MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Friday, May 18, 2012

ကျေးရွာအုပ်ချူပ်ရေးမှူး ငွေကြေးအလွဲသုံးစားလုပ်မှုကို တိုင်ကြားသည့် ကျေးရွာလူထုကိုယ်စားလှယ်များ အရေးယူခံနေရ

မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးမှ ငွေအလွဲသုံးစားလုပ်မှုများနှင့် စာကြည့်တိုက်ငွေများ စာရင်းမရှင်းသည့်အတွက် ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား ၀မ်းတွင်းမြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၂ အရ အရေးယူခံနေရကြောင်းသိရသည်။
ဖြစ်ပွားပုံမှာ မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးသည် ကျေးရွာကိစ္စရပ်များတွင် ငွေစာရင်းမရှင်းလင်းသည့် ကိစ္စရပ်များအတွက် ရွာခံ ၁၄ ဦးတို့က ၀မ်းတွင်းမြို့နယ် အုပ်ချူပ်ရေးမှူးနှင့် မိတ္ထီလာခရိုင်အုပ်ချူပ်ရေးမှူးထံ ၂၀၁၁ ခု၊ ဒီဇင်ဘာလ ကတည်းက အဆင့်ဆင့်တင်ပြတိုင်ကြားခဲ့ကြသည်။
ထိုကဲ့သို့ ကျေးရွာလူထုကိုယ်စား ၁၄ ဦးတို့က ပင်းတလဲကျေးရွာအုပ်ချူပ်ရေးမှူးငွေကြေးအလွဲသုံးစားလုပ်မှုကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့်
ခရိုင်အုပ်ချူပ်ရေးမှူးထံတင်ပြချက်အရ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ခရိုင်အုပ်ချူပ်ရေးမှူးတို့က ကော်မတီများဖွဲ့စည်း၍ သုံးကြိမ်စစ်ဆေးပြီး ယနေ့အထိ အရေးယူအပြစ်ပေးခြင်းမရှိခဲ့သော်လည်း ကျေးရွာလူထုကိုယ်စား တိုင်ကြားသူ ၁၄ ဦးအား မေလ ၈ ရက်က ၀မ်းတွင်းမြို့နယ်တရားရုံးမှ ပြစ်မှု ၁၈၈၊ ပြစ်မှုဆိုင်ရာပုဒ်မ ၁၈၂ အရ ၀မ်းတွင်းမြို့နယ်တရားရုံးသို့ မေလ ၁၄ ရက်တွင် ကြားနာစစ်ဆေး၇န် ဒေါ်မိမိထွေး (တ ၂၅၆၅) တွဲဖက်မြို့နယ်တရားသူကြီး(အထူးရာဇ၀တ်အာဏာရ) ၀မ်းတွင်းမြို့နယ် တရားရုံးက ဆင့်စာထုတ်ထားကြောင်းသိရသည်။
ဒီမိုကရေစီခေတ်ဦးကာလတွင် ကျေးရွာအုပ်ချူပ်ရေးမှူး၏ ငွေအလွဲသုံးစားလုပ်မှုကို ကျေးရွာလူထုက မခံမရပ်နိုင်၍ အ ထက်အဆင့်ဆင့်သို့တိုင်ကြားခဲ့သော်လည်း ထိရောက်စွာ အပြစ်ပေးအရေးယူခြင်းမရှိုဘဲ တိုင်ကြားသူ ၁၄ ဦးအားတရားစွဲဆိုထားသဖြင့် ကြားရသူအပေါင်းက အံ့သြနေကြပြီး ယခုအမှုအား တရားရုံးက မည်ကဲ့သို့ စီရင်ဆုံးဖြတ်မည်ကို ၀မ်းတွင်းတစ်မြို့နယ်လုံးက စိတ်ပါဝင်စားစွာစောင့်မျှော်လျက်ရှိကြောင်းသိရသည်။
ကိုသန့်စင်(မိတ္ထီ)


http://www.themyanmarpost.com

မြန်မာပို့စ်သတင်းဂျာနယ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။