MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 23, 2012

၆၈ မဂ္ဂဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်(၁၂)လုံး အမြန်ဆုံးရောက်ရှိမည် ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ ကြေညာ

အများပြည်သူများ လျှပ်စစ်မီးရရှိရေးအတွက် ဓာတ်အားပေးစက်များဖြင့် ဓာတ်အားဖြန့်ဖြူး
 ပေးသွားမည် ဖြစ်ကြောင်း ကိုအမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ  ကြေညာချက်ထုတ်ပြန်ခဲ့သည်။
နွေရာသီ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု  လျော့နည်းနေချိန်တွင် အများပြည်သူများအတွက်  လျှပ်စစ်ဓာတ်အား  ပြတ်တောက်မှုများ သည့် နေရာများတွင် သောက်သုံးရေ ရရှိရေးနှင့် ညဘက်မီး  ရရှိရေး တို့အတွက် လက်ရှိဓာတ်အား ထုတ်လုပ် ဖြန့်ဖြူး ပေး လျက်  ရှိသည့် ဓာတ်အားပေးစက်များ အပြင်
ဓာတ်အားပေး စက် အသစ်များ ထပ်မံဝယ်ယူ ဖြည့်တင်းပေး၍ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် 500 KV - ၄ လုံး - 2000 KVA ၊ 350 KVA ၁ လုံး- 350KVA ၊ 340KVA ၂ လုံး 700KVA ၊ 315 KVA ၁ လုံး - 315KVA ၊250KVA ၁ လုံး -250 KVA ၊ 150 KVA ၂ လုံး 300KVA ၊ စုစုပေါင်း ၁၁ လုံး 3895  KVA ဖြစ်ပြီး မန0x081တလေးမြို့တွင် 500 KVA -၄လုံး -2000 KVA ၊ 315 KVA ၁ လုံး 315 KVA ၊ 300KVA ၁ဝလုံး 3000 KVA ၊ 250KVA ၂ လုံး 500KVA ၊ 200KVA  ၂ လုံး 400KVA ၊ 100KVA ၁လုံး 100KVA ၊ စုစုပေါင်း  206315 KVA ဖြစ်ပြီး ပြည်မြို့တွင်  500KVA ၁လုံး 500KVA ၊ 100KVA ၂လုံး - 200KVA ၊ 20KVA ၁လုံး ၊ 15KVA ၁လုံး စုစုပေါင်း ၅ လုံး 735 KVA ဖြစ်ကာ မုံရွာမြို့တွင် လည်း 100KVA ၂ လုံး - 200KVA ဖြစ် သည်။

ထို့အပြင် အမေရိကန်နိုင်ငံ Caterpillar ကုမ္မဏီမှ ၂ မဂ္ဂဂါဝပ်ရှိ မီးစက် ၆ လုံးကိုလည်း လေယာဉ်ဖြင့်တင်ပို့ရန် စီစဉ်နေပြီး တစ်ပတ်အတွင်း မြန်မာပြည်ကိုရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ယင်းမီးစက်များရောက်ရှိလာပါက လျှပ်စစ် ဓာတ်အား လိုအပ်သောနေရာများသို့ ဆက်လက်ပေးပို့၍ ဓာတ်အားဖြန့်ဖြူးပေးသွားမည်ဖြစ်သည်။ ထပ်မံ၍ လည်း ဓာတ်အားပမာဏ ၁ မဂ္ဂဂါဝပ်ထွက်ရှိသော ဒီဇယ်ဓာတ်အားပေးစက် ၆ လုံးကိုလည်း စင်ကာပူနိုင်ငံမှ မှာယူ၍ တစ်ပတ်အတွင်း မြန်မာပြည် သို့ရောက်ရှိ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ General Electric(GE) ကုမ္မဏီမှလည်း ၂၅မဂ္ဂဂါဝပ်ထုတ်လုပ်နိုင်သော ဂက်(စ်)တာဘိုင် ၂ လုံးကိုလည်း ဝယ်ယူလျက်ရှိပြီး ၄င်းစက်၂လုံးမှာ အမြန်ရော က်ရှိလာ  မည်ဖြစ်သည်။

အရေးပေါ်အစီအစဉ်အရ အမြန်ဆုံးဆောင်ရွက်သည့် အနေဖြင့် စုစုပေါင်း မီးစက် (၁၂) လုံး ၊ ၆၈ မဂ္ဂဂါဝပ် အမြန်ဆုံးရောက်ရှိမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။




ရန်ကုန်တိုင်းမ်

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။