်ဝေလွင်
Popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။