MTS ONLINE RADIO ထုတ်လွှင့်မှူ အစီစဉ်အား
ခေတ္တရပ်နားထားပါသည်။သို့ သော်လည်း အခြားသောအစီစဉ်များပုံမှန်အတိုင်း UP TO DATE ဖြစ်အောင်ကြိုးစားပေးလျှက်ရှိပါသည်။


*အဝေးရောက်မြန်မာနိုင်ငံသားများ
အတွက် ပြည်တွင်းပြည်ပ သတင်းများ ၊ကျန်းမာရေး နှင့် ဗဟုသုတရဖွယ်ရာ ဆောင်းပါး၊ ပညာပေး ၊ ကဗျာများ ကို www.myittarshin.com တွင် ဖတ်ရှူ နိုင်ပါသည်။*


"MTS Online Radio"

မေတ္တာရှင်ပရဟိတနှင့်၂၄နာရီအွန်လိုင်းရေဒီယို ဆိုက်ဒ်တွင် အလှူအတန်းတိုင်းအတွက် အများထံမှအလှူငွေ "လုံးဝ" ကောက်ခံခြင်းမရှိပါ။လစဉ်ကြေးနှစ်စဉ်ကြေးများလည်းမကောက်ခံပါ။အခြားသောပရဟိအဖွဲ့ အစည်းနှင့်(သို့မဟုတ်)နာမည်တူပရဟိအသင်း/အဖွဲ့ စည်းများနှင့်လည်းမသက်ဆိုင်ပါ။အသေးစိတ်သိရှိလိုလျှင် မူလစာမျက်နှာအောက်ဆုံးတွင် Slide Show ကိုသေချာဖတ်ရှုခြင်းဖြင့် နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။အရှင်းဆုံးနှင့်လူတိုင်းလွယ်ကူစွာသဘောပေါက်စေရန်ရေးသားဖော်ပြထားပါသည်။မှတ်ချက်...ယနေ့ခေတ်တွင်ပရဟိတ နာမည်ဟုခေါင်းစဉ်တပ်ပြီး စီးပွားရှာနေကြသောဆိုက်ဒ်ပေါင်းများစွာရှိနေကြသဖြင့် မိတ်ဆွေများ မှန်ကန်သောအလှူမျိုးကိုသာ မှန်ကန်စွာရွေးချယ်လှူဒါန်းနိုင်ကြစေရန် သတိပေးနှိုးဆော်လိုက်ရပါသည်။


မေတ္တာရှင်ပရဟိတနှင့်အွန်လိုင်းရေဒီယိုဆိုက်ဒ်တွင် အခကြေးငွေနှင့်ပတ်သတ်သည့် မည်သည့်ကြော်ငြာမှလက်မခံပါ။ကြော်ငြာလက်ခံမှုဖြင့်စီးပွားရှာသော ဆိုက်ဒ်မဟုတ်ပါသဖြင့် သက်ဆိုင်ရာဆိုက်ဒ်များသို့ သာဆက်သွယ်ကြပါ။ဤဆိုက်ဒ်တွင် ငွေကြေးနှင့်ပတ်သက်မည်သည့်ကိစ္စမှလက်မခံပါ။ကျေးဇူးတင်ပါသည်။

MTS Online Radio နားဆင်ရန် Radio Sever Link အသစ်မှာ http://173.255.137.7/MTS ဖြစ်ပါသည်။(ယခင် Old Sever Link ဖြစ်တဲ့ http://209.212.144.155/MTS အားအသုံးမပြုတော့ပါ)။ရေဒီယိုနားဆင်ရန် www.myittarshin.com and http://173.255.137.7/MTS တို့တွင်အဆင်ပြေမည့်လင့်ခ် တခုခုဖြင့်နားဆင်နိုင်ပါသည်။

Video Downloader Software

Web sites & youtube မှ Video များကို Download ယူရန်အခက်တွေ့ နေသူများအတွက်
>>>>>Download Here <<<<<

Monday, May 28, 2012

သံမဏိစက်ရုံအစာငတ်ခံဆန္ဒပြသူများမှ ဆေးရုံတင်ရသူ (၁)ဦးအပါအ၀င် လဲကျသူ(၃)ဦး အထိရှိလာ

မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ သံမဏိသံရည်ချိုစက်ရုံ အစားငတ်ခံဆန္ဒပြတောင်းဆိုသူများ ထဲမှ ကိုဇော်မင်းလတ်သည် မေလ ၂၇ ရက်နေ့တွင် လဲကျသွားရခဲ့ပြီး ယနေ့နံနက် ၈နာရီ ၃၀မိနစ်တွင် မှော်ဘီဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူနေရသည်။
မေလ (၂၀)ရက်နေ့မှ လုပ်ခလစာတိုးမြှင့်ရန် စတင်ဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ(၂၅)ရက် တွင် လူဦးရေ (၄၀)ခန့် အစာငတ်ခံဆန္ဒထုတ်ဖော်တောင်းဆိုကြရာ မေလ (၂၆) ရက်နေ့တွင် ကိုစိုးလင်းသည် အစာအိမ်ရောဂါနှင့် လဲကျသွားကြောင်း သိရှိရသည်။မေလ (၂၇)ရက်နေ့တွင် ကိုတင်မိုးဝင်းသည် အစားမစားရ၍ အားအင်ကုန်းခမ်းပြီးလဲကျသွားကြောင်း ကိုဇော်မင်းလတ်သည် အစာရောဂါရှိ၍
ဗိုက်အောင့်ကာ လဲကျသွားခဲ့ခြင်းဖြစ်သည်။
 
“ကျွန်တော်တို့က အစာအိမ်ရောဂါရှိတဲ့သူတွေကို အစာငတ်ခံဆန္ဒပြတဲ့ထဲမှာမပါပါရဘူးပြောပါတယ်၊ အဲဒါကိုဇော်မင်းလတ်က မပြောပဲဝင်သွားတာပါ၊ ညကသွေးဝန်းတွေသွားလို့ ဒီနေ့မနက် ၈နာရီခွဲမှာ မှော်ဘီဆေးရုံ တင်လိုက်ရပါတယ်” ဟု အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဇော်ထက်က ပြောသည်။
 
ဆန္ဒထုတ်ဖော်တောင်းဆိုသူများသည်အလုပ်သမား(၃၀၀)ကျော်ရှိပြီး၊ အဆိုပါအလုပ်သမားများသည် နေ့ကြေးကျပ်(၁၆၀)နှင့် ဆုကြေး(၁၀၀၀)ကျပ် ၀န်းကျင်ခန့် ရရှိနေကြကြောင်း ဆန္ဒ ထုတ်ဖော် အလုပ်သမားထံက သိရှိရသည်။
 
မီးပျက်၍ ကုန်ကြမ်းမရှိသောလများတွင် နေ့ကြေး (၁၆၀)နှင့် ရက်မှန်ကြေး(၃၀၀၀)စုစုပေါင်း ခုနှစ်ထောင်ခန့်ရရှိကြောင်း သိရှိရသည်။
 
“ကျွန်တော်တို့တောင်းဆိုတာကတော့ အခြေခံအလုပ်သမားတယောက်ကို တစ်ရက် တစ်ထောင့် ခြောက်ရာရဖို့   တောင်းဆိုတာပါ”ဟု    အလုပ်သမားခေါင်းဆောင်ကိုဇော်ထက်ကပြောသည်။
 
အဆိုပါ ဆန္ဒပြတောင်းဆိုအလုပ်သမားများထဲတွင် တစ်လလျှင် ဆုကြေးနှင့်နေ့ကြေးပေါင်းကာ တစ်သိန်းကျော် ရရှိ သူများလည်း  ပါဝင်ကြောင်း သိရှိရသည်။
 
“ကျွန်တော်ဆို တစ်နေ့ကို ဆုကြေးနှစ်ထောင့်နှစ်ရာရပါတယ်၊ မရတဲ့လူတွေအတွက် အစာငတ်ခံ ဆန္ဒပြတောင်းဆိုတာပါ အခြေခံအားဖြင့်တယောက်ကို ဆုကြေးတစ်ထောင့်ခြောက်ရာ ရစေချင် ပါတယ်”ဟု အစာငတ်ခံဆန္ဒပြတောင်းဆိုသူများထဲမှ ဥက္ကဌ ကိုနိုင်လင်းထွန်းကပြောသည်။
 
ဆန္ဒထုတ်ဖော်တောင်းဆိုသည့် ဒုတိယရက် မေလ (၂၁)ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းရှိန်လာရောက်ဖြေရှင်းပေးပြီး မေလ (၂၂)ရက်နေ့တွင် အလုပ်သမား ၀န်ကြီးမှ ညွှန်ကြားရေးမှူးချုပ် ဦးစောနိုင် က လာရောက်ညှိနှိုင်းပေးခဲ့သော်လဲ လုပ်ခလစာတိုးမြှင့်ရေး အတွက် ပြေလည်မှုမရရှိကြောင်း အစာငတ်ခံ ဆန္ဒထုတ်ဖော် အလုပ်သမား ဥက္ကဌ ကိုနိုင်လင်းထွန်းက ပြောသည်။


ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup on 28 May, 2012

No comments:

Post a Comment

တင်ပြီးသော ပို့ စ်များကို အောက်တွင် Click နှိပ်ပြီးဖတ်ရှုနိုင်ပါသည်။