MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 24, 2012

လျှပ်စစ်မီးနဲ့ ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲ

လျှပ်စစ်မီး မှန်မှန် ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးတွေ အပါအ၀င် မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ  ပြုလုပ်နေစဉ်မှာပဲ လျှပ်စစ်မီးနှင့် ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
ကျောက်တံတားမြို့နယ် အန်အယ်ဒီ ရုံးဖွင့်ပွဲ အကြို ဈေးရောင်းပွဲကို မေလ ၂၃ ရက်နေ့ ညနေက ပြုလုပ်စဉ် (ဓာတ်ပုံ- ဧရာဝတီ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည်က လျှပ်စစ်မီး ဆန္ဒပြမှုတွေ အကြောင်းနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာ  “ လျှပ်စစ်မီး မှန်မှန် မရရှိလို့ ဖယောင်းတိုင်မီးထွန်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာတွေကိုတော့ သဘောကျပါတယ်၊ ဒါပေမယ့်
တချို့ဆန္ဒပြသူတွေက လျှပ်စစ်မီးကို အရင်ပေးပါ ဒီမိုကရေစီကို နောက်မှပေးလဲစောင့်နိုင်ပါတယ်လို့ ပြောဆိုတာတွေကိုတော့ ကျမ စိတ်ထဲမှာ ဘ၀င်မကျပါဘူး၊ လျှပ်စစ်မီးတွေ မှန်မှန် မရတာဟာ ဘာကြောင့်လဲ ဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” ဟု မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်အရှေ့ပိုင်း NLD ရုံးဖွင့်ပွဲမှာ ဆိုပါ တယ်။
မြန်မာနိုင်ငံမှာ စွမ်းအင် အရင်းအမြစ်နဲ့ သဘာဝ သယံဇာတတွေ ပေါများနေပါလျက်နဲ့ လျှပ်စစ်မီး မှန်မှန် မရရှိတာတွေ ရေ မရရှိတာတွေ လူအများ အလုပ်အကိုင် မရရှိတာတွေဟာ နိုင်ငံမှာ ကျင့်သုံးနေတဲ့ စနစ် မှန်ကန်မှု မရှိတာကြောင့် ဖြစ်တာလို့ ဆိုပါ တယ်။
အချို့သူတွေကလည်း နိုင်ငံရေးထက် စီးပွားရေး ကောင်းမွန်ဖို့ ပို အရေးကြီးပါတယ်လို့  ပြောဆိုတာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က “ ကျမတို့ မြန်မာနိုင်ငံက ချမ်းသာပါတယ်၊ ပြည်သူတွေက တာ ဆင်းရဲနေတာပါ၊ မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျနေတာဟာ ကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်ကြောင့်သာ ဖြစ်လို့ ဒီမိုကရေစီ ရရှိရေးနှင့် ပြည်သူအများ အခြေခံလိုအပ်ချက်တွေ ကို တန်းတူထား ဆောင်ရွက်သွားဖို့ လိုအပ်မှာပါ” လို့ ဆိုပါတယ်။
“လျှပ်စစ်မီး မလာတဲ့အခါ မီးစက်သုံးနိုင်တဲ့ လူနည်းစု အတွက်တော့ အခက်အခဲ သိပ်မရှိလှပေမယ့် လူအများစုကတော့ အလုပ်တွေလုပ်ကိုင်ဖို့ ကလေးတွေ  စာဖတ်ဖို့ကအစ အခက်အခဲ တွေရှိမှာပါ”
“လျှပ်စစ်မီး ရရှိဖို့ သုံးရေ မှန်မှန် ရရှိဖို့တို့တွေအတွက် ပြည်သူတွေ စိုးရိမ်နေရပြီး၊ လျှပ်စစ်မီးရရှိဖို့ ရေရရှိဖို့ အလုပ်အကိုင်ရရှိဖို့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့တို့အတွက် နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရမှာဖြစ်ပြီးတော့ စီးပွားရေး ဖွံ့ဖြိုးနိုင်တဲ့ အခြေအနေတွေကိုလည်း ဖန်တီးပေးရမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ဒီမိုကရေစီ လှုပ်ရှားမှုများတွေဟာ အစိုးရအနေနဲ့ ဒီလို တာဝန်တွေကို ယူတတ်စေဖို့ အတွက် ထောက်ပြပေးဖို့ ဖြစ်ပါတယ်၊ ပြည်သူတွေ အနေနဲ့ မိမိတို့ ဘ၀တွေကို မိမိတို့ ပိုင်ဆိုင်လိုကြပါက ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ အုတ်တချပ် သဲတပွင့်အဖြစ် အနေနဲ့ တတ်နိုင်သလောက် ပါဝင်ကြစေလိုပါတယ်လို့လည်း ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မန္တလေး ဆန္ဒပြပွဲမှာပါဝင်ခဲ့သူ ကာတွန်းဆရာ ဟာဂျူလီ(ကသာ) က စိတ်မကောင်းဖြစ်ရကြောင်း ဆိုပါတယ်။ သူ့ ဖေ့စ်ဘွတ်မှာ “လူတစ်ယောက်က အမေစုပြောတဲ့ဆိုင်းဘုတ်ကိုပြီး ဆန္ဒထုတ်ဖေါ်တာတွေ့ရပါတယ်၊ကျွန်တော်စုံစမ်းကြည့်တော့ သူဟာလည်း ဘယ်အဖွဲ့အစည်းဝင်မှမဟုတ်ဘူး၊ ရိုးရိုးသားသား ထမင်းရှာစားနေတဲ့သူပါ၊သူ့အလုပ်အကိုင်နဲ့ နာမည်ကအစ ကျွန်တော်စုံစမ်းထားပါတယ်၊သူ့အသိစိတ်မှာ မီးရချင်တာပဲသိတဲ့သူပါ၊သူ့အရေးအသားကြောင့် ဒီမိုကရေစီအပေါ်  ၀မ်းနည်းစရာဖြစ်နိုင်တယ်လို့ ထင်နိုင်လောက်အောင်လည်း သူ့မှာ အတွေးအခေါ်မရင့်ပါဘူး” လို့ရေးသားထားပြီး “မန္တလေးက ဆန္ဒထုတ်ဖေါ်သူတွေအားလုံးဟာ (တစ်ယောက် နှစ်ယောက်ကလွဲရင်) “မီးလင်းရေးဟာ အဓိက၊ဒီမိုကရေစီအရေးဟာ ဒုတိယ”လို့ ဘယ်သူမှ မတွေးကြပါဘူး” လို့ ဖော်ပြထားပါတယ်။
လျှပ်စစ်ဓာတ်အား ၂၄ နာရီရရှိရေး အတွက် မန္တလေးမြို့ခံ ထောင်ချီကာ ဖယောင်းတိုင်မီးများ ကိုယ်စီကိုင်ဆောင်ပြီး လမ်း လျောက်ဆန္ဒပြမှု တခုကို မေလ ၂၀ ကစခဲ့တာ အခုဆို ရန်ကုန်၊ မုံရွာ၊ ပြည်၊ ပေါင်းတည်မြို့တွေထိပါ ဆန္ဒပြပွဲတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။
အမှတ် ၂ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက နွေရာသီကာလ ဖြစ်၍ ဆည်ရေများနည်း ပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား  မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားတာကြောင့်  နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နဲ့ ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံတွေကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်သွားပြီး လူနေ ရပ်ကွက်များကို အလှည့်ကျ ပေးသွားမယ်လို့ ကြေညာထားပါတယ်။




ဧရာဝတီ

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။