MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Sunday, May 27, 2012

လှိုင်သာယာ စက်မှုဇုန် (၆) တွင် ကမ်းပါးပြိုကျသောကြောင့် အလုပ်သမားတန်းလျားတစ်ခုနှင့် စားသောက်ဆိုင်တစ်ခုတို့ မြစ်အတွင်းသို့ ပြိုကျခဲ့ပြီး ကလေးတစ်ဦး ပျောက်ဆုံးနေ


ပြိုကျပျက်စီးသွားခဲ့သော ကမ်းပါးနှင့် အဆောက်အအုံများအား တွေ့ရစဉ်

လှိုင်သာယာ စက်မှုဇုန် (၆)ရှိ တိုးလွင်အောင်ကုမ္ပဏီနှင့် အဏ္ဏ၀ါလွှမ်း ကုမ္ပဏီပိုင်ဝင်းများအတွင်း မေလ ၂၇ ရက်နေ့က လှိုင်မြစ်ကမ်းပါး ပြိုကျမှုကြောင့် အဆောက်အအုံများပျက်စီးခဲ့ပြီး ငါးနှစ်ကျော် အရွယ် ကလေးငယ်တစ်ဦး ရေထဲ မျောပါသွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မေလ ၂၇ ရက်နေ့ နံနက် ၃ နာရီခွဲ ၀န်းကျင်ခန့်တွင် အဏ္ဏ၀ါလွှမ်းကုမ္ပဏီဝင်းအတွင်းမှ မြစ်ကမ်း ရုတ်တရက်ပြိုကျခဲ့ရာ အလုပ်သမား ၂၀
ခန့် နေထိုင်သော တန်းလျားတစ်ခုနှင့် စားသောက်ဆိုင်တစ်ခုတို့မှာ ရေထဲသို့ရောက်သွားခဲ့ပြီး ပေ ၁၈၀ x ၄၀ ခန့်ရှိ နှစ်ထပ်အဆောက်အဦတစ်ခု ပျက်စီးသွားခဲ့ကာ စားသောက်ဆိုင်တွင်နေထိုင်သော ငါးနှစ်ကျော် အရွယ်ရှိကလေးငယ်တစ်ဦးမှာ ရေထဲသို့ မျောပါသွားခဲ့သည်။ တိုးလွင်အောင် ကုမ္ပဏီဝင်းအတွင်းမှာလည်း အဆောက်အဦတစ်ခုဆောက်ရန် ရိုက်ထားပြီးသော ပိုင် ၃၈ ပိုင်နှင့် မရိုက်ရသေးသော ပိုင် ၂၅၂ ပိုင်ရေထဲသို့ ပါသွားခဲ့ပြီး ပေ ၄၀ ခန့်ရှိသော ကွန်ကရစ် မြေထိန်းကမ်းပါးတစ်ခုလည်း ပြိုကျသွားခဲ့ကြောင်း သိရသည်။

'' ကမ်းပါးက ရုတ်တရက် ပြိုကျသွားတာ။ အဲဒီအချိန်မှာ ကျွန်မက ကိုးလသားကလေးကို ပိုက်ပြီးထွက်ပြေးတာ။ ငါးနှစ်သား ကျွန်မသားလေးက အိပ်ပျော်ပြီး ကျန်ခဲ့တာအခုထိ ရှာလို့ မတွေ့သေးဘူး'' ဟုရေထဲ မျောပါသွားခဲ့သော ကလေး၏မိခင်က ပြောပါသည်။

''ကျွန်တော်တို့က စားသောက်ဆိုင်ထဲမှာနေတာ။ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက အက်ကြောင်းရာတွေတွေ့လို့ ပစ္စည်းတွေကို ရွှေ့ထားပြီးပြီ။ ကမ်းပါးပြိုတော့ အကုန်လုံး ထွက်ပြေးကြတာ ကမ်းပေါ်ရောက်ခါနီးကလေး အဒေါ်နဲ့ကလေးက ပြိုကျတဲ့ထဲကို ပါသွားတယ်။ ကလေးအဒေါ်ကိုတော့ ဆယ်လိုက်နိုင်ပေမယ့် ကလေးကတော့ အခုချိန်ထိ ရှာလို့ မရသေးဘူး''ဟု ကလေး၏ အဘိုးဖြစ်သူ ဦးဟန်သစ်က ပြောပါသည်။

အဆိုပါကမ်းပါးမှာ ပြီးခဲ့သည့် သုံးရက်ခန့်ကတည်းက အက်ကြောင်းရာများ ကြီးမားလာခဲ့ခြင်းဖြစ်ပြီး ကမ်းပါးပြိုကျမှုမှာ ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ကမ်းပါးပြိုကျမှုကြောင့် အဏ္ဏ၀ါလွှမ်း ကုမ္ပဏီဖက်မှ ကျပ်သိန်း ၄၀၀ ခန့် ဆုံးရှုံးခဲ့ပြီး တိုးလွင်အောင်ကုမ္ပဏီဖက်မှ ကျပ်သိန်း ၂၀၀၀ ကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ပျောက်ဆုံးသွားသော ကလေးငယ်မှာ လိုက်လံရှာဖွေနေဆဲဖြစ်ပြီး မေလ ၂၇ ရက်နေ့ ညနေအထိ မတွေ့ရသေးဟု သိရသည်။




News-Eleven

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။