MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Thursday, May 31, 2012

အန်ဂျလီနာဂျိုလီနဲ့ တင်စားခြင်း ခံရတဲ့ အပေါ် ချစ်သုဝေရဲ့ ပြောကြားမှု

ချစ်သုဝေရဲ့ “တိမ်တွေနေတဲ့အရပ်” ဗီစီဒီအခွေက အခုဆိုရင် ခွေ ၆၅ဝဝ ရောင်းကုန်သွားပြီ ဖြစ်ကြောင်း သိရပြီး ဘန်ကောက်ကို လှမ်းမှာပြီး အခွေ ထပ်ရိုက်ဖို့ စီစဉ်နေ ပြီဖြစ်ကြောင်း သိရပါတယ်။ သူမအခွေရဲ့အောင်မြင်မှု အတွက် ချစ်သုဝေ က အခွေ အစစ်ကိုသာ အားပေးကြတဲ့ ပရိသတ်ကို အထူးကျေးဇူးတင်ရှိပြီး သူမ ပင်ပန်းရ ကျိုးနပ်အောင် အားပေးတဲ့ အတွက် အားတွေ ပိုရှိလာကြောင်း ချစ်သုဝေက ပြောပါတယ်။ လတ်တလော မှာ ချစ်သုဝေက Laural Art Academy  ကဒါရိုက်တာ သီတာလင်း ရိုက်ကူးတဲ့ “စွန်ကလေးနဲ့ သူမရဲ့ ချစ်သူ” ဒီဗီဒီ ဇာတ်ကားကြီးကို မင်းမော်ကွန်းနဲ့ သရုပ်ဆောင်နေတဲ့ ချစ်သုဝေက ဇာတ်ကားထဲမှာ ပြင်ဆင်ရ တဲ့အပိုင်းနဲ့ ပတ်သက်ပြီး “ဒီဇာတ်ကားမှာက
အစ်မ ဆိုနေကျ ပုံစံ မဟုတ်တဲ့ ကိုစိုင်းထီးဆိုင် သီချင်း”ခွင့်မတောင်း ပေမယ့်ရပါတယ်” ။ အစ်မရဲ့ ဆိုပုံဆိုပေါက် စတိုင် မဟုတ်တော့ ကြိုတင် ပြင်ဆင်ထားရတယ်။ ငပေါကကွက်လေး တွေပါတော့ မဂွမ်းနဲ့ တိုင်ပင်ပြီး ကကွက်လေးတွေ လုပ်ရတယ်။ ကျန်တာကတော့ အဝတ်အစားပိုင်းနဲ့ ကာရိုက်တာကို အန်ဝင်အောင် လုပ်ရတယ်။ ရိုမန့်ဒရာမာလေး ဖြစ်တဲ့အတွက် ပရိသတ် ရင်ထဲလည်း ထိထိခိုက်ခိုက်လေး ဖြစ်အောင် ကိုယ်က မုဒ်ဝင်နေရမှာ ဆိုတော့ ဒီကားလေးက တော်တော် စိတ်ရော ကိုယ်ရောနှစ်ပြီး ရိုက်ထားတယ်။ ဒီနေ့ထိရိုက်ခဲ့တဲ့ ဇာတ်ရုပ်တိုင်း၊ အခန်းတိုင်းကိုတော့ အားရပါတယ်” လို့ ပြောပါတယ်။ ချစ်သုဝေက သူမရဲ့အခွေ ကိုရန်ကုန်မှာ ပရိုမိုးရှင်း မလုပ်ခဲ့ပေမယ့် ရန်ကုန် ပရိသတ်က တအား အားပေးကြတော့ ကျေးဇူးတုံ့ပြန့်တဲ့ အနေနဲ့ လင်းလင်းနဲ့စုံတွဲ အခွေထွက် ရင်တော့ အခွေဝယ်တဲ့ ပရိသတ် အတွက် Free Show ကြည့်လို့ရအောင် စိတ်ကူးထား ကြောင်း ပြောပါတယ်။ လင်းလင်းနဲ့ စုံတွဲခွေကို ဒီနှစ်ထဲမှာပဲ ထွက်နိုင်အောင် ကြိုးစားမှာဖြစ်ပြီး ရိုက်ကွင်း တွေ၊ ရှိုးပွဲတွေ မရှိတဲ့နေ့မှာ အသံသွင်း ဖြစ်ကြောင်း ပြောပါတယ်။ ချစ်သုဝေက မေလ၂၆ ရက် နေ့မှာ ပုသိမ်ကို သီချင်း သွားဆိုမှာဖြစ်ပြီး ပြင်ဦးလွင် သွားပြီး ပြေတီဦးနဲ့ ဗီဒီယို တစ်ကား ရိုက် ကူးဖို့ ရှိကြောင်းလည်းပြောပါတယ်။ နိုင်ငံခြား ခရီးစဉ်နဲ့ ပတ်သက်ပြီး ချစ်သုဝေက..
“နိုင်ငံခြား ခရီးစဉ်က သြဂုတ်လထဲမှာ မလေးရှားသွားမယ်။ အနောက်နိုင်ငံ ကတော့ သွားပြီဆိုမှပဲ သွားတယ်လို့ မှတ်လိုက်ပါ။ အစ်မ ဆုံးဖြတ်ချက်တွေက တအား ခိုင်မာတယ်။ အစ်မက မြန်မာအမျိုးသမီး တစ် ယောက်ဖြစ်တဲ့ အတွက် အုပ်ထိန်းသူပါမှ သွားတယ်။ အုပ်ထိန်းသူ မဟုတ်တောင် အဖော်ပါမှ ခရီးသွားတယ်။ မလေးရှားတို့ ဘာတို့ ဆိုရင် တစ်ယောက် အပိုလိုက် ခွင့်ပေးတယ်။ ငွေကြေးက ကိုယ့်ခေါ်တဲ့ လူအတွက် ကိုယ့်ဘာသာ ကိုယ်ပဲ တာဝန်ယူတာပါ။ ဟိုဘက်က ပွဲခေါ်တဲ့လူတွေရဲ့ စီစဉ်မှု အခက်အခဲကြောင့် အစ်မ ပွဲပျက်တာ ၃ခါ လောက်ရှိ ပြီ။ ဟိုဘက် အနောက်တိုင်းနိုင်ငံကSponsor Letter ပို့ဖို့ခက်တာ။ အဆင်မပြေဘူး ဖြစ်နေတယ်”လို့ နိုင်ငံခြား ခရီးစဉ် အကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံမြန်မာ ရွှေ့ပြောင်း လုပ်သားတွေရဲ့အကြောင်းကို အနုပညာဒါနနဲ့ ရိုက်ကူး ပေးခဲ့တဲ့ ချစ်သုဝေကို နိုင်ငံတကာ မီဒီယာ တချို့က ပညာရေး၊ လူမှုရေး၊ ဖွံ့ဖြိုးရေးမှာ စွမ်းစွမ်းတမံ ဆောင်ရွက် နေတဲ့ ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး အန်ဂျလီနာဂျိုလီနဲ့ တင်စားတဲ့အပေါ် ချစ်သုဝေ က”ဒါကတော့ အစ်မကလည်း အနုပညာ အလုပ်တွေ လုပ်နေရင်းနဲ့ လူမှုရေး အလုပ်တွေမှာ စွမ်းစွမ်းတမံ ပါဝင်နေတာ ဆိုတော့ သူတို့က ခိုင်းနှိုင်း လိုက်တဲ့သဘောပေါ့။ အစ် မတို့ကို အားပေး လိုက်တဲ့ သဘောပါ။ အဲဒီအတွက် အားရှိပါတယ်။ ဆက်ပြီးတော့ လူမှုရေး လုပ်ငန်းတွေမှာ အစ်မ တတ်နိုင်သလောက် လုပ်သွားပါဦးမယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ပေါ်ပြူလာမြန်မာ



No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။