MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

ဗီဇာအဆင်ပြေရန် ထိုင်းသံရုံး စနေနေ့တစ်ဝက်ဖွင့်

 
ခရီးသွားလုပ်ငန်းနှင့်အကျိုးဆောင်များမှ တဆင့်ဗီဇာလျှောက်ထားခြင်းကိုယာယီပိတ်ပင်လိုက်သဖြင့် ထိုင်းဗီဇာလျှောက်ထားရာတွင် အဆင်ပြေစေရန်သံရုံး၏ ဗီဇာဌာနကို စနေနေ့တွင် နေ့တစ်ဝက်ဖွင့်ပေးလိုက်ကြောင်းထိုင်းသံရုံးနှင့် ထိုင်းဗီဇာလျှောက်ထားသူများထံမှသိရသည်။
“ဗီဇာက အေးဂျင့်ကတစ်ဆင့် လျှောက်လို့မရတော့ ကိုယ်တိုင်လျှောက်ရတယ်။ သံရုံးကအဆင်ပြေအောင် ဆိုပြီး ဒီနေ့
(မတ်၁၇ရက်)စနေနေ့ကို နေ့တစ်ဝက်ဖွင့်ပေးတယ်”ဟု ထိုင်းသံရုံးတွင်ဗီဇာကိုယ်တိုင်လျှောက်ထားခဲ့သူတစ်ဦးကပြောသည်။    မြန်မာနိုင်ငံမှခရီးသွားများအများဆုံးသွားလာလည်ပတ်ရာ ထိုင်း
နိုင်ငံသို့သွားရောက်ရန်ဗီဇာများကို  ပြည်တွင်းဗီဇာဝန်ဆောင်မှုလုပ်ငန်းများနှင့် လက်မှတ်အရောင်းဌာနများက ၀န်ဆောင်ခယူလုပ်ပေးရာတွင်လက်မှတ်အတုပြဿနာ များဖြစ်ပွားခဲ့သဖြင့် ရန်ကုန်မြို့ရှိထိုင်းသံရုံးမှအေးဂျင့်များမှတစ်ဆင့် ဗီဇာလျှောက်ထားခြင်းကို လွန်ခဲ့သော ရက်အနည်းအတွင်းက ပိတ်ပင်လိုက်သည်။ ထို့ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်လိုလျှင်ဗီဇာကို ကိုယ်တိုင်လျှောက်ထားရမည်ဖြစ်သည်။
အေးဂျင့်များမှတစ်ဆင့်လျှောက်ထားရာတွင် ကိုယ်တိုင်သွားစရာမလိုဘဲ အဆင်ပြေသော်လည်း နာမည်ရှေ့တွင် အမျိုးသားနှင့်အမျိုးသမီးမှားခြင်း ဖခင်နာ
မည်လွဲခြင်း စသည့်ပြဿနာများနှင့် မကြာခဏရင်ဆိုင်ရကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။    “အေးဂျင့်နဲ့လုပ်သွားတဲ့သူတစ်ယောက် ထိုင်းလေဆိပ်မှာ
လက်မှတ်အတုနဲ့ ပြဿနာတက်တယ်ကြားတယ်။ဘယ်တော့အေးဂျင့်ကနေတစ်ဆင့်ဗီဇာ လျှောက်လို့ ရမလဲဆိုတာ မသိရသေးဘူး”ဟုရန်ကုန်မြို့ရှိထိုင်းဗီဇာ လျှောက်
ထားသည့်ဝန်ဆောင်မှုပေးသောအေးဂျင့်တစ်ဦးကပြောသည်။
ထိုင်းဗီဇာလျှောက်ထားရာတွင် အေးဂျင့်များမှတစ်ဆင့်လျှောက် ထားရာ၌ လျှောက်ထားသူများ အတွက်ပိုမိုလွယ်ကူသော်လည်း ယခုကဲ့သို့ပြဿနာများဖြစ်လာ
သည့်အတွက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူ များကပြောကြားနေကြသည်။




7-day news

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။