MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

ဘုရားသုံးဆူမြို့မှာ လူ ၅ ဦး ပြန်ပေးဆွဲ ခံရ

2012-05-09
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့မှာ မနေ့ညက လက်နက်ကိုင်လူ (၆) ဦးက ရပ်ကွက်အတွင်း ဝင်ရောက်လာပြီး လူ (၅) ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အတွက် မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။
M 22 တလက်၊ M 16 လေးလက် မောင်းပြန်တွေ ကိုင်ဆောင်ထားတဲ့ ပျောက်ကြား စစ်ဝတ်စုံဝတ်၊ ဦးထုပ်ဆောင်းထားတဲ့ လူတစုက ဘုရားသုံးဆူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ငုဝါလမ်းသွယ် (၁၀) နဲ့ (၁၁) ကြားကို ညပိုင်း ၈ နာရီခွဲလောက်မှာ ရုတ်တရက် ဝင်ရောက်လာပြီး ကိုသက်ဦး၊ ကိုဝေယံ၊ ကိုဘိုဘို၊ ကိုမောင်နဲနဲ့ မသီတာတို့ (၅) ဦးကို လက်ပြန်ကြိုးတုတ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့
ထွက်ပြေးလွတ်မြောက်လာသူ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။
သေနတ်သမားတွေက တွေ့တဲ့လူကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ လက်ကိုင်ဖုန်းရှိသူ ပါသွားတဲ့အတွက် သူတို့ဆွေမျိုးတွေကို ဖုန်းဆက်သွယ်ပြီး လက်နက်ကိုင် ပြန်ပေးသမားတွေက ထိုင်းဘတ်ငွေ (၅) သိန်းနဲ့ ပြန်ရွေးရမယ်လို့ ပြောကြောင်း အဖမ်းခံရသူတဦးနဲ့ ဆွေမျိုးတော်စပ်သူ တဦးက ပြောပါတယ်။
“အခု ဒီပြန်ပေးက ရပ်ကွက်မှာ နေတဲ့သူတွေကို တွေ့ရင်တွေ့တဲ့သူကို ဆွဲခေါ်သွားတယ် ဆိုတော့လေ၊ မရှိဆင်းရဲသားတွေသက်သက် ဖြစ်နေတယ်ခင်ဗျ။ တနေ့လုပ်မှ တနေ့စားရတဲ့ အလုပ်သမားတွေလည်း ပါတယ်။ မချမ်းသာလို့ဘဲ အခန်းကျဉ်းကျဉ်းလေးထဲမှာ ဌားနေရတဲ့ မိသားစုတွေထဲကလည်း ပါသွားတာတွေ ရှိတယ်ခင်ဗျ။ မနေ့ညက ဖမ်းဆီးခေါ်ဆောင်သွားတယ်။ တညလုံးပေါ့နော်။ ကျွန်တော်တို့ ဖုန်းနဲ့ စကားပြောလို့ ရလို့ သိရသမျှလောက်က တညလုံးလည်း ဘာမှမစားရဘူး။ နောက်ပြီးတော့ လမ်းချည်းပဲတောက်လျှောက် လျှောက်နေရတယ်တဲ့ခင်ဗျ။ မနက်ကတော့ ဟိုကနေပြီးတော့ ဘာပြောလဲဆိုတော့ ဘယ်ကိုရောက်နေမှန်းတော့ မသိဘူး။ ဒါပေမယ့် တောထဲတောင်ထဲမှာပဲ တဦးလျှင် ဘတ်(၅)သိန်းလို့ ပြောတယ်"
ဘုရားသုံးဆူ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တဦးကတော့ ဓားစာခံတွေရဲ့ လုံခြုံမှုကို စိုးရိမ်လို့ ဒီကိစ္စကို ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ဘုရားသုံးဆူမှာ အခုလို ပြန်ပေးဆွဲတာ ဒီနှစ်ထဲမှာ (၂) ကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁၄) ရက် ချစ်သူများနေ့ကလည်း အခုလို လက်နက်ကိုင် ပြန်ပေးသမားတွေက သမီးရည်းစားအတွဲ နှစ်တွဲနဲ့ ကိုသိန်းဆိုသူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေတကျပ်သားနဲ့ ဘတ်ငွေ ၁ သောင်း တောင်းဆိုခဲ့ကြောင်း၊ အခုတခေါက်မှာတော့ တဦးကို ဘတ်ငွေ (၅) သိန်း တောင်းတဲ့အတွက် လူတွေစိုးရိမ်ထိတ်လန့်ပြီး အလုပ်အကိုင်တောင် မသွားရဲအောင် ဖြစ်နေကြောင်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။