MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Wednesday, May 9, 2012

စည်ပင်ဌာနက ပြန်သိမ်းတဲ့ အငှားယာဉ် စပေါ်ငွေ ပြန်မအမ်းပေးသေး

2012-05-08
ရန်ကုန်တိုင်း စည်ပင်သာယာဌာနကနေ ပုဂ္ဂလိကကို ငှားရမ်းထားတဲ့ အငှားယာဉ် တက္ကစီကားတွေကို ဌာနက ပြန်သိမ်းပြီးတဲ့နောက် မူလငှားရမ်းထားသူတွေကို စပေါ်ငွေ ပြန်မအမ်းပေးပဲ အဲဒီကားတွေကို ဝန်ထမ်းတချို့နဲ့ ပုဂ္ဂလိကတချို့ကို ပြန်လည် ငှားရမ်းလိုက်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စပေါ်တင်ပြီး ငှားထားတဲ့ကားတွေ အသိမ်းခံလိုက်ရတဲ့ အမျိုးသမီးတဦးက အခုလိုပြောပါတယ်။
" စည်ပင် တက္ကစီလေ၊ အဲဒီတက္ကစီတွေကို ကျွန်မတို့ကို ဒီနေ့ထက်ထိ စပေါ် ၁၀ သိန်းလည်း မအမ်းဘူး။ ကိုယ့်စရိတ်နဲ့ကို ပြင်ဆင်ထားတဲ့ စီအင်န်ဂျီဖိုးတွေလည်း မအမ်းသေးဘဲနဲ့ ကျွန်မတို့ကားတွေကို နံပတ်အနက်ပြောင်းပြီး နောက်လူပေးလိုက်တယ်"
အခုပြောတဲ့ အမျိုးသမီး အပါအဝင် စုစုပေါင်း လူ ၃၀ ကျော်က ကားတစီးကို စပေါ် ၁၀ သိန်းနဲ့
စည်ပင်သာယာဌာနကနေ ငှားပြီး မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာပါ။
အခုလို ကားပြန်သိမ်းပြီး စပေါ်ငွေပြန်မအမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကားငှားထားသူတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဗိုလ်မှူးဟောင်း မိုးအောင်ကျော်ကလည်း သူနောက်ဆုံးသိရှိထားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
" မြို့တော်စည်ပင်ကို ကျွန်တော်ကိုယ်တိုင်သွားပြီးတော့ နယ်စပ်ဌာနမှူးဆီမှာရော မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် (၃) ဆီမှာရော ကျွန်တော်သွားစုံစမ်းတဲ့ အခါကျတော့ သူတို့အကြောင်းပြန်တာကတော့ဗျာ၊ မြို့တော်ဝန်ကြီးရဲ့ အမိန့်အရ လုပ်တာလို့ ပြောပါတာပေါ့နော်။ အဲတာ အခုသိမ်းထားတာ တလကျော်သွားပြီဗျာ။ အဲဒီကားတွေကို နောက်လူကို ပေးလိုက်တယ်။ နောက်လူတွေလို့ ဆိုတဲ့နေရာမှာ ကျွန်တော်တို့ သုံးမျိုး သွားတွေ့တယ်ခင်ဗျ။ တမျိုးကကျတော့ လက်ရှိ စည်ပင်သာယာကို တခြားဌာနက ပြောင်းလာတဲ့ ဥပမာဗျာ၊ တပ်ကနေ ပြောင်းလာတဲ့ ဗိုလ်မှူးတယောက်၊ မြို့တော် စီးတီး အက်ဖ်အမ်ကို ရောက်တယ်ဆိုပါတော့ဗျာ၊ အဲဒီ ဗိုလ်မှူးမှာ ကားမရှိတဲ့ အတွက် ပြန်အပ်တဲ့ကားထဲက ကားတစ်စီးကို ဗိုလ်မှူးကို ပေးထားတယ်၊ နောက်တမျိုးကျတော့ ကြံ့ခိုင်ရေးပါတီကို ငှားထားတယ်ဗျ။ နောက်တပိုင်းကျတော့ တချို့ကားတွေ အခုထက်ထိ ဘယ်ကိုမှလည်း မငှားသေးဘူး။ အဲဒီဝင်းထဲမှာပဲ ရပ်ထားတာ ၄-၅-၁၀ စီး ရှိတယ်"
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ကားပြန်သိမ်းခံရသူတွေထဲက လူတချို့ကိုမေးကြည့်တဲ့အခါ သူတို့လည်း ဘာကြောင့် ကားပြန်သိမ်းလဲဆိုတာ မသိရသလို၊ စပေါ်တွေဘယ်လို ပြန်ရမလဲဆိုတာ သက်ဆိုင်ရာက ရှင်းရှင်းလင်းလင်း မပြောဘူးလို့ ဆိုပါတယ်။ ပြန်သိမ်းခံရတဲ့ကား စုစုပေါင်း ၃၂ စီး ရှိတယ်လို့ သိရပါတယ်။

RFA

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။