MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

အေးမေတ္တာမသန်စွမ်းရိပ်မြုံမှာထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

လှိုင်သာယာမြို့နယ် အမှတ်(၄၉၃) အင် ကြင်းလမ်း၊ (၁၁)ရက်ကွက်ရှိ အေးမေတ္တာ မသန်စွမ်းရိပ်မြုံမှာ မေ၁၈ရက်နေ့ မနက်၉ နာရီကမွေးနေ့အနေနဲ့ ခိုင်နှင်းဝေက ဆန်၊ဆီ၊ ဆား၊ဆေးဝါးပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် အလှူငွေများကိုပါ လှူဒါန်းခဲ့တဲ့အပြင် လစဉ်လတိုင်းကိုဆေးစစ်ဆေးပေးမှုများ ပြု လုပ်ပေးသွား မှာဖြစ်သလို လစဉ်ဆေးဝါး ထောက်ပံ့ကြေးများကို ပေးသွားမှာဖြစ်ပါတယ်။
”ဒီနှစ်မွေးနေ့မှာ ထူးထူးခြားခြားနဲ့ လုပ် ချင်လို့ ဘယ်မှာလှူရင်ကောင်းမလဲလို့ စဉ်း စားဖြစ်တယ်။ သူငယ်ချင်းတစ်ယောက်က လှိုင်သာယာမှာ အေးမေတ္တာမသန်စွမ်းရိပ်မြုံ ရှိတယ်ဆိုတာကို Sky Net မှာ ကြည့်လိုက်ရလို့ ပြန်ပြောပြတယ်။ ဒါပေမဲ့ လိပ်စာမသိ ဘူး။ အဲဒါနဲ့ အသိတစ်ယောက် (ကိုဆန်းဦး)ကို  မေးကြည့်မိမှ  သူကလည်း  ဒီရိပ်မြုံမှာ သူငယ်ချင်းရှိတော့ ကိုဆန်းဦးရဲ့ အစစအရာရာ ကူညီမှုနဲ့ပဲ လှူဒါန်းဖြစ်ပါတယ်”လို့ ခိုင် နှင်းဝေက ပြောပြပါတယ်။ အခုလို လှူရတာ ကလည်း ကိုယ်က တအားကြီးချမ်းသာနေလို့ ဂုဏ်ပကာသနအနေနဲ့လှူဒါန်းတာမျိုးမဟုတ် ဘဲ ကိုယ့်မှာရှိတဲ့ တစ်ပိုင်တစ်နိုင်အင်အားနဲ့ လုပ်တာဖြစ်ကြောင်း၊အခုလိုလှူဒါန်းလိုက်တဲ့ အခါမှာ ဂျာနယ်တွေ၊မဂ္ဂဇင်းတွေကနေ တစ်ဆင့်တစ်ပိုင်တစ်နိုင် လှူဒါန်းမယ့်ပုဂ္ဂိုလ်တွေ၊ ပေါ်ထွန်းလာလိမ့်မယ်လို့ ရည်ရွယ်ပြီးလှူဒါန်း ဖြစ်တာဖြစ်ကြောင်း အနုပညာ  ညီအစ်ကို မောင်နှမတွေအားလုံးကိုလည်း ဒီရိပ်မြုံလေး မှာ လာရောက်ပါဝင်လှူဒါန်းလို့ရတယ် ဆိုတာကို အသိပေးချင်တာလည်းပါကြောင်း ပြောပြခဲ့ပါတယ်။
”မွေးနေ့က အမှန်တကယ်ဆိုရင် ပြီးသွား ပြီဖြစ်ပေမယ့်လည်း အခုလိုမျိုးလှူလိုက်ရတဲ့ ပီတိခံစားမှုက ဘာနဲ့မှမလဲနိုင်ပါဘူး။ အမှန်ဆိုရင် ကိုယ့်ဘာသာကိုယ် ဒီက လူကြီးတွေကိုပဲ လာလှူလိုက်ရင် ရနိုင်ပါတယ်။ ဒါပေမဲ့ အစ်မအခုလို လုပ်ရတယ်ဆိုတာက ဒီရိပ်မြုံ လေးက အတော်ဝေးတယ်။ ချောင်လည်းကျတယ်ဆိုတော့ ဘယ်သူမှ သိပ်မသိကြဘူး။ အဲဒီတော့  ဒီရိပ်မြုံမှာ  တစ်ပိုင်တစ်နိုင်နဲ့ လာရောက်လှူဒါန်းနိုင်ဖို့အတွက် အသိပေးရည်ရွယ်ပြီး လှူဖြစ်ခဲ့တာပါ။ ပြီးတော့ သူတို့လေးတွေမှာ အသိဥာဏ်လေးတွေရှိတယ်။ အဲဒီတော့ အစ်မတို့အနုပညာရှင်တွေ အလှူရှင်တွေလာလှူတော့ အားတက်တယ်။ ပျော်ကြတယ်။ သူတို့ရဲ့ မပြည့်စုံတဲ့ဘဝတွေကို ဆက်ပြီး ဖြတ်သန်းရမယ့် အချိန်လေးတွေကို အားရှိစွာနဲ့ ဖြတ်ကျော်ရဖို့အတွက်လည်း ပါပါတယ်”လို့ ပြောပြပါတယ်။



ထက်လူလူ
popularmyanmar

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။