၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းဒဏ်ကြောင့်ရန်ကုန်တိုင်း ဒေသကြီးကွမ်းခြံကုန်းမြို့ နယ်
အေးမြသာယာ ကျေးရွာတွင် နေအိမ်ပျက်စီးပြည်သူများအတွက် နေအိမ်များ ဆောက်လုပ်ပေးပြီးဖြစ်ရာ ယင်းနေအိမ်များကို မေလ ၂၂ ရက်နေ့တွင် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။အဆိုပါကျေးရွာတွင် မုန်တိုင်းဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့
ဖြစ်ခဲ့သောအိမ်ခြေ ၄၀၀ ကျော်ကို UN-Habitat နှင့် ဖွံ ဖြိုးရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းအဖွဲ့  (ADRA)
တို့က တည်ဆောက်ပေးခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းကျေးရွာတွင် မီးရရှိရေး၊ ရေရရှိရေး၊ စာကြည့်တိုက်/ ရှင်းလင်းဆောင်တွင် Sky Net ရုပ်သံလိုင်း ထားရှိခြင်း၊ မူလတန်းကျောင်းတွင် ရေသန့်စက် ထားရှိခြင်း၊ ဆေးပေးခန်း တည်ဆောက်ခြင်း၊ အရိပ်ရပင်များနှင့် ထင်းစိုက်ခင်းများ စိုက်ပျိုးခြင်း၊ အသေးစား ချေးငွေ ထုတ်ချေးပေးခြင်း၊ဒေသအလိုက် ထုတ်ကုန်နှင့် ပတ်သက်သော မြှုပ်နှံမှု ပြုလုပ်ပေးခြင်း ဟူသည့် ဆောင်ရွက်ချက် ရှစ်ချက်ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ထံမှ သိရသည်။
The voice weekly
Pages
MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Thursday, May 24, 2012
ကွမ်းခြံကုန်း နာဂစ်မုန်တိုင်းသင့် ပြည်သူများထံ နေအိမ်များ လွှဲပြောင်းမည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment